သက်ဆုံးတိုင် ချစ်မယ်ဆို . . .

ko noNovember 30, 20101min640

 “Love is not only something you feel. It’s something you do.” ဆိုတဲ့ စာတမ်းလေးကို ကြိုက်လွန်းလို့ မှတ်စုစာအုပ်ရဲ့ စာမျက်နှာ တစ်ခုမှာ မှတ်ထား လိုက်မိတယ်။ ဘယ်စာ အုပ်ထဲကနေ ဖတ်မိပြီး ရေး လိုက်မိသလဲဆိုတာ စဉ်းစားလိုက် တယ်။ အချိန်က ကြာပြီဆိုတော့ မှတ် ဉာဏ်တွေကို ပြန်ခေါ်လို့ မရတော့ပါဘူး။ သူ့ရဲ့ အဓိပ္ပာယ်ကတော့ `အချစ်ဟာ ခံစားမှုတစ်ခုတည်း မဟုတ်၊ သင့်ပြုမူ လုပ်ဆောင်မှုများ ပါဝင်သည်’ တဲ့လေ။ လူတစ်ဦးနဲ့ တစ်ဦး ချစ်ကြတဲ့အခါမှာ ပထမဆုံး အချစ်ဆိုတဲ့ စိတ်ရဲ့စေရာ ခံစားမှုက အရင်ဆုံး ဖြစ်ပေါ်ခံစား လာခဲ့တာပါ။ အဲဒီအချစ်တွေ သက်ဆုံးတိုင် ရေရှည် တည်တံ့နိုင်ဖို့ကတော့ ဘဝအတွက် ကြိုးစား ရုန်းကန်လှုပ်ရှားနေတဲ့ အချိန်တွေထဲကမှ တူနှစ်ကိုယ် အချစ်တွေ တိုးစေမယ့် အပြုအမူလေးတွေကို ပြုမူလုပ်ဆောင် တတ်ဖို့ပါပဲ။ ရုပ်ပိုင်းဆိုင် ရာတွေတိုးတက် လာကြတဲ့ခေတ်ကြီးထဲမှာ စိတ်ပိုင်းဆိုင်ရာတွေ နိမ့်ကျမသွားစေဖို့ကိုလည်း ချစ်သူနှစ်ဦး သိရှိနားလည်ထားရမှာ ဖြစ်ပါတယ်။ အခုမြင်၊ အခု ကြိုက်၊ အခုယူ နောက်တစ်နေ့ ကွဲကြ ပြီဆိုတဲ့ သစ္စာတရားမရှိ၊ ချစ်ခြင်း တရားမရှိတဲ့ ခံယူချက်၊ ယူဆချက် တွေကို တွန်းလှန်ရင်း ကိုယ့်ချစ်သူနဲ့ အတူသာယာတဲ့ “Happy Family” အဖြစ် ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်စေဖို့ အခုဖော်ပြထားတဲ့အချစ်တွေ တိုးစေမယ့် အပြုအမူ လေးတွေကို လုပ်ဆောင်ကြည့်ပါလို့ ရေးသား တိုက်တွန်းလိုက်ပါရစေ။ သောကြာနေ့လို ညမျိုးမှာ အချိန်နည်းနည်း လောက်ယူပြီး နှစ်ဦးသား အပြင်ထွက် တာမျိုး၊ ပါတီပွဲ သွားတာမျိုးတွေ လုပ်ဖို့သတိတရ ရှိရပါမယ်။ ပါတီပွဲက ဆူညံသံတွေကို တချို့က မခံနိုင်ဘူးဆိုရင်တော့ နှစ်သက်မယ့်ဆိုင် တစ်ဆိုင်ကိုသွားပြီး ကော်ဖီ၊ အအေး သောက်၊ စကားစမြည်ပြောပြီး သောကကင်းကင်းနဲ့ တစ်ယောက်လက် တစ်ယောက်ချိတ်လို့ အိမ်ပြန်သင့်ပါတယ်။ အလုပ်တာဝန် ဝတ္တရားတွေနဲ့ မအားလပ် ကြတာမှန်ပေမဲ့ ဇနီးမောင်နှံတွေ အတွက် အားလပ်ရက် ဆိုတာလည်း ရှိရပါမယ်။ ကြင်စဦးတုန်းက ဟန်းနီးမွန်း ထွက်လေ့ရှိကြပေမဲ့ အိမ်ထောင်သက် ကြာလာတဲ့ အခါမှာ နှစ်ကိုယ်တည်း ခရီး ထွက်ဖို့ကို မေ့လာကြတယ်။ ဒါကြောင့် သုံး၊ လေး၊ ငါးရက်လောက် အချိန်ယူပြီး မသွားဖူးသေး တဲ့နေရာ တစ်ခုခုကို အလည်အပတ်သွား တာမျိုးလုပ် သင့်ပါတယ်။ အလုပ်ကိစ္စတွေ ခေါင်းထဲက ထုတ်ထားပြီး ရှုခင်းလှလှ လေးတွေကို နှစ်ဦးသား ခံစားကြည့်ရှုကာ ဒေသထွက်အစား အစာတွေကို စားသောက်ရင်း အားလပ်ရက်ကို