လသာမဲ့ ညကို တမ်းတခြင်း

manawphyulayDecember 3, 20101min10011

ဒီညဟာ ကျွန်မ အိပ်မပျော်တဲ့ ညတစ်ည
ဒီညဟာ လမင်းအနားယူနေတဲ့ ညတစ်ည
ဒါပေမဲ့ မကြာမီ လပြည့်တော့မယ်
ပြတင်းပေါက်ပေါ် လရောင်က ဖြာအကျ
ဟော လမင်း ထွက်လာပြီ
ကျွန်မပြောပြရင် ပြေးကြည့်ပြီးမှ ယုံပါ
တစ်စိတ်မဟုတ် တစ်ခြမ်းမဟုတ်
ပြည့်ပြည့်ဝဝ တစ်ကိုယ်တည်းလည်း မဟုတ်
လမင်းတစ်ရာ သာနေသည်သာ…

ကမ္ဘာပေါ်မှာ ငြိမ်းချမ်းခြင်း ရှိစေချင်ပါတယ်။ ငြိမ်းချမ်းရေးရှိသော အရပ်မှာ လရောင်လည်း ရှိပေလိမ့်မယ်။ လရောင်ထွန်းလင်းတဲ့ အရပ်၌ လူတိုင်းနေချင်ကြမှာ အမှန်ပါ။ လရောင် အောက်မှာဆိုရင် ဘာမဆို လှပငြိမ်းချမ်းနေမှာပေါ့။ အမှောင်ထဲမှာနေရတာထက် စာရင်တော့ လရောင်အောက်မှာ အသက်ရှင်ရတာ ပိုကောင်းမယ်လို့ ထင်မိပါတယ်။ ကျွန်မသည် တစ်ခဏတာ သာသော လရဲ့အရိပ်ကို တပ်မက်မိတယ်။ လရောင်ကို မြင်ရင် ကျွန်မ ကြည်နူးတယ်၊ ပျော်ရွှင်တယ်။ မအိပ်ဘဲလည်း နေလို့ရတယ်။ လပြည့်ညဆိုအရမ်းပျော်တယ်။ မိုးကောင်းကင်ကို ခဏခဏ မော့်ကြည့်ရတာ အမောပါဘဲ။ ဟုတ်တယ်လေ။ လူတိုင်း အမှောင်ထဲမှာ ဘယ်သူမှ မနေချင်ကြဘူးလေ။ ကျွန်မ အပါအဝင်ပေါ့။ မိတ်ဆွေတို့ကော အမှောင်နဲ့ အလင်း ဘယ်ဟာကို ပိုနှစ်သက်လဲဟင်…

11 comments

  • weiwei

    December 3, 2010 at 5:05 pm

    အားပေးသွားပါတယ် …

  • doekalay

    December 4, 2010 at 4:08 am

    အားပေးသွားတယ်နော်……….

  • doekalay

    December 4, 2010 at 4:14 am

    ဓါတ်ပုံတွေပါအတူတူထည် ့ပေးရင်ကောင်းမယ်။အဲ ့ဒါမှတွဲကြည် ့လို ့ရမှာပေါ ့။။

  • kopauk mandalay

    December 4, 2010 at 2:57 pm

    လသာမဲ့= လမသာခြင်း လမရှိခြင်း
    မဲ့= မရှိခြင်း

    လသာမယ့်= လသာရန် လသာသော
    မယ့်=ဖြစ်ရန် လာရန်

    ထင်တာလေးရေးပြကြည့်တာပါ ဟုတ်လားတော့ မသိဘူး

    • bigcat

      December 5, 2010 at 6:07 am

      လသာမဲ့ = ကိုလသာ (သို့) မလသာ မကျေနပ်ကြောင်း မျက်နှာရိပ်မျက်နှာကဲ ပြသည်။
      မဲ့= မဲ့ရွှဲ့သည်
      လသာမယ့် = လသာမြို့နယ်လှယဉ်းကျေးမယ်၏….. ဥပမာ လသာမယ့်ဘဲ၊ လသာမယ့် စပွန်ဆာ။
      -ယ့် = ၏ (ပိုင်ဆိုင်မှုကိုပြသည်)
      မြင်တာလေးရေးလိုက်တာပါ၊ နောက်တာမဟုတ်ဘူးနော်။

  • koyinmaung

    December 5, 2010 at 3:08 pm

    မီးပျက်သောလပြည့်ညများတွင် လမင်းကြီးရဲ့အလင်းရောင်ကိုအပြည့်အဝခံစားရပါသည်။

  • naywoonni

    December 5, 2010 at 3:12 pm

    လသာသော မသာသော လမိုက်သော မမိုက်သော နောဇာနာမိ တို့မသိ တို့လျှပ်စစ်မီးရှိ၏

  • saunghnin@gmail.com

    December 6, 2010 at 5:00 am

    လျပ်စစ်မီးကစိတ်မချရ။ လမင်းကြီးကစိတ်ချရ၏။ သာချိန်ရောက်ရင်သာမြဲပါ။

  • cherrywine

    December 6, 2010 at 9:31 am

    ရန်ကုန်မှာ … လ (Moon) မြင်ဖို့သိပ်မလွယ်သလိုပဲ ။

  • kopauk mandalay

    December 6, 2010 at 10:03 am

    လျှပ်စစ်မီးမလာရင် မီးပျက်ရင်
    ဟိုအရင်က ဆတ်ဆတ်ဆော့ဆော့ မီးကို ရှာတွေ့ခဲ့တဲ့ကျောက်ခေတ်က နာမယ်မသိတဲ့ လူကိုရော
    အားအားယားယား လက်ဆော့ခြေဆော့နဲ့ လျှပ်စစ်ဆိုတာကိုတွေ့ ခဲ့တဲ့ ဘာဒေးဆိုလား ဘာဆင်ဆိုလား အဲဒီသုံးယောက်ကို စိတ်တိုတယ်။
    သူတို့သာမရှာခဲ့ရင်အားလုံးအမှောင်ထဲမှာ အတူတူနေလိုက်ရုံဘဲ။
    အခုတော့ မလင်းတလင်းလင်းတဲ့သူကလင်း
    အရမ်းကိုလင်းတဲ့လူကလင်း မှောင်မဲနေတဲ့လူကမှောင်နဲ့
    တွေးလေညစ်လေပါဘဲ။

  • manawphyulay

    December 7, 2010 at 7:31 am

    ဟုတ်ကဲ့ပါ ခုလို အမှားလေးတွေ ထောက်ပြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ လသာမဲ့ ဆိုတဲ့နေရာမှာ လသာမည့်ဆိုတဲ့ စာသားလေးကို ပြောင်းဖတ်ပေးစေချင်ပါတယ်။ ကိုပေါက်ရေးတဲ့ မယ့်ကလည်း စကားဆက်ပါပဲ။ အမှန်တော့ ဖြစ်ပေါ်လာတာကို ရေးရမယ်ဆိုရင် မည့်လို့ သုံးနှုန်းရမည် ဖြစ်ပါတယ်။

Leave a Reply