အတွေးနဲ့အရေး

unclegyi1974December 5, 20101min22515

ငယ်ငယ်က အသက်ကြီးတဲ့လူကြီးတွေပြောတာကြားဖူး

တာပါ အသက်ကြီးလာရင်စိတ်ကဟိုရောက်ဒီရောက်

ဟိုတွေးဒီတွေးဆိုတာ အခုကိုယ်တိုင်အသက်ကြီးလာ

မှအင်းမှန်တယ်လို့သိလာရတယ်

ဟိုတနေ့ကလမ်းသွားနေတုန်းသမီးကလေဆိုပြီးစကား

ပြောနေသံကြားလို့ကြည့်လိုက်တာ လားလား သမီးဆိုပြီး

သူ့ကိုယ်သူပြောနေတဲ့အသက် ၃ဝကျော်အမျိုးသမီးကို

တွေ့လိုက်ရတယ် အိမ်ပြန်ရောက်ပြီးနားနေတုန်း သမီး

ဆိုတဲ့အသံနားထဲပြန်ရောက်လာရော စဉ်းစားကြည့်လိုက်

မိတယ် ကျွန်တော်တို့မြန်မာလူမျိုးဆိုတာအပြောအဆို

ယဉ်ကျေးတယ်ဆိုတာအထူးပြောစရာမလိုပါဘူး

ကျွန်တော်တို့ငယ်ငယ်တုန်းကဆို ကျွန်တော် ကျွန်မ

ဘဲသုံးတာပါ လူကြီးတွေကလဲသင်ပေးရင်ဒီလိုဘဲပြောပြီး

သင်ကြပါတယ် အခုခေတ်ကလေးတွေကစကားပြောရင်

သားကလေ သမီးကလေနဲ့ပြောကြတာနားထောင်လို့လဲ

ကောင်းပါရဲ့ယဉ်ကျေးမှုလဲရှိကြပါရဲ့

ဒါဖြင့်ဘာများမကောင်းတွေးနေတာလဲဆိုရင် ဟုတ်ကဲ့

ငယ်တုန်း ကလေးအရွယ်ဆိုရင်ကောင်းတာပ သို့သော်

ကလေးအရွယ်လွန်လို့လုပ်ငန်းခွင်ထဲရောက်လာလဲ

သမီးနဲ့သားဘဲ ယောက်ျားလေးတွေကနဲနဲတော်သေးတယ်

၁ဝ ယောက် ၁ယောက်ပြောခဲတယ် မိန်းကလေးတွေက

ပိုများတယ်သမီး သမီးနဲ့ငယ်နေလိုက်ကြတာလူကြီးကို

မဖြစ်တော့ဘူးကောင်းတာလားမကောင်းတာလား

ဘာမှန်းကိုမသိနိုင်အောင်ပါဘဲ

အမှန်က သားနဲ့သမီး ဆိုတာ ၁ဝ တန် အောင်ပြီးလို့

တက္ကသိုလ်ရောက်ရင်မသုံးသင့်တော့ဘူးလို့တွေးမိ

ပါတယ် တက္ကသိုလ်ပညာသင်နေပြီဆိုမကြာခင်လုပ်ငန်းခွင်

ထဲရောက်တော့မယ် လူကအသက်ကြီးလာသလိုစိတ်ကလဲရင့်ကျက်လာဖို့လိုပါတယ်

တကယ်လို့မသုံးသင့်တော့ဘူးဆိုရင်လဲ

ဘယ်လိုပြင်ရရင်ကောင်းပါ့မလဲလို့အတွေးချာချာလည်

နေပါတယ်

တွေးနေတုန်းသားတော်မောင်ကတီဗီကိုဖွင့်လိုက်ပါလေရော

တီဗီက စကားနပန်းလာနေတာ

အဲဒီမှာအတွေးကဟိုရက်တွေတုန်းက ကြည့်မိတဲ့စကားနပန်း

ကအပြောလေးတွေကိုမှတ်မိလိုက်ပြန်ပါရော

အားဆေးကြော်ငြာတခုကစပွန်ဆာပေးထားတာ အစီအစဉ်တင်ဆက်သူကပြောတာလေးပါ  အိမ်ဆွမ်းခံကြွတဲ့ကိုယ်တော်ကိုကြော်ငြာပါအားဆေး