ပျော်ရွှင်စွာ ကုန်ဆုံးစေရပါမယ်။ ဒီလို ခရီးရက်တို ထွက်ပေးခြင်း ကလည်း ချစ်သူနှစ်ဦးရဲ့ အချစ်တွေကို နုပျိုလန်း ဆန်းစေမှာ အမှန်ပါပဲ။ မကြာခဏ ဆိုသလို နှစ်ယောက်သား လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ အတူတူ ပြေးတာမျိုး၊ စက်ဘီး စီးတာမျိုး၊ ရေကူးတာ မျိုးတွေကလည်း ရင်ခုန်သံတွေကို ပြန်လည် နွေးထွေး စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာမျိုး မဟုတ်ပေမဲ့လည်း တစ်ခါတလေ တင်းနစ်ကစားခြင်း၊ ဘက်မင်တန်ကစားခြင်း၊ ရိုလာကိုစတာ စီးခြင်း၊ ပန်းကန်ပြားပစ်ခြင်း၊ တောင်တက်ခြင်း စတာတွေလည်း ပြုလုပ်ပေး သင့်ပါတယ်။ ဒီလိုမျိုးတစ်ပတ် သုံးကြိမ် လေ့ကျင့်ခန်း လုပ်ပေး ခြင်းကလည်း ချစ်ခြင်း တရားတွေကို တိုးပွားစေပြီး အိမ်ထောင် ရေးကို ခိုင်မာစေပါတယ်။ လုပ်ငန်းခွင်ရဲ့ အလုပ် တာဝန် ဝတ္တရားတွေ၊ အိမ်ရဲ့ အိမ်မှုတာဝန် ဝတ္တရား တွေကြောင့် စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီအခါ နှစ်ဦးသား Massage သွားတာမျိုး၊ လုပ်ပေးသင့်ပါတယ်။ Spa Session, Foot Massage, Aromatherapy (ရနံ့ ကုထုံး) စတာတွေကို သွားပေးခြင်းကလည်း အချစ်တွေကို ပိုမိုတောက်ပ လာစေပါတယ်။ ထိုကဲ့သို့ လုပ်ပေး ခြင်းက ကိုယ်ရောစိတ်ပါ အပန်းပြေ စေရုံသာမက အခုမှ စတွေ့၊ စချစ် ကြတဲ့ ချစ်သူတွေလို ခံစားမှုတွေ ခံစားဖြစ်ပေါ်စေပါတယ်။ အချစ်တွေ ရှင်သန်စေနိုင်မယ့် နောက်တစ်နည်းကတော့ တစ်ဦးနဲ့ တစ်ဦး အချိန်အတန် ကြာ ခွဲနေခြင်းပါပဲ။ `နီး တကျက်ကျက်၊ ဝေးတသက်သက်’ ဆိုသလိုပေါ့။ တစ်ပတ်လောက် နှစ်ယောက်သား မတွေ့ကြဘဲ ခွဲနေကြရပါမယ်။ ကိုယ့်အလုပ် ကိုယ်လုပ်၊ သူ့ အလုပ်သူလုပ်ပြီး အချိန်တွေကို ကုန်စေသလို သူငယ်ချင်း၊ ဆွေမျိုးတွေဆီ သွားတာမျိုးနဲ့ လည်း တစ်ယောက်တည်း အချိန်တွေကို ကုန်လွန်စေလိုက်ပါ။ တစ်ယောက်တည်း ရှိနေ ချိန်တွေမှာ သူ့ကို တမ်းတမိ မှာတော့ အမှန်ပါ။ ပြန်တွေ့ဆုံကြ ချိန်မှာတော့ ခါတိုင်းနဲ့မတူတဲ့ ချစ်ခြင်းတရား တွေဟာ ရင်ထဲမှာ ပြည့်နှက်နေမှာ အသေအချာပါ။ ကမ္ဘာမြေကြီးမှာ စူးစမ်း ရှာဖွေ စရာတွေက အပြည့်ပါပဲ။ အဲဒါတွေကို နှစ်ဦးသား အတူ တကွ ရှာဖွေကြည့်ပါလား။ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ကမ္ဘာမြေ ကြီးရဲ့ တစ်ထောင့် တစ်နေရာမှာရှိနေတဲ့ နေရာ ဒေသတစ်ခုကို အရောက်သွားပြီး သူတို့ယဉ်ကျေး မှုတွေ၊ ဘာသာစကားတွေ၊ အကတွေ၊ ရိုးရာတူရိယာ အတီးအမှုတ်တွေ၊ ပန်းချီအနု ပညာတွေကို လေ့လာသင့်ပါတယ်။ သူတို့ဆီမှာရှိတဲ့ ယဉ်ကျေးမှုနဲ့ ကိုယ့်နိုင်ငံ ယဉ်ကျေးမှုတွေရဲ့ ကွာခြား ချက်တွေကို နှစ်ဦးသား