မပြီးခင်မြန်မာ မမြင်စေနဲ့ .. ဆိုရိုးစကားလဲရှိပါသဗျ ..။ အခုလဲမပြီးခင် မြန်မာတွေမြင်ကုန်တော့ … ကျနော် အခန်းနဲနဲ ကျော်ရေးရတော့မှာပါ …။

မကြည်ပြာရဲ့ ဓာတ်ပုံကိစ္စလေးပါ ..။ အယ်ဒီတာများကတော့မြင်တတ်တာပေါ့ဗျာ ဒီပုံဟာ သူ့ရဲ့ သဘောတူညီချက်နဲ့ ရိုက်ခဲ့တဲ့ပုံပါ။ .. မကြည်ပြာဟာ သူဒီလို ..သူများတွေကို
နှိပ်ပေးရတဲ့ ဘ၀ နဲ့ ကျောင်းစားရိတ်ရှာနေရတာကို လုံးဝ မညီးညူပါဘူး ..။ ကျောင်းကဆရာတွေ ဆရာမတွေကလည်း အကုန်သိပါတယ် ၀ိုင်းဝန်းပြီးလဲကူညီကြပါတယ်။

သူ့ကျောင်းစားရိတ်သာမက သူမဟာ အိမ်ကိုလဲထောက်ပံ့နေရပါတယ်။ အဖေက ကြယ်ငါးပွင့်သဘောင်္ ကုန်တင်ကုန်ချ အလုပ်သမားပါ ။ သိကြတဲ့အတိုင်း မြန်မာပြည်က ပို့ကုန်
တွေကြသွာတော့ သဘောင်္က အခေါက်မှန်မှန် မထွက်နိုင်တော့ဘူးလေ …။ သဘောင်္ပေါ်မှာ တင်ရမဲ့ကုန်ရှိမှ အလုပ်သမားတွေက အလှည့်နဲ့ အလုပ်ရကြတာမို့လား။
အမေက နေ့ပြန်တိုးနဲ့ဈေးရောင်းတယ် …။ အရောင်းအ၀ယ်ကမကောင်းလှဘူး ..။ မကောင်းတာတော့မပြောနဲ့တော့ အရင်ကငွေတိုးချေးသူတွေဟာ …
တလကို အလွတ်ဆိုရင် ၁၅ ကျပ်ထိရကြပါတယ်။ အခုလက်ရှိ အနေအထားမှာတော့ .. အလွတ်ကို ၃ ကျပ်တိုး ဘဲရပါတယ်။ ဒါတောင် တချို့ဆိုရင် ၃ ကျပ်တိုးကိုမပေးနိုင်
တော့လို့ ငွေပြန်အပ်နေကြပါပြီ။

အဲ မကြည်ပြာ အကြောင်းနဲနဲဆက်ကြရအောင် … ကျနော်တို့ရန်ကုန်မှာ ဂျပန်လူမျိုး တယောက်ကနေ မျက်မမြင်တွေအတွက် အနှိပ်ပညာ သင်ပေးခဲ့ပြီး မျက်မမြင်များ
အနှိပ်ခန်း ဖွင်ပေးထားတာရှိပါတယ် …။ တချို့လှုချင်သူများကလည်း အဲဒီကို သက်သက်သွားပြီး အနှိပ်ခံလေ့ရှိပါတယ်။ ဒီိအတိုင်းသွားပြီး ကျနော်လှုခဲ့ဖူးပါတယ်။
သူတို့ လက်မခံပါဘူး ….။ သူတို့နှိပ်တာကို ခံယူပါ .. အကြောဖွင့်ပေးခြင်း လေဖွင့်ပေးခြင်းမို့ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်တဲ့ သူတို့ပညာကို မယုံလို့လားလို့
ဆိုသဗျ။ ….. မကြည်ပြာ ကလည်း လာတဲ့ဧည့်သည်များကို သန့်ရှင်းစွာနဲ့ နင်းနှိပ်ပေးပါတယ် ။ နှိပ်နေရင်းနဲ့လည်း စကားတွေပြောဖြစ်ကြပါတယ် …။