တပတ်တကဒ်လှူလိုက်တာ ၁ လနေတော့လူထွက်သွားရောဆိုပြီး

ဟာသလေးဖောက်ပြီးပြောတာပါ

ဒါနဲ့စဉ်းစားကြည့်မိတယ်ဘာသာရေးကိုမှဟာသလုပ်ပြောရတယ်လို့

ပြောစရာဟာသဒီလောက်ရှားသလား

ပြောစမ်းပါ ကျွန်တော့်ဦးလေးကလေအသက်က၄ဝ ကျော်

လာကတည်းကသူ့မိန်းမနဲ့အမြဲတကျက်ကျက်ရန်ဖြစ်နေတာ

ဘယ်သူမှပြောလို့မရဘူး

လွန်ခဲ့တဲ့တလလောက်ကအဲဒီအားဆေး ၁ဘူးကျွန်တော်

လက်ဆောင်ပေးလိုက်တာအခုမိန်းမနဲ့ရန်ဖြစ်သံမကြား

ရတော့ဘူး ကျွန်တော့ကိုလဲငါ့တူကငါ့ကိုဘဝသစ်တခု

ပြန်ပေးလိုက်တာဘဲဟေ့တဲ့ ဘာပြောမှန်းကိုမသိပါဘူးဗျာ

ဆိုရင်ဘယ်ေလောက်ကောင်းမလဲလို့

တွေးနေတုန်းပြနေတဲ့

်စကားနပန်ကစကားလေးတခုကလဲနားထဲပြန်ရောက်လာ

ပြန်ရော  သူ့မိန်းမ ၁ရ နှစ်နဲ့သေသွားတာ ်အားရအောင်တောင်မချလိုက်

ရဘူးဆိုပြီးအားရပါးရပြောနေတာ  နောက်မှပြန်ဖြည်တာက နာရေးကို

စည်စည်ကားကားအားရအောင်မချရဘူးဆိုပြီး

ဒါတတိုင်းတပြည်လုံးကြည့်နေတဲ့ပျက်လုံးပါ ကလေးတွေလဲကြည့်နေတာပါ မြန်မာမှာဒီလောက်တောင်ပျက်လုံးတွေခန်းခြောက်ကုန်ပြီ

လား ကိုယ်အောက်ပိုင်းမပါရင်ပျက်လုံးမဟုတ်တော့ဘူးလား

တွေးရင်း ဟိုးတုန်းက ဆန်နီကြီးဈေးသည် ဈေးသည်ကြီး

ဆန်နီကိုသတိရလာပါတယ်

မြန်မာ့အသံကလာတဲ့ဟာဒယရွှင်ဆေးအခန်းမှာပါ

အခုခေတ်လိုလူကိုမြင်ရတာမဟုတ်ဘဲအသံ သက်သက်

နဲ့ပရိတ်သတ်ကိုဖမ်းစားရတာပါ အခုခေတ်ကအသံတင်

မကရုပ်ပါမြင်နေရတော့ ဟိုခေတ်တုန်းကထက်ဟာသ

လုပ်ရတာအများကြီးပိုအဆင်ပြေပါတယ် ဒါကိုအခုခေတ်

လူတွေဟိုခေတ်လူတွေကိုမမှီတာလား ဟိုခေတ်က

လူကြီးတွေထိမ်းသိမ်းတာကိုအခုခေတ်လူကြီးတွေမမှီတာ

လား ဘယ်လိုလုပ်မှမြန်မာ့ရုပ်မြင်သံကြားရှေ့ မှာသားနဲ့အမိ

အဖနဲ့သမီး မောင်နဲ့နှမ အမြင်မရိုင်း အကြားမရိုင်းဘဲအေးဆေးထိုင်ကြည့်နိုင်ပါ့မလဲလို့တွေးရင်း

