လူကြီးမဆန်မိသော ဂေါ်ဇီလာ ံ

Good IdeaDecember 1, 20101min730

Facebook မှာ လျှောက်မွှေရင်းနဲ့ ကိုဂေါ်ဇီလာဆိုဒ်ကို ရောက်ဖြစ်ခဲ့တော့ သီးလေးသီးနဲ့ ပတ်သက်တဲ့ သူ့ခံစားချက်ကို ရင်ဖွင့်ထားတာ တွေ့မိလို့ မိတ်ဆွေတွေ သိရှိအောင် ဝေမျှပေးလိုက်ပါတယ်။ ဖတ်ရှုတော် မူကြပါ။

ခုတလောသီးလေးသီးဆေးရောင်စုံအဖွဲ ့နဲ ့ ပတ်သတ်ပြီးကြားနေရသောသတင်းများမှာကွဲသွားကြပြီတဲ ့

ဟုတ်လားကိုဂေါ်ဇီလာလို ့မေးကြတာတွေများပါတယ်အဲဒီမေးခွန်းတွေနဲ ့ ပတ်သတ်ပြီးအဖြေပြန်ပေးရရင်လူကြီး

လူကြီးမဆန်မိတဲ ့ ဂေါ်ဇီလာအရေးလေးကိုဖတ်ရှုပြီးအဖြေကိုတွက်ချက်ပေးကြပါလို ့တော့ မေတ္တာရပ်ခံပါရစေ။

ဂေါ်ဇီလာလူကြီးမဆန်မိတဲ့ ဖြစ်ရပ်အစက သီးလေးသီးဆေးရောင်စုံအငြိမ့်ကြီး ကိုရီးယားမှာပွဲကတုန်းကစခဲ ့

တယ်ဆိုရင် မမှားပါဘူးဘာဖြစ်လို ့