သူတို့အနှိပ်ခန်းမှာ ခုနက ကျနော် သန့်ရှင်းစွာနင်းနှိပ်ခြင်းလို့ သုံးနှုန်းခဲ့တယ်နော် …။ တချို့က လာတဲ့ဧည့်သည်ကို နှိပ်ရင်းနဲ့ မထိခလုပ်ထိခလုပ် လုပ်ကြပါတယ်။
ဒါကတော့ သူတို့ရဲ့ အပိုငွေ ဘောက်ဆူးပေါ့ .. အဲဒါ ကို မျိုးမျိုး မျက်မျက်လေး ရဖို့ပါ။ အဲ သူတို့အောင်မြင်သွားရင် ဘောက်ဆူးက လေးငါးထောင်ရတတ်ပါတယ်။
တချို့ကြတော့လဲ လာတဲ့ဧည့်သည် ကိုယ်တိုင်က ရည်ရွယ်ချက်နဲ့လာကြသူတွေလဲရှိပါတယ် …။ ရည်ရွယ်ချက်နဲ့လာတဲ့သူတွေက … အများအားဖြင့်ကျောက်အောင်သူတွေ
တချက်ချက်နဲ့ပွပေါက်တိုးခဲ့သူတွေ ငွေကိုပြစ်ပေးနိုင်သူတွေပေါ့ …။ မိန်းကလေးတွေကို အနှိပ်ခံရင်း သူတို့သဘောကျရင် ငွေထုတ်ပြပြီးဆွယ်တာပေါ့လေ …။

မကြည်ပြာတို့ အလုပ်မှာ အလုပ်လုပ်ကြတဲ့သူတွေဟာ အပြင်ထွက်ခွင့် လွယ်လွယ်နဲ့မရပါဘူး …။ ဧည့်သည်က by name နဲ့လာရင် အခေါ်ခံရတဲ့ မိန်းကလေးက
အလုပ်ဝင် …။ by name နဲ့ မလာရင် ဧည့်သည်အရနဲတဲ့မိန်းကလေးကို manager ကကြည့်ပြီးထည့်ပေးရပါတယ် ..။ မကြည်ပြာကတော့ ကျောင်းသူမှန်းသိလို့
အပြင်ထွက်ခွင့်ရပါတယ် … အပြင်မှာ computer သင်တန်းတက်တာ basic တောင်ပြီးသွားပြီတဲ့။ internet တော့မသုံးတတ်သေးပါဘူးတဲ့ ..။

ပြီးခဲ့တဲ့ ၂ ရက်လောက်ကဘဲ final exam ပြီသွားပါပြီတဲ့ ….ဒီလတော့ အိမ်ကိုမထောက်နိုင်သေးပါဘူးတဲ့ …။ ၂ ဘာသာ ကောင်းကောင်း မဖြေနိုင်လို့ ဆရာဆီမှာ
ခုံနံပါတ် တော့ပေးထားတာဘဲ … ပြောပါတယ် ..။ သူခုံနံပါတ်ပေးထားတဲ့ဆရာကလည်း တချိန်က ကျနော့ ဆရာပါ ..။ general management , marketing , leadership ,… problem solving … အဲဒါတွေကို ခေတ်နောက်မကျအောင်ကျနော်တို့ကလည်း တက်ထားရတာကိုး ..။ အော်ကြုံတုန်းမို့ ကျနော်တို့ computer
စသင်ရတော့ computer မှာ mouse ဆိုတာမရှိသေးဘူး ပေါ်သေးဘူးဗျ ။ key board နဲ့ဘဲ အကုန်လုပ်ရတာ ။

တခုကျနော်ပြောချင်တာကတော့ … အနှိပ်ခန်းတွေမှာ ပြည့်တန်ဆာ အလုပ်လုပ်လို့မရပါဘူး … ဒါကြောင့် လာတဲ့ဧည့်သည်က ငွေနဲ့ဆွယ်ပြီး သူတို့ကို ခွင့်ယူခိုင်း
အပြင်ရောက်မှ တည်းခိုခန်းသွားကြတာပါ …။ ကျနော်တို့မြို့နယ်မှာ အနှိပ်ခန်း စုစုပေါင်း ၃၅ ခု ရှိပါတယ် ..။ တခန်းကို ပျှမ်းမျှ မိန်းကလေး ၂၀ နဲ့ အထက်ရှိပါတယ် ..။
လုပ်ငန်းပမာဏမှန်းကြည့်လီု့ရတာပေါ့ …။ အနှိပ်ခန်း ဆိုပေမဲ့လဲ … ingo တွေက အလုပ်လုပ်သူ မိန်းကလေးများကို လိင်နဲ့ပါတ်သက်တဲ့ပညာတွေ ပေးထားတာကို
တွေ့ရပါတယ် ..။ ကူးစက်တတ်တဲ့ရောဂါတွေအကြောင်းလဲ သူတို့နားလည်ကြပါတယ် …။ ….ကဲ နောက်တခါမှ ဆက်ချင်လဲဆက်အုံးမယ် .. မဆက်ချင်လဲမဆက်တော့ဘူး။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.