ငယ်ငယ်က အသက်ကြီးတဲ့လူကြီးတွေပြောတာကြားဖူး

တာပါ အသက်ကြီးလာရင်စိတ်ကဟိုရောက်ဒီရောက်

ဟိုတွေးဒီတွေးဆိုတာ အခုကိုယ်တိုင်အသက်ကြီးလာ

မှအင်းမှန်တယ်လို့သိလာရတယ်

ဟိုတနေ့ကလမ်းသွားနေတုန်းသမီးကလေဆိုပြီးစကား

ပြောနေသံကြားလို့ကြည့်လိုက်တာ လားလား သမီးဆိုပြီး

သူ့ကိုယ်သူပြောနေတဲ့အသက် ၃၀ကျော်အမျိုးသမီးကို

တွေ့လိုက်ရတယ် အိမ်ပြန်ရောက်ပြီးနားနေတုန်း သမီး

ဆိုတဲ့အသံနားထဲပြန်ရောက်လာရော စဉ်းစားကြည့်လိုက်

မိတယ် ကျွန်တော်တို့မြန်မာလူမျိုးဆိုတာအပြောအဆို

ယဉ်ကျေးတယ်ဆိုတာအထူးပြောစရာမလိုပါဘူး

ကျွန်တော်တို့ငယ်ငယ်တုန်းကဆို ကျွန်တော် ကျွန်မ

ဘဲသုံးတာပါ လူကြီးတွေကလဲသင်ပေးရင်ဒီလိုဘဲပြောပြီး

သင်ကြပါတယ် အခုခေတ်ကလေးတွေကစကားပြောရင်

သားကလေ သမီးကလေနဲ့ပြောကြတာနားထောင်လို့လဲ

ကောင်းပါရဲ့ယဉ်ကျေးမှုလဲရှိကြပါရဲ့

ဒါဖြင့်ဘာများမကောင်းတေွးနေတာလဲဆိုရင် ဟုတ်ကဲ့

ငယ်တုန်း ကလေးအရွယ်ဆိုရင်ကောင်းတာပ သို့သော်

ကလေးအရွယ်လွန်လို့လုပ်ငန်းခွင်ထဲေ၇ာက်လာလဲ

သမီးနဲ့သားဘဲ ယောက်ျားလေးတွေကနဲနဲတော်သေးတယ်

၁၀ ယောက် ၁ယောက်ပြောခဲတယ် မိန်းကလေးတွေက

ပိုများတယ်သမီး သမီးနဲ့ငယ်နေလိုက်ကြတာလူကြီးကို

မဖြစ်တော့ဘူးကောင်းတာလားမကောင်းတာလား

ဘာမှန်းကိုမသိနိုင်အောင်ပါဘဲ

အမှန်က သားနဲ့သမီး ဆိုတာ ၁၀ တန် အောင်ပြီးလို့

တက္ကသိုလ်ရောက်ရင်မသုံးသင့်တော့ဘူးလို့တွေးမိ

ပါတယ် တက္ကသိုလ်ပညာသင်နေပြီဆိုမကြာခင်လုပ်ငန်းခွင်

ထဲရောက်တော့မယ် လူကအသက်ကြီးလာသလိုစိတ်ကလဲရင့်ကျက်လာဖို့လိုပါတယ်

တကယ်လို့မသုံးသင့်တော့ဘူးဆိုရင်လဲ

ဘယ်လိုပြင်ရရင်ကောင်းပါ့မလဲလို့အတွေးချာချာလည်

နေပါတယ်

တွေးနေတုန်းသားတော်မောင်ကတီဗီကိုဖွင့်လိုက်ပါလေရော

တီဗီက စကားနပန်းလာနေတာ

အဲဒီမှာအတွေးကဟိုရက်တွေတုန်းက ကြည့်မိတဲ့စကားနပန်း

ကအပြောလေးတွေကိုမှတ်မိလိုက်ပြန်ပါရော

အားဆေးကြော်ငြာတခုကစပွန်ဆာပေးထားတာ အစီအစဉ်တင်ဆက်သူကပြောတာလေးပါ  အိမ်ဆွမ်းခံကြွတဲ့ကိုယ်တော်ကိုကြော်ငြာပါအားဆေး

