ရန်ကုန်-မန္တလေးလမ်းပိုင်း၌ သင်္ကြန် အထူးရထား အစုန်/အဆန် နှစ်စင်း ပြေးဆွဲမည့် အစီအစဉ် ကြိုတင် အသိပေး ကြေညာ

BayoteApril 7, 20101min400

မြန်မာ့မီးရထားက သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် သင်္ကြန်အထူးရထားနှစ်စင်း ပြေးဆွဲပေးမည်ဖြစ်သည်။ အဆိုပါ သင်္ကြန်အထူးရထားများကို ဧပြီ ၅ ရက် နံနက် ၄ နာရီတွင် မန္တလေး ဘူတာမှ ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ထိုနေ့ ညနေ ၆ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ဧပြီ ၆ ရက်တွင် သင်္ကြန်အထူးရထား(၁)သည် ရန်ကုန် ဘူတာမှ နံနက် ၄ နာရီခွဲတွင် ထွက်ခွာ၍ မန္တလေးဘူတာသို့ ထိုနေ့ညနေ ၆ နာရီ မိနစ် ၄ဝ တွင်လည်းကောင်း၊ သင်္ကြန်အထူးရထး(၂)သည် မန္တလေး ဘူတာမှ နံနက် ၄ နာရီတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ထိုနေ့ညနေ ၆ နာရီ ၁ဝမိနစ်တွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။ အဆို ပါအထူးရထားနှစ်စင်းသည် ဧပြီ ရ ရက်တွင် ရန်ကုန်-မန္တလေး အစုန်/အဆန်ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့အပြင် သင်္ကြန်ကာလအတွင်း နေပြည် တော်မှ ဝန်ထမ်းများနှင့်မိသားစုများအပါအဝင် ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လက်ရှိနေပြည်တော်-ရန်ကုန် ပြေးဆွဲနေသော အမှတ်(၃၂) အစုန်၊ အမှတ်(၈)အစုန် အမြန်ရထားနှစ်စင်းအပြင် အဆိုပါအထူးရထားနှစ်စင်းကို ဧပြီ ၉ ရက်မှ ၁၁ ရက်အထိ နေပြည်တော် – ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ရာ အစုန်အထူးရထား(၁)သည် နေပြည်တော်မှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန် သို့ ညနေ ၃ နာရီမိနစ် ၅ဝ တွင် ရောက်ရှိမည်ဖြစ်ပြီး အစုန်အထူးရထား(၂)သည် နေပြည်တော်မှ နံနက် ရ နာရီခွဲတွင်ထွက်ခွာ၍ ရန်ကုန် သို့ ညနေ ၄ နာရီ မိနစ် ၅ဝ တွင် ရောက်ရှိမည်ဖြစ်သည်။ ဧပြီ ၁၂ ရက်တွင် အထူးရထား(၁)သည် ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့ လည်း ကောင်း၊ ဧပြီ ၁ရ ရက်တွင် အထူးရထား(၁)သည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့လည်းကောင်း၊ အထူးရထား(၂)သည် ရန်ကုန်ဘူတာမှ မန္တလေး ဘူတာသို့ လည်းကောင်း၊ ဧပြီ ၁၈ ရက်တွင် အထူးရထား(၂)သည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့လည်းကောင်း၊ အထူးရထား(၁)သည် ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့လည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် အထူးရထား(၁)သည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်း ကောင်း အထက်ဖော်ပြပါ ရန်ကုန်နှင့်မန္တလေးမှ ထွက်ခွာမည့်အချိန်များအတိုင်း ပြေးဆွဲမည်ဖြစ်သည်။ အလားတူ နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအပါအဝင် ခရီးသွားပြည်သူများအတွက် ရန်ကုန်-နေပြည်တော်ခရီးစဉ်အဖြစ် လက်ရှိအမှတ်(၃၁)အဆန်၊ အမှတ်(၇)အဆန် အမြန်ရထား နှစ်စင်းအပြင် နောက်ထပ်အထူးရထား(၂)စင်းကို ဧပြီ ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်ရာ အဆန်အထူးရထား(၁)သည် ရန်ကုန်မှ နံနက် ၁ဝ နာရီတွင် ထွက်ခွာ၍ နေပြည်တောမ်သို့ ည ရ နာရီ မိနစ် ၅ဝ တွင် ရောက်ရှိမည်ဖြစ်ပြီး အဆန်အထူးရထား(၂)သည် ရန်ကုန် မှ နံနက် ၁ဝ နာရီခွဲတွင် ထွက်ခွာ၍ နေပြည်တော်သို့ ည ၈ နာရီ် မိနစ် ၂ဝ တွင် ရောက်ရှိမည်ဖြစ်သည်။ အထက်ပါ ရန်ကုန်-မန္တလေးသင်္ကြန် အ ထူး(အစုန်/အဆန်) ရထားများကို ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာများနှင့် နေပြည်တော်-ရန်ကုန် အထူး(အစုန်/အဆန်)ရထားများ ကို တောင်ငူ၊ ပဲခူး၊ တိုးကြောင်ကလေး ဘူတာများတွင်သာ ရပ်တန့်သွားမည်ဖြစ်ပြီး ဧပြီ ၁၆ ရက်အထိ သင်္ကြန်ကာလတွင် ပြေးဆွဲခြင်း ရပ်နား ထားမည် ဖြစ်ရာ ခရီးသွားပြည်သူများ အချိန်မီသိရှိစေရန် မြန်မာ့မီးရထားက ကြိုတင်အသိပေးကြေညာထားကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၅ရက် နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။