ကိုဖက်တယောက်ကို မျက်စိထဲမြင်လာပါတယ်

သူသာဆိုဟိုတုန်းကဘယ်လိုမူနဲ့အုပ်ချုပ်တာဘာကိုအဓိက

ထားပြီးတားမြစ်တယ် လူတွေကဘယ်လို

အခုကဘာကိုအဓိကထားပြီးတားမြစ်တာ ဘယ်လိုမူနဲ့

အုပ်ချုပ်တာစသဖြင့်ပြောနိုင်မှာဘဲလို့တွေးရင်း

ပက်လက်ကုလားထိုင်မှာအိပ်ပျော်သွားပါကြောင်း

15 comments

  • naywoonni

    December 5, 2010 at 3:43 pm

    အိပ်မက်ထဲကျမှပဲ ကိုယ့်မင်း ကိုယ့်ချင်းနဲ့
    စိတ်တိုင်းကျ အုပ်ချုပ်ပေတော့ အန်ကယ်ကြီးရေ………

  • Hello Everyone

    December 5, 2010 at 3:56 pm

    လူရွှင်တော် တွေ၊ မင်းသား မင်းသမီး ဆိုတာ တွေ ကလဲ ဒီလောက် ပဲ တတ်ကြ တာကိုး။ သူတို့ တကယ် ကျွမ်း တာက ခါးအောက်ပိုင်း ပညာ တွေပဲထင်ပ။

  • ကြယ်လေး

    December 5, 2010 at 4:01 pm

    ဟုတ်တယ် လူ တွေ က အပေါ်မတက်တော.တာ
    အောက်ပဲ ဆင်းနေတာ

    အသက်ကြီးသွားတယ် အတွေးခေါ်အပြောဆို က ကလေးသာသာဖြစ်လာတယ်

    နည်းပညာတွေစက်ပစ္စည်းတွေ တိုးတက်လာတယ် သီချင်း ရုပ်ရှင် ပျက်လုံး တွေ ခါးအောက်ကမတက်ဘူး အောက်တန်းကျလာတယ်

    ရာထူးတွေတက်လာလေ အဝီစိ ဇောက်ထိုးဆင်းမဲ့ ဟာတွေပိုလုပ်လာတယ်

    ဟီး နောက်တခုရှိသေးတယ်

    အွန်လိုင်း ပေါ်တက် invisible ပြပြီး အောက်ဆင်းချင်ရောင်ဆောင်နေတာ

  • ဆူး

    December 5, 2010 at 4:16 pm

    အောက်လုံး အောက်လုံးနဲ့.. အွန်လိုင်းမှာ လူငယ်တွေ ပေါက်ကရ လျောက်ရေးတာကမှ ရိရသေးတယ်။ မညစ်ညမ်းဘူး..

  • koyinmaung

    December 5, 2010 at 4:18 pm

    အယင်ကပျက်လုံးထုတ်တဲ့လူတွေကလူရွှင်တော်တွေ ခုလူတွေကမှလူပျက်တွေပါဗျာ…

  • unclegyi1974

    December 5, 2010 at 4:25 pm

    ဦးနီရေ အိမ်မက်ထဲတောင်စိတ်တိုင်းမကျလို့
    အခုဘဲဒေါသဖြစ်ပြီးနိုးလာတယ်
    ကိုရင်မောင်ပြောသလိုလူပျက်တွေပါဗျာ

  • weiwei

    December 5, 2010 at 4:29 pm

    တီဗီမကြည့်နဲ့ အန်ကယ်ကြီးရေ .. တရားများများနာ .. အဲဒါမှ ကောင်းကောင်းအိပ်ပျော်မှာ …

  • ဆူး

    December 5, 2010 at 4:29 pm

    အန်လကယ်ကြီး ချိတ်ချော့.. တော်ကြာ မကြားချင်ရင် နားပိတ်ထားလို့ ပြောနေကြလိမ့်မယ်။ ဒီလို မျိုးတွေ ကြိုက်တဲ့လူတွေက လူနည်းစုလား လူများစုလား အရင် စစ်တမ်းကောက်ပြီးမှ ကျယ်ကျယ် ပြောသင့်သလို ဖြစ်နေပြီ။

  • unclegyi1974

    December 5, 2010 at 4:54 pm

    ဆူးပြောသလိုစစ်တမ်းမကောက်လိုက်မိတာ
    အမှားနဲ့တူပါတယ်
    မဝေပြောသလိုမကြည့်ဘဲလဲမနေနိုင်လို့
    ကိုရီးယားကားဘဲကြည့်တော့မယ်

  • ဆူး

    December 5, 2010 at 5:06 pm

    ကိုရီးယားကား အမြင်မတော်တဲ့ စာတမ်းဖတ်မိတော့လည်း ဘာသာပြန်မှားလို့သာ သဘောထားပြီး ပိတ်အိပ်လိုက်တော့..

