လှိုင်ထိပ်ခေါင်တင် (၁၈၃၃ – ၁၈၇၅) အတ္ထုပ္ပတ္တိ

manawphyulayDecember 1, 20101min19112

လှိုင်ထိပ်ခေါင်တင် မင်းသမီးသည် ကုန်းဘောင်ဆယ့်တစ်ဆက်တွင် ရှစ်ဆက်မြောက် ဖြစ်သော ရွှေဘိုမင်းနှင့် မိဖုရား မမြလေးတို့၏ သမီးတော် ဖြစ်သည်။
ငယ်မည်မှာ မဖွား (မဖွားကြီးဟုလည်း ခေါ်သည်) ဖြစ်သည်။ သို့သော် မယ်တော်၊ ခမည်းတော်တို့ကမူ တင်တင်ဟု ချစ်စနိုးခေါ်သည်။ ခမည်းတော် ရွှေဘိုမင်း ထီးနန်းရသောအခါ သမီးတော် တင်တင်သည် လှိုင်မြို့ကို စားရသည်။ ထိုအခါမှစ၍ လှိုင်မင်းသမီးဟူ၍ လည်းကောင်း၊ လှိုင်ထိပ်ခေါင်တင်ဟူ၍ လည်းကောင်း ထင်ရှားလာသည်။
ရွှေဘိုမင်းသည် မိဖုရား မမြလေးအပေါ် နိုင်ငံရေးသံသယရှိသဖြင့် မမြလေးကို သတ်ပစ်လိုက်သည်။ ထိုအခါမှစ၍ လှိုင်မင်းသမီးသည် မိတဆိုးဖြစ်ခဲ့သည်။ ထိုအချိန်တွင် မင်းတုန်းမင်း၏ မိဖုရားက လှိုင်မင်းသမီးကို မွေးစားသည်။ မင်းတုန်းမင်း နန်းတက်၍ ညီတော် ကနောင်မင်းသား အိမ်ရှေ့အရာ ယူသောအခါ လှိုင်ထိပ်ခေါင်တင်သည် ကနောင်မင်းသားနှင့် လက်ထပ်ခဲ့သည်။
ထိုအချိန်မှစ၍ အခြားမင်းသမီးများနှင့် မွေ့လျော်နေသော မောင်တော်၏ စိတ်သဘောကို ဖျောင်းဖျသည့် ဘောလယ်တေးကဗျာများ စတင် ရေးသားလာသည်။ ဘောလယ်ကဗျာအရေးအဖွဲ့ကို လှိုင်မင်းသမီးက အစပြုခဲ့ခြင်း ဖြစ်သည်။ သို့ဖြင့် မင်းတုန်းမင်းလက်ထက်တွင် ထင်ရှားသော စာဆိုဖြစ်လာ၏။
လှိုင်မင်းသမီးတွင် ကနောင်မင်းသားနှင့်ရသော သားတော်တစ်ပါးရှိသည်။ ထိုသားတော်မှာ သီပေါမင်း အရေးအခင်းတွင် အသတ်ခံခဲ့ရသည်။ အသက် လေးဆယ့်နှစ်နှစ်တွင် လှိုင်မင်းသမီး အနိစ္စရောက်ခဲ့သည်။
လှိုင်မင်းသမီးသည် ဘောလယ်ကဗျာကို စတင် တီထွင်ရေးသားခဲ့သည်။ ပတ်ပျိုးသီချင်းများကိုလည်း ရေးခဲ့သည်။ `ဝိဇယကာရီ` နန်းတွင်းဇာတ်ကိုလည်း ရေးခဲ့သည်။

12 comments

  • tunaung

    December 1, 2010 at 9:40 am

    အားပေးသွားပါသည်….

  • doekalay

    December 2, 2010 at 4:16 am

    အားပေးသွားပါသည်…ဆက်ရေးပါအုံးလို ့

  • kai

    December 2, 2010 at 11:20 am

    မြန်မာရာဇဝင်တွေများဖတ်လိုက်ရင်.. သတ်ကြဖြတ်ကြလို့သေရတာချည်းပဲ..။
    အာဏာလိုချင်လို့များတော့ … သွေးသား..ဆွေမျိုးအချင်းချင်းများ ..ဖျောင်သလားမမေးနဲ့..။ ကလေးရော..ခွေးရော..အကုန်ရှင်းတာပဲ..။

    အာဏာကို သွေးထဲ-အရိုးထဲကမက်တဲ့… အာဏာမက်မျိုးဟေ့ဒို့ဗမာ လို့တောင်ပြောရမလိုဖြစ်နေတယ်…။

  • ဆူး

    December 2, 2010 at 11:28 am

    ကျူပင်ခုတ် ကျူငုတ် မကျန်လေ.. ကြောက်လို့ အကုန်သတ်တာ.. မျိုးဆက်ချန်ထားရင် ဂလဲစားချေမှာ စိုးလို့.. မြန်မာ ကားထဲမှာတော့ သိပ်မပါဘူး.. တရုတ်ကားထဲမှာတော့ မျိုးဆက် ၉ ဆက် တောင် ရှာသတ်ခိုင်းတာ..

