ဦးသစ္စာကွယ်လွန်ပြီ

fattyDecember 1, 20101min927

တချိန်က ရေဒီယိုခေတ်က နာမည်ကြီး တဦးဖြစ်သော
မြန်မာ့အသံ ဦးသစ္စာ ကွယ်လွန်သွားပါပြီ။
စနေည ၉းဝဝ နာရီဆိုရင် သူစီစဉ်တဲ့ အသံလွှင့်ဇာတ်
လမ်းတွေနဲ့ ကျနော်တို့ကြီးပြင်းခဲ့ရတာပါ။
ကိုးပွင့်ဖူးစာတို့ .. ဦးပေါင်းစင်းနဲ့မြင်းညိုရှင်တို့ဆို
သတိရကြအုံးမှာပါ။ အသက် ၇ဝ ကျော်ပါပြီ။

7 comments

  • koyinmaung

    December 1, 2010 at 10:04 pm

    ဝမ်းနည်းစရာပါ…ဦးသစ္စာကြီးတယောက်ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။။

  • saund

    December 2, 2010 at 2:25 am

    အဲဒီဇတ်လမ်းထဲမှာ ဘယ်အခန်းက ပါတာလဲဟင် အဲဒီတုန်းက ပြောတဲ့သူတွေ အရမ်း အပြောပိုင်တာဘဲ
    ဦးပေါင်းစင်းနဲ့မြင်းညိုရှင် ဆိုတာတောင် ခပ်မေ့မေ့ရယ်
    သိသူတွေ ဇတ်လမ်း ပြောပေးရင် ကောင်းမယ်

  • fatty

    December 2, 2010 at 4:45 am

    ၂ ခါပြန် ရိုက်နေရတယ်ဗျို့ …condition မကောင်းဘူး။
    ဇာတ်လမ်းက စိတ္တဇဖြစ်နေတဲ့ ကောင်မလေးကိုကုဖို့ သူ့စိတ်ကူးထဲကအတိုင်း လသာတဲ့ညဆိုရင် ဦးပေါင်းစင်းကြီး
    ခေါင်းမှာပတ်ပြီး မြင်းကြီးစီးစီးလာရတာ …သူထင်နေတာတွေ တကယ်မှုတ်ဖူးဆိုတာ လက်တွေပြပြီးကုကြတာ
    နောက်တော့ကောင်မလေးကလည်း တကယ်ရူးနေတာမှုတ်ပါဘူး …ဟာသဇာတ်လမ်းပေါ့။ ဦး သစ္စာဆိုတာ
    အဲဒီဇာတ်လမ်းတွေကိုင်တွယ်ရတဲ့ producer ပါ ကိုယ်တိုင်ပါဝင်သူ မဟုတ်ပါဘူး။ အပြင်မှာတော့ ဒါရိုက်တာခေါ်မှာပေါ့။

  • moethidasoe

    December 2, 2010 at 5:34 am

    ကိုသစ္စာ စီစဉ်ထုတ်လွှင့်လိုက်တဲ့ ဆိုတဲ့ အသံကလေးဟာ .. မြန်မာ့အသံကိုပဲ အကောင်းဆုံး ထင်ပြီး နားထောင်ခဲ့ရတဲ့အချိန်က သိပ် သာယာတာပဲ အခုထိလဲ ကြားယောင်နေဆဲပါ ..

  • saund

    December 2, 2010 at 7:15 pm

    အခုမှ သိတယ် ချစ်စပါယ်ရဲ့ ယောက်ျားဘဲ။ တွံတေးသိန်းတန် နဲ့ ဖြစ်သွားတာတောင် သဘောထား ကြီးတယ်။ မြင်ဘူးတယ် အရပ်ရှည် ပြီး ရုပ်ဖြောင့်တယ်

  • winkyawaung

    December 3, 2010 at 2:49 am

    အနုပညာ သမားစစ်စစ် တစ်ယောက် ကွယ်လွန်သွားတာ အထူးဝမ်းနည်းမိပါတယ်။

  • maungmoenyo

    December 3, 2010 at 2:53 am

    သောကြာ(သို့)စနေည၈နညရီ၁၅သတင်းအပြီး မြန်မာ့အသံကိုသစ္စာစီစဉ်ထုတ်လွှင့်တဲ့ “ကိုးပွင့်ဖူးစာ”တို့”ဦးပေါင်းစင်းနဲ့မြင်းညိုရှင့်”အသံလွှင့်ဇာတ်လမ်းအခန်းဆက်ကဏဏ္ဍကမောင်မိုးညိုတို့ငယ်စဉ်ကအသဲကိုကိုင်စွဲလှုပ်ခြင်းခံခဲ့ရတဲ့ရေဒီယိုဇာတ်လမ်းကြီးတွေပေါ့။ ရေဒီယိုရှေ့မှာစုဝေးထိုင်ပြီးရေဒီယိုသံကိုအတင်းတိုးဝှေ့နားထောင်ရတဲ့၊ ရင်ခုန်ရတဲ့အဖြစ်တွေလေ…။

Leave a Reply