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 5, 2010 at 6:29 pm

    ပြောလို ့သာ ပြောရတယ် ဘကြီးရေ ့
    ဒီကိစ္စက နောင်ဆို တော်တော် ကြပ်တည်းမဲ့ အကြောင်းတစ်ခုဖြစ်လာမှာ သေချာတယ်
    (ကြံဖန်ပြီး မျက်နှာပူတတ်သူ လို ့ပြောလဲ ခံရမှာဘဲ)
    ခေတ်ဆိုတာက တစ်ဖက် ရိုးရာဓလေ့ ယဉ်ကျေးမှု ့ ဆိုတာက တစ်ဖက်
    ကျွန်တော်တို ့ကတော့ ရေမျော ကမ်းတင် ကောင်တွေဆိုတော့ သိပ်မထူး
    တစ်ခါတစ်လေများ တစ်ချို ့ရုပ်ရှင်တွေဆိုရင် ဒါတောင် ပြည်ပမှာနော်
    သွေးမတော်သားမစပ် တစ်စိမ်းတရံ ကိုယ်တွေနဲ ့ဆွေမျိုးလိုခင်ကြတဲ့ မိန်းကလေးတွေနဲ ့
    ( ဥပမာ (သူတို ့/ ကိုယ်) တစ်ခုခု ဖိတ်ကျွေးလို ့စားရင်းသောက်ရင်း) ရုပ်ရှင်တစ်ခုခု ဖွင့်ထားလို ့
    ဘာညာကွိကွ တစ်ခန်းတစ်လေ ပါလာရင် တော်တော်မျက်နှာပူတယ်
    နေတတ်ရင် ကျေနပ်စရာတစ်ခု ပြောရဦးမယ် တစ်နေ ့အဲ့သည်လိုဘဲ ကျွန်တော့ သဌေးမိသားစုနဲ ့
    ညနေစာ စုစားရင်း ( ထမင်းစားပွဲက ပ စောက်ပုံ ထိုင်ရတာ စားပွဲထိပ် နံရံမှာက တီဗွီ တစ်ပြားကပ်ထားတယ်)
    ရုပ်ရှင်ကိုတော့ အောက်စက်နဲ ့ပလေးထားပြီး စားရင်းသောက်ရင်း ကြည့်တာက အကျင့်ဖြစ်ကုန်ပြီ
    အဲ့သည်ချိန်မှာဘဲ ဗွီဒီယိုထည်းက နှစ်ယောက်က ချွတ်နေကြတာပေါဗျာ
    အားလုံးက စားသောက်နေတာတွေရပ်ပြီး စိတ်ဝင်တစား ဝိုင်းကြည့်နေကြတာနော် ဟန်တောင်မပျက်ဘူး
    မိန်းမ သုံးယောက် ယောက်ကျား ငါးယောက် သမီးမိန်းကလေးနော် အသက် ဆယ့်သုံး နှစ်ဘဲရှိသေးတယ်
    ကြည့်ပြီးတော့ တတွတ်တွတ်နဲ ့ပြောနေကြတာ ဟုတ်နေတာဘဲ
    နောက် အခြားအကြောင်းတွေလဲ အများကြီးပေါ့ဗျာ ……..

