အာပလာတွေဆို Delete လုပ်ပစ်လိုက်

Good IdeaNovember 30, 20101min1759

ဒီနေ့ ကျနော့်ဆီကို အောက်မှာဖော်ပြထားတဲံ ခြိမ်းခြောက်စာလိုလို၊ ဗေဒင်ဟောသလိုလို စာမျိုးရောက်လာတယ်။

“မနက်ဖန်က အချစ်အတွက် နေ့ရက်လေးပါ အကယ်၍များဒီ စာကို လက်ခံရရှိတယ်ဆိုရင် သင့်မှာ သင့်ကို ချစ်တဲ့သူတယောက် ရှိနေလို့ဘဲ။ ၁၅ မိနစ် အတွင်းမှာ အယောက်၂ဝ ကို ကူးယူပြီး ပို့လိုက်ပါ။ သင့်ဘဝရဲ့ အကောင်းဆုံးနေ့ရက်က မနက်ဖန်ဖြစ်လာမှာပါ။ သင့်ကို ချစ်တဲ့သူရဲ့ ချစ်ခြင်းကိုလည်း ဆထက် တပိုးခံစားရမှာ ဖြစ်ပါတယ်။ သူဟာသင့်ကို ဘယ်သူနဲ့မှ မတူတဲ့ချစ်ခြင်း၊ မေတ္တာတွေကို ပေးဝေပါလိမ့်မယ်။ အကယ်၍များ မဝေဌဘူး၊ ဆက်လက် မပို့ဘူးဆိုရင်တော့ အမုန်းတွေ အများကြီး ရောက်လာလိမ့်မယ်။ ဒါကြောင့် ကူးယူပြီး ဝေဌလိုက်ပါ”

ရောက်လာတာ ၁ ခါလည်း မဟုတ်။ ၂ ခါလည်း မဟုတ်။ ၄ ခါလောက်ဖြစ်လာတော့ ကျနော် အမြင်ကပ်လာတယ်။ စိတ်ရှုပ်လာတယ်။ ပထမဆုံး စရောက်လာတာက ပြည်တွင်းက အစ်မလိုခင်နေတဲ့ သူတယောက်က ပို့ပေးတာပါ။ ဂျီတော့ခ်ထဲမှာပါပဲ။

ကျနော်ဖတ်ကြည့်လိုက်တယ်။

ဒီစာကို လက်ခံရရှိရင်ပဲ ချစ်သူတယောက် ရှိနေလို့ဆိုပဲ။ အဲဒီကတည်းက ကျနော် ဘဝင်မကျတော့ဘူး။
တကယ်လို့များ ဦးဇင်းတပါးဆီ ကျနော်ဆက်ဖြန့်လိုက်ရင် သူ့မှာရော ချစ်သူရှိသွားသတဲ့လား။ သူက မဖြန့်ဘဲနေရင် သူ့ချစ်သူက မုန်းသွားမတဲ့လား။ လုံးဝကို အဓိပ္ပါယ်မရှိတာပါ။

ကျနော့်မှာကတော့ ချစ်သူတင်မဟုတ်ဘူး ချစ်လို့ယူထားတဲ့ မိန်းမရှိတယ်။ စာဖတ်ကြည့်ပြီး ကျနော် ဆက်မဖြန့်ဘူး။ Delete လုပ်ပစ်လိုက်တယ်။ စာကတော့ ချစ်သူမုန်းမယ်ဆိုပဲ။ နောက်ထပ် ၁ နာရီလောက်ကြာလို့ နေ့လည် အိမ်ကို ထမင်းစားပြန်တော့ ကျနော့်ချစ်သူ မိန်းမက မမုန်းတဲ့အပြင် အာဘွားတောင် ပေးလိုက်သေးတယ်။ ကဲ မှတ်ကရော။

ကျနော်ပြောချင်တာက ဘယ်သူက၊ ဘာရည်ရွယ်ချက်နဲ့ ရေးပြီး လွှတ်လိုက်မှန်းမသိတဲ့ စာလေးတစောင်က ပြောတာကို အလွယ်တကူ ယုံကြည်ပြီး လိုက်လုပ်နေကြတာကို စဉ်းစားကြဖို့ ပြောချင်တာပါ။ ခြိမ်းခြောက်တိုင်းလည်း မကြောက်သင့်ပါဘူး။