နှီးနှောပြောဆို ဆွေးနွေးရပါမယ်။ တကယ်လို့များ သင့်အနေနဲ့ အဲဒီလို နေရာမျိုးတွေကို သွားရောက်နိုင်ဖို့ အလှမ်းဝေး နေရင်တော့ ကမ္ဘာ့နိုင်ငံတွေရဲ့ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဖတ်ပြီး နှစ်ဦးသား နှီးနှောပြောဆိုသင့်ပါတယ်။ ဒီလိုမျိုး တစ်နှစ်ကို တစ်နိုင်ငံလောက် သွားရောက်လေ့လာရ ပါမယ်။ ဘဝဆိုတာ တိုတောင်း တဲ့အတွက် အလုပ်တွေ ချည်းပဲ လုပ်မနေပါနဲ့။ အချင်းချင်း မထိတထိ ရန်စတာမျိုး၊ မကျေနပ်မှုတွေကို မကြာခဏ ပြုလုပ်ပေးခြင်း ကလည်း အချစ်တွေကို တိုးစေပါတယ်။ သူ့ကို ရန်လိုတာမဟုတ်၊ ကျီစယ် ရန်စနေတယ် ဆိုတာ ကိုတော့ သိစေသင့်ပါတယ်။ နာရီဝက်ထက်လည်း မကျော်သင့်ပါဘူး။ အဲဒီလိုမှမဟုတ်ရင် ရန်ပွဲကို အစပျိုးသလို ဖြစ်သွားပါလိမ့်မယ်။ ဘယ်သူမှ စကားများ ရန်ဖြစ်တာကို ပျော်စရာ တစ်ခုအနေနဲ့ မယူဆကြပေမဲ့ သင်တို့အတွက် တော့ ချစ်စကို ရှည်စေပါတယ်။ ရန်ဖြစ်ပြီး ပြန်ချစ်ဆိုသလိုပါပဲ။ သင်တို့ရဲ့ ချစ်ခြင်းတရား တွေကို ခိုင်မာလာစေမယ် ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။ လူတိုင်းကတော့ အပြစ်ရှိခဲ့ရင် တစ်ဦးကို တစ်ဦး တောင်းပန်ရမှာကို အလွန် ခက်ခဲလေ့ ရှိတတ်ကြပေမဲ့ ချစ်သူနှစ်ဦး အနေနဲ့ကတော့ တစ်ဦးကိုတစ်ဦး နှိမ့်ချတောင်းပန်ခြင်းက စိတ်အဖု အထစ်လေးတွေကို ပြေစေပါတယ်။ ပြဿနာကို ပုံကြီးချဲ့ဇီဇာကြောင်တာမျိုး၊ တဗျစ် တောက်တောက် ပြောတာမျိုးတွေ မလုပ်မိစေဖို့နဲ့ Over-Explain (ထပ်ကာထပ်ကာ တောင်းပန်ရှင်းပြ)တာမျိုးလည်း မလုပ်မိစေပါနဲ့။ အပြစ်တင်တာ မျိုးမဟုတ်ဘဲ နှလုံးသားအရင်း ခံအတိုင်း တစ်ဦးကို တစ်ဦး ဝန်ချတောင်းပန်ပြီး အနမ်းတစ်ပွင့် လက်ဆောင် ပေးလိုက်ပါ။ အချစ်ခွန် အားတွေ တိုးစေမှာ အမှန်ပါပဲ။ တစ်ဦးကိုတစ်ဦး ထိခိုက်နစ်နာ စေမယ့် အပြုအမူ၊ ထိခိုက်နစ်နာ စေမယ့် စကားမျိုးကို ဘယ်ဇနီးမောင်နှံမှ မလိုလားကြပါဘူး။ ဒါကြောင့် တစ်ဦးကိုတစ်ဦး ကြင်နာစေမယ့် စကားမျိုး၊ သတိတရဖြစ်စေမယ့် အကြောင်းအရာ တွေကိုလည်း မကြာခဏပြောပေးရ ပါမယ်။ နှုတ်ကထွက်ဖို့ ရှက်နေရင်တော့ အီးမေးလ်ပို့ ပေးတာမျိုး၊ စာရေးပေးတာမျိုး တွေ လုပ်ပေးရပါမယ်။ သူ ဂရုမစိုက်မိတဲ့ အတွင်းရေးကိစ္စတချို့ကို ပြောပြတာမျိုး၊ သူနဲ့စတင်တွေ့ဆုံဖြစ်ပုံတွေကို ပြောပြတာမျိုး တွေကလည်း ချစ်ခြင်း တရားတွေ ခိုင်မြဲနေဖို့ လိုအပ်တဲ့ အချက်တွေထဲက တစ်ချက်ပဲဆိုတာ သိရပါမယ်။ ချစ်သူဘဝမှသည် အိမ်ထောင်ရှင် တိုင်အောင် သက်ဆုံးတိုင် ချစ်ခြင်းတရားများဖြင့် ခံစားနားလည် နိုင်မည်ဆိုလျှင် တိုတောင်းလှ သည့်ဘဝကြီးမှာ နေပျော်စရာပင် ဖြစ်ပေ တော့သည်။