  • kopauk mandalay

    December 2, 2010 at 11:39 am

    ဒါတောင် အဖေတူအမေကွဲတွေမို့လို့ဗျား။
    တစိ်မ်းသာဆိုရင ်တွေးဝံ့စရာတောင်မရှိဘူး။

  • maungmoenyo

    December 3, 2010 at 4:37 am

    ဗမာရာဇဝင်ကို “ဝါးရင်းတုတ်ရာဇဝင်”လို့တောင်မည်နိုင်တယ်ထင်ပါရဲ့…။ မဖွားကြီးကိုခမည်းတော်ရွှေဘိုမင်းနန်းဗိသိတ်ခံပြီး “သီရိသုမြတ်စွာရတနာဒေဝီ”ဘွဲ့ပေးသနားချိန်မှာ မိခင်ဖြစ်သူမမြလေး(ခေါ်)မမြကြုတ်ရဲ့ဦးလေးတော်သူ သာရဝေါမြို့စားပဲ့နင်းကြီးဖိုးထော်ရာကလင်္ကာစပ်ပြီးနန်းတွင်းမှာချီးမွန်းကျူးရင့်စာတင်သွင်းခဲ့ကြောင်းမှတ်သိရပါတယ်။ မောင်မိုးညိုငယ်စဉ်ကအဲ့ဒီကျူးရင့်စာလင်္ကာပေစာမူရင်းကိုအဖေကပြဘူးပါတယ်။ လှိုင်မင်းသမီးအိမ်ရှေ့စံထိပ်ထားဖြစ်ချိန်မှာအသက်(၂ဝဘလဲရှိပါသေးတယ်။ မူရင်း ရေကင်း-သာရဝေါမျိုးရိုးဆက်တွေမို့မောင်မိုးညိုရဲ့အဖေကသူဖဆပလအစိုးရအဖွဲ့မှာရှိစဉ်က””ရန်ကင်း”မြို့ကိုတည်ပြီးအမည်သမုတ်ခဲ့ကြောင်းဂုဏ်ယူစွာပြောတာကိုလည်းကြားဘူးပါတယ်။ မူးရင်းပစ္စည်းများရဲ့တန်ဘိုးကိုကောင်းကောင်းမသိခဲ့တဲ့အတွက်မျိုးရိုးစဉ်ထိမ်းသိမ်းရမဲ့အစဉ်အလာလည်းပျက်ကွက်ခဲ့ရပါတယ်။ ခုမှနောင်တရမိလေချင်း…။
    လှိုင်မင်းသမီးရဲ့မျိုးရိုးစဉ်ဆက်များကတော့ ပဲခူး-ဟံသာဝတီကနေ အခုအချိန်မှာတောင်ပိုင်းကာလီဖိုးနီးယားမှာရောက်ရှိကျက်စားနေထိုင်လျက်ရှိပါကြောင်း…သတင်းကောင်းကြွားလိုက်ပါတယ်။

  • kai

    December 3, 2010 at 9:04 am

    အောင်မြလေး…။
    ဒီအတိုင်းဆို.. ယူအက်စ်မှာ ..ဗမာနန်းတွင်းမျိုးရိုးတွေ တော်တော်များတာပဲ..။
    မြန်မာပြည်ကတိုက်ရိုက်လာတဲ့..သီပေါအမျိုး..။ ဗီယက်နန်ကလာတဲ့ .. မြင်ကွန်း မြင်းခုန်တိုင် အမျိုး..။
    အားလုံးစုပြီး .. အခု အာဏာပိုင်တွေဆီမှာ .. လျှော်ကြေးတောင်းကြပါလားဟင်… ါ်)

  • manawphyulay

    December 3, 2010 at 12:47 pm

    ဒါဆို kai လည်း ဒီအမျိုးအနွယ်တွေထဲတောင် ပါနေမလားမသိဘူးနော်……… ပြောလို့ရတာ မဟုတ်ဘူး။ ဟိဟိ

  • kopauk mandalay

    December 3, 2010 at 2:45 pm

    တရုတ်ကားထဲမှာတော့ မျိုးဆက် ၉ ဆက် တောင် ရှာသတ်ခိုင်းတာ..
    မြန်မာကတော့ 2ဆက်ရော့တယ်လေ
    ဆွေစဉ် (7)ဆက်မျုးိစဥ ်(၇)ဆက်သတ်တာပါ။

  • ဆူး

    December 3, 2010 at 2:56 pm

    ဒါနဲ့ မျိုးဆက် ၉ ဘယ်လိုတွက်လဲ မသိဘူး.. တွက်ပြပါလား

  • kai

    December 4, 2010 at 12:12 am

    ဘ၊ဘိုး၊ဘေး၊ဘီ၊ဘင်၊ဘောင်၊ဘော …သား၊မြေး၊မြစ်၊တီ၊တွတ်၊ကျွတ်၊ဆတ် ..အထိတော့ ကြားဖူးတယ်..။
    အနောက်တိုင်းကတော့ ..၆ဆက်လားမသိ..ဆက်လိုက်ရင် ..လူတိုင်းအမျိုးတော်နေပါသတဲ့..။
    အဲဒီလိုနဲ့ ..အမည်းအိုဘားမား(အမေရိကန်သမ္မတ)နဲ့ ..အဖြူဒစ်ချင်နီ(ယခင်ဒုသမ္မတ)တို့ အမျိူးတော်နေသတဲ့..။

    ဒီလိုဆို..ကျုပ်က ..မင်းတုန်းမင်းနဲ အဲလိဇဘတ်ဘုရင်မ … အမျိုးစပ်ပေးလို့ရတဲ့..အလယ်မျိုး ဖြစ်ချင်ဖြစ်နေမှာ .. 🙂

Leave a Reply