လွယ်လွယ် မယုံပါနဲ့။ စဉ်းစားချင့်ချိန်ပြီးမှ ယုံပါ။ မဟုတ်တာ မမှန်တာ မလုပ်ရင် မကြောက်ပါနဲ့။ မဟုတ်တာ၊ မမှန်တာ လုပ်ရမှာကိုပဲ ကြောက်ပါ။ အဓိကက ဒါပါပဲ။

ကိုယ်နဲ့ ကိုယ့်ချစ်သူ အပြန်အလှန် သစ္စာရှိ၊ ကြင်နာ ယုယ၊ နားလည်မှု ရှိရင် အဆင်ပြေနေမှာပါ။ ချစ်သူကို ချစ်အောင်လုပ်ရင် ချစ်မှာပါပဲ။ မုန်းအောင်လုပ်ရင် မုန်းမှာပါပဲ။ ကိုယ့်လုပ်ရပ် အပေါ် မူတည်ပါတယ်။
(ချစ်အောင်နေသော်လည်း နောက်တယောက်ရှာသွားတဲ့ အသည်းကွဲဇာတ်လမ်းများကတော့ ချွင်းချက်ပေါ့)

ကျနော်သာ ဒီစာကိုရေးလွှတ်လိုက်တဲ့လူဆိုရင်

တော့ လူတွေဟိုပို့ ဒီပို့နဲ့ အင်တာနက်ပေါ်ပျံ့နေတာကိုကြည့်ပြီး ငါအတည်ပေါက်နဲ့ နောက်လိုက်တာကို တကယ်ယုံကြတယ်ဟေ့ဆိုပြီး ထိုင်ရယ်နေမှာပါ။

အဲတော့ နောက်များမှာ ဒီလိုမျိုး စာမျိုးရောက်လာခဲ့ရင် တနည်းအားဖြင့် ကိုယ့်ရဲ့ အသိဉာဏ်၊ ဆင်ခြင်တုံတရား အပေါ် အကဲစမ်းလာရင် Delete သာ လုပ်ပစ်လိုက်ပါဗျာ။ ကျနော်ခုလို ပြောရတာဟာလည်း သူငယ်ချင်း မိတ်ဆွေတွေကို သတိတရားလေး ထားစေချင်လို့ပါ။ နားလည်မယ် ထင်ပါတယ်နော်…။

အားလုံးကို လေးစားလျှက်…

Good Idea

9 comments

  • mG

    November 30, 2010 at 4:51 pm

    ဟုတ်တယ်ဗျ။အဲ့လိုစာမျိုးတွေ ကျွန်တော့ဆီကိုလည်း ပို့ပေးထားတာတွေလည်းမနည်းဘူးဗျ။Mail ထဲကိုရေ။Gtalk ကနေရောပဲ ရှုတ်နေတာပဲဗျာ။ကျွန်တော်ကတော့ ဘယ်သူ့ကိုမှပြန်ပို့လေ့မရှိဘူး။ဒီလိုစာမျိုးကိုလည်း သတိပေးသော
    အခြေအနေဖြစ် တင်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။

  • koyinmaung

    November 30, 2010 at 9:57 pm

    တို့ငယ်ငယ်ကရှမ်းဘုန်းကြီးအိမ်မက်ဆိုတဲ့စာမျိုးလိုပေါ့ ကိုယ့်ဆီစာတစောင်ရောက်လါယင်ကိုယ်ကအစောင်(၂၀)ပြန်ဝေရမယ် ဝေယင်ဘယ်လိုအကျိုးခံစားရမယ် မဝေယင်ဘယ်လိုအသေဆိုးနဲ့သေမယ် ဆိုပြီးရေးထားတာ တချိန်ကဒါမျိုးခေတ်စားခဲ့ဘူးသေးတယ်… ခတ်ကြောင်ကြောင်စာတွေပါ တို့တုန်းကလဲရောက်လါယင်ခြေပြီးလွှတ်ပစ်လိုက်တယ်

  • kai

    November 30, 2010 at 10:07 pm

    ဒါမျိုးတွေကို မားကက်တင်းကုမဏီတွေက .. လူတွေရဲ့ အီးမေးလ်လိပ်စာတွေ .. လိုချင်လို့လုပ်ကြတာများပါတယ်..။
    အခုတော့ .. ဆိုရှယ်နက်ဝပ်..အင်တာနက်ဝက်ဘ်ဆိုက်.. ဘာညာတွေ အလကားပေးတယ်ဆိုပြီး .. အချင်းချင်းမိတ်ဆက်ခိုင်း.. invite လုပ်ခိုင်းနဲ့ အီးမေးလ်လိပ်စာ ဆွဲချတာအဆင်ပြေသမို့..နည်းသွားတာပေါ့..။ ကျုပ်တော့ ..အဲဒါမျိုး invite တွေလည်း .. Delete လုပ်တယ်..။ 🙂

