ဝိကီလိခ့်ကနေ မြန်မာနဲ့ ပါတ်သက်တာ ဘာတွေထွက်သလည်း အချိန်ရရင်ရသလောက်ရှာနေပါတယ်..။ အဲဒါတခြား မြန်မာနဲ့ဆိုင်တာလေးတွေတွေ့ရင် တင်ကြပါဦး.။

အခုလောလောဆယ်တော့ .. မြန်မာပြည်အပေါ် ယူအက်စ်ရဲ့ အင်ထရက် ဘယ်လောက်ရှိသလဲ ခန့်မှန်းနိုင်မဲ့ ဇယား-ပုံတခုတင်ထားပါမယ်..။
အ၀ိုင်းရဲ့အရွယ်က စာတွေအ၀င်ထွေက် ပမာဏဖြစ်ပြီး အရောင်ကတော့ .. အပြာဆို ထိပ်တန်းလျှို့ ဝှက်ဖြစ်ပြီး ..အစိမ်းကတော့ ..သာမန်ရုံးတွင်းစာပေါ့..။

ဇယားအရ ..မြန်မာပြည်အပေါ် ယူအက်စ်ရဲ့ စိတ်ဝင်စားမှုဟာ ၂၀၀၁ကနေခုန်တက်လာတာတွေ့ရပြီး .. ဘေးနိုင်ငံတွေနဲ့စာရင် အရောင်ရင့်တာမို့ .. အရေးကြီးတဲ့အဆင့်ရှိပါတယ်.။ ဒါတောင် မြန်မာပြည်ဟာ ယူအက်စ်သံအမတ်အဆင့် မထားရှိတဲ့ တိုင်ပြည်ဖြစ်ပါတယ်..။စကေးအရ တွက်ကြည့်ရင် ..မြန်မာပြည်ကို မြောက်ကိုရီးယားထက်အလေးထားဟန်ရှိပြီး.. အရှေ့ တောင်အာရှမှာလည်း ထိပ်ဆုံးရှိနေတယ်လို့ ထင်ကြောင်းပါ..။

သတိတော့ ထားကြပေါ့နော..။ ယူအက်စ်ရဲ့ ထောက်လှမ်းရေးစံနစ်အရ ၀ိကီလိခ့်ကစာတွေကို စောင့်ကြည့်နေပြီဖြစ်တာမို့ .. အရမ်းကာရောသုံးသပ်တင်ပြနေရင်လည်း .. သူတို့ရဲ့ စက်ကွင်းထဲဝင်သွားမှာ စိုးရပါတယ်..။ ဆိုလိုတာက .အင်တာနက်တခုလုံးကို အခုအချိန်တွေဆို .. စကန်င်လုပ်နေလာက်ပါပြီလို့ ဆိုလိုချင်တာပါ။

kai

About kai

Kai has written 925 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.