မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ အပိုင်း ၂

Yin Nyine NwayNovember 30, 20101min765

မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ အပိုင်း ၂

မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
ဖြေ ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ ဂစ်လို ့အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်
ဆက်ဖတ်ကြည့်ရအောင်

မေး ။ email ပို ့နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်
အကောင်းဆုံးပါလဲ
ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါ
ဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ

မေး ။ ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ်
ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်
၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ်
အကုန်ဖြုတ်ပါ။
၃။ ပြီးရင်တော့ဆပ်ပြာမှုန် ့များများနဲ ့ဖျော်ထားတဲ့
ဇလုံထဲကိုထည့်ပြီး Decogenနဲ ့တစ်ညစိမ်ပါ
၄ ။ နောက်တစ်နေ ့ကျပြန်ဆေးကြောပြီးနေပူပူမှာ
လှမ်းပါ။
၅ ။ ခြောက်သွေ ့သွားသောအခါပစ္စည်းများကိုနေရာတကျ
ပြန်တတ်ပါ
၆ ။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော်
ရွှင်ဖွယ်တွေ ့ရပါလိမ် ့မည်။
ရ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မဝင်အောင်
နေပူထဲထားကာအသုံးပြုပါဟု

ဆရာကြီး kyawcross ခေါ်မောင်ဇူလူးဟုအမည်ရသောအာဖရိကမှဆရာ့ဆရာကြီးက
မိန် ့ကြားသွားပါသည်

မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ
မေး ။ သမီးကွန်ပျူတာအရမ်းလေးနေလို ့ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။
ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထား
လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်

မေး ။ကျွှန်တော်တို ့ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့
မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ upsနဲ ့ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။
ချက်ချင်းပိတ်သွားရစေမယ်

မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို ့လိုက်ပါ

မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ
window မှာပြသနာရှိလို ့လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ
ထိုးပေးပါ ။ ကဲဆက်ဖြေမယ်နော်

မေး။အင်တာနက်သုံးဖို ့ဘာလိုအပ်ပါသလဲရှင်
ဖြေ။ ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား

မေး။သမီးပို ့လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။

မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို ့ရှိရင်ဗိုင်းရပ်စ်
ပါလို ့ပေါ့ကွယ်

5 comments

  • ဆူး

    November 30, 2010 at 11:52 am

    လိုရင်း တိုရှင်း ခေါင်းစဉ်လေး ဖြစ်ရင် ဖတ်လို့ ပိုကောင်းမလား လို့..

    • kai

      December 1, 2010 at 6:07 pm

      Report:
      Copyrights Infringements (With Proof Link)(သူတပါးစာမူ – http://www.komyat.com မှပို့စ်ဖြစ်ပါသည်
      မူရင်းဆိုက်ပို်င်ရှင် နာမည်ထဲ့ပေးသင်ပါတယ်

  • zawana

    November 30, 2010 at 2:52 pm

    2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 30, 2010 at 3:09 pm

    အရှည်ဆုံး Title စံချိန်တင်နေတာတော့ ဟုတ်ပါဘူးနော် 🙂
    ကောင်းလိုက်တဲ့ ဖြေဆိုချက်
    ဗိုင်းရပ်ဝင်ရင် ဆပ်ပြာမှုန် ့နဲ ့ဆေးယုံတင် မလုံလောက်ဘူးခင်ဗျ
    ဗိုင်းရပ်စ်ပိုးတွေဟာ ဆပ်ပြာရေမှာ အသက်ရှင်နိုင်ပါတယ်
    ဓာတ်သဘောအရ အဖျက်ဝင်တာပါ ဂြိုလ်သက် နေ ့နာမ် တွက်ချက်ပြီး ဆေးဖရောင်းတိုင်ထွန်းရပါတယ်
    ဒါမှ မပျောက်ရင်
    တစ်စစီဖြုတ်ပြီး တန်သုံးရာ လမ်းကြိတ်စက်နဲ ့ရှစ်ဆယ့်ခြောက်ပြန် ကြိတ်မှသာ ပျောက်ကင်းမည် ဖြစ်ပါကြောင်း။

  • moethidasoe

    December 1, 2010 at 5:29 am

    ဆရာကြီး အီကြာကွေးကို သတိရလိုက်တာ .. (စာပေါလောက) လေ .. တကယ်ကောင်းလို့ တင်စားတာနော် .. ရိတာ မဟုတ်ဘူး .. ဘဝအမောတွေ ပြေလို့ပါ ..

Leave a Reply