    အခုက အီးမေးနဲ့ ပို ့ယုံ တော်သေးတာပေါ့..။
    ရှေးကများဆို ..မြန်မာပြည်ထဲ .. လယ်တီတို့..။ ဝေဘူတို့ ဆရာတော်ကြီးတွေနာမယ်သုံးပြီး အဲလိုစာကို စာတိုက်ကပို ့လာတာ..။
    ကော်မီယာမရှိတဲ့ခေတ်မို ့.. လက်ရေးနဲ့ကူးရေးရတာ..။ တံဆိပ်ခေါင်းကပ် ပြန်ပို ့ရတာလေ.။

  • ဆူး

    December 1, 2010 at 2:42 am

    မေးထဲမှာလည်း မနဲ မနော.. တခါတလေ ပိုက်ဆံ မှာတောင် ပါသေးတယ် ထိုကဲ့သို့ ၁၅ရွက်ရေးပြီး အသုံးပြုပါတဲ့.. ကိုယ်က မယုံပေမဲ့.. တခါတလေ တရွက်ချင်းသုံးတဲ့ စီမှာ စိတ်နုတဲ့ လူတွေ လက်ထဲ ရောက်သွားရင် ဒီပိုက်ဆံ အတွက် စိတ်ညစ်နေရမယ်လေ.. ဒီတော့ စုထားပြီး အများနဲ့ ညှပ်ပေးလိုက်တယ်။

  • unclegyi1974

    December 1, 2010 at 4:09 pm

    အဓိက ကဝေဖန်ပိုင်းခြားနိုင်စွမ်းနဲတယ်လို့ဘဲ
    ပြောရမယ်နဲ့တူတယ်
    စာဖတ်နဲတာလဲပါမှာပေါ့လေ

  • etone

    December 2, 2010 at 6:22 am

    အဲ့ဒါတင်မကဘူး အွန်လိုင်းက ဖရီး ဗေဒင်တွေဘာတွေဝင်ဖတ်မိလို့ကတော့ အတင်းပဲ ယတြာပို့မယ်လုပ်တယ် ပိုက်ဆံတောင်းတယ် ။ မပေးရင် 48နာရီအတွင်းပဲ ကိုယ်က ဖုတ်ခနဲသေတော့မလို ကံဆိုးတွေပဲ တသီးကြီးကျတော့မလိုနဲ့ … စာတွေရေးတယ် …။ စိတ်ရှုပ်လာတော့ spam လုပ်လိုက်တယ် …။ ဖတ်မိမိချင်းတော့ စိတ်တိုတာပေါ့ ။ ဘာတွေလာရေးနေလဲလို့.. … အခုထက်ထိ လည်း spam ထဲမှာရောက်နေတုန်းပဲ ။

  • kopauk mandalay

    December 2, 2010 at 11:54 am

    ကျနော်ထဲတော့ အဲဒီစာမျုးိမရောက်ဘူးသေးဘူး။
    ရောက်လို့ကတော့ ပို့တဲ့ကောင် အဆဲခံရပြီသာမှတ်ပေတော့။
    အလကား အပိုအလုပ်တွေ။

  • manawphyulay

    December 2, 2010 at 2:05 pm

    ကိုပေါက် မန်းရေ မရောက်ဖူးသေးရင် ပို့လိုက်ရမလား……… ဟိဟိ တစ်နေ့ တစ်နေ့ မေးလ်တွေ ရှင်းရတာ အလုပ်တစ်လုပ် ဖြစ်နေတဲ့ ဒုက္ခကို သိသွားအောင်လေးပါနော်……………..

  • meelay

    December 3, 2010 at 3:55 am

    တစ်နေ့ကပဲ လောလောလတ်လတ် ရောက်ထားတာ တစ်စောင်ရှိသေးတယ် – မဖျက်ရသေးဘူး.. လေးပေါက် ပို့ပေးလိုက်ရမလား – ကြုံဖူးတယ် ရှိအောင်လို့ 🙂

Leave a Reply