တပတ်တကဒ်လှူလိုက်တာ ၁ လနေတော့လူထွက်သွားရောဆိုပြီး

ဟာသလေးဖောက်ပြီးပြောတာပါ

ဒါနဲ့စဉ်းစားကြည့်မိတယ်ဘာသာရေးကိုမှဟာသလုပ်ပြောရတယ်လို့

ပြောစရာဟာသဒီလောက်ရှားသလား

ပြောစမ်းပါ ကျွန်တော့်ဦးလေးကလေအသက်က၄၀ ကျော်

လာကတည်းကသူ့မိန်းမနဲ့အမြဲတကျက်ကျက်ရန်ဖြစ်နေတာ

ဘယ်သူမှပြောလို့မရဘူး

လွန်ခဲ့တဲ့တလလောက်ကအဲဒီအားဆေး ၁ဘူးကျွန်တော်

လက်ဆောင်ပေးလိုက်တာအခုမိန်းမနဲ့ရန်ဖြစ်သံမကြား

ရတော့ဘူး ကျွန်တော့ကိုလဲငါ့တူကငါ့ကိုဘ၀သစ်တခု

ပြန်ပေးလိုက်တာဘဲဟေ့တဲ့ ဘာပြောမှန်းကိုမသိပါဘူးဗျာ

ဆိုရင်ဘယ်လောက်ကောင်းမလဲလို့

တွေးနေတုန်းပြနေတဲ့

်စကားနပန်ကစကားလေးတခုကလဲနားထဲပြန်ရောက်လာ

ပြန်ရော  သူ့မိန်းမ ၁၇ နှစ်နဲ့သေသွားတ်ာအားရအောင်တောင်မချလိုက်

ရဘူးဆိုပြီးအားရပါးရပြောနေတာ  နောက်မှပြန်ဖြည်တာက နာရေးကို

စည်စည်ကားကားအားရအောင်မချရဘူးဆိုပြီး

ဒါတတိုင်းတပြည်လုံးကြည့်နေတဲ့ပျက်လုံးပါ ကလေးတွေလဲကြည့်နေတာပါ မြန်မာမှာဒီလောက်တောင်ပျက်လုံးတွေခန်းခြောက်ကုန်ပြီ

လား ကိုယ်အောက်ပိုင်းမပါရင်ပျက်လုံးမဟုတ်တော့ဘူးလား

တွေးရင်း ဟိုးတုန်းက ဆန်နီကြီးဈေးသည် ဈေးသည်ကြီး

ဆန်နီကိုသတိရလာပါတယ်

မြန်မာ့အသံကလာတဲ့ဟာဒယရွှင်ဆေးအခန်းမှာပါ

အခုခေတ်လိုလူကိုမြင်ရတာမဟုတ်ဘဲအသံ သက်သက်

နဲ့ပရိတ်သတ်ကိုဖမ်းစားရတာပါ အခုခေတ်ကအသံတင်

မကရုပ်ပါမြင်နေရတော့ ဟိုခေတ်တုန်းကထက်ဟာသ

လုပ်ရတာအများကြီးပိုအဆင်ပြေပါတယ် ဒါကိုအခုခေတ်

လူတွေဟိုခေတ်လူတွေကိုမမှီတာလား ဟိုခေတ်က

လူကြီးတွေထိမ်းသိမ်းတာကိုအခုခေတ်လူကြီးတွေမမှီတာ

လား ဘယ်လိုလုပ်မှမြန်မာ့ရုပ်မြင်သံကြားရှေ့ မှာသားနဲ့အမိ

အဖနဲ့သမီး မောင်နဲ့နှမ အမြင်မရိုင်း အကြားမရိုင်းဘဲအေးဆေးထိုင်ကြည့်နိုင်ပါ့မလဲလို့တွေးရင်း

ကိုဖက်တယောက်ကို မျက်စိထဲမြင်လာပါတယ်

သူသာဆိုဟိုတုန်းကဘယ်လိုမူနဲ့အုပ်ချုပ်တာဘာကိုအဓိက

ထားပြီးတားမြစ်တယ် လူတွေကဘယ်လို

အခုကဘာကိုအဓိကထားပြီးတားမြစ်တာ ဘယ်လိုမူနဲ့

အုပ်ချုပ်တာစသဖြင့်ပြောနိုင်မှာဘဲလို့တွေးရင်း

ပက်လက်ကုလားထိုင်မှာအိပ်ပျော်သွားပါကြောင်း

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)