  • kai

    December 5, 2010 at 8:18 pm

    တကယ်ကတော့ …. တွေးတွေးပြီးရယ် ဟာသ၊ပြက်လုံးမျိုးက … အုပ်ချုပ်သူတွေ၊ ပါတီတွေနဲ့ နိုင်ငံရေးခြစားတာတွေကို လှောင်ပြောင်၊သရော်တာတွေမှာ တွေ့ရများပါတယ်..။
    နယ်ကလည်းကျယ်ပြန့် လူတွေကလည်း ကိုယ်တိုင်ခံစား၊စံစားနေရတာဆိုတော့လေ..

    ဒါတွေအတင်းကာရော..ဆင်ဆာတင်ပိတ်ဆို့နှိပ်ကွပ်ထားတော့ ..မြန်မာအနုပညာနဲ့ … လူပျက်၊လူရွှင်တော်..အငြိမ့်နဲ့… မြန်မာအသိုင်းအဝိုင်းက..အခုမျက်မြင်အခြေအနေတွေဖြစ်လာတာပါပဲလို့တွေးမိတာပါပဲ..။

    အနုပညာ .. စံနစ်တကျနှင့် ကျဆုံးခြင်း…ပေါ့..။

  • နေ ဘုန်းလျံ

    December 6, 2010 at 2:07 am

    ကိုခိုင်ပြောတာ သဘာဝကြပါတယ် ကျွန်တော် အပျော်တမ်း လူရွှင်တော် လုပ်ဘူးတယ်ဗျ မြန်မာ စကား ကို သိပ်နားမလည် ကြတဲ့ တိုင်းရင်းသားတွေကြား မှာ မြန်မာ လို အဲဒီနေရာရဲ့ ဆိုင် ရာ အကျပ်အတည်းတွေ မှားယွင်းနားလည် မှု့ တွေ အနိုင်ကျင့်မှု့တွေ ကိုပျက်လုံးတွေ ထုတ်လိုက်ပြီး ပျက်တာပေါ့ အဟီး မြန်မာ စကားနားလည်တဲ့ လူနည်း စုသာ ရယ်ကြတာ၈ဝရာခိုင်နှုံး က ဘာမှ မခံစားရတာ တွေရတော့ ရင်ခံတာပေါ့အဲဒါ ကို သိတဲံ့ ကျွန်တော် တို့ခင်တဲ့လူ တချို့က ဟာသဖြစ်ပြီး ရယ်လိုက်တာ ဝါးလုံးကွဲ မတတ်ပါဘဲ

  • kopauk mandalay

    December 6, 2010 at 9:34 am

    ဒါဆိုရင်တော့ အားလုံးရီရမယ့်ပျက်လုံးတစ်ခွေစာလောက်ရေးပြီး ရောင်းစားအုံးမှနဲ့တူတယ်နော့။
    အီးကယ်ဂျန်ရေ
    ခုခေတ်ကလေးမ လေးတွေ တော်တော်များများ က သမီး သမီးလို့ ပြောတာကို သုတေသနလုပ်ကြည့်ပါတယ်။
    မေးတာပေါ့ “နင်တို့ အသက်တွေလဲ ငယ်တော့ တာမဟုတ်ဘူး ကလေးတောင်ရနေပြီ ဟာကို ဘာလို့ သမီး သမီးနဲ့ပြောနေရတာလဲ”ပေါ့ ။အဲဒီမှာ ဘာပြန်ဖြေတယ်မှတ်လဲ။
    “လေးလေးရေ ခုခေတ် အန်ကယ်ဂျီးတွေက သိပ်လွယ်တာမဟုတ်ဘူး။
    ဒါကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သမီးလေးပါ သမီးလေးပါလုပ်ပြီးနေရတာပါတဲ့ ဗျာ။

  • unclegyi1974

    December 6, 2010 at 12:28 pm

    ကိုပေါက်ရဲ့သမီးသုတေသနမှန်ကန်မယ်လို့ထင်မြင်
    ပါကြောင်း
    ကိုရင်ပုပြောသလိုခေတ်မျိုးမကြာမှီမြန်မာနိုင်ငံ
    ကိုရောက်လာတော့မယ်လို့ထင်ပါကြောင်း
    လူ့ပြည်ကိုစောရောက်အောင်လုပ်ပေးခဲ့တဲ့မိုးနတ်
    မင်းကိုအပြစ်တင်ပါကြောင်း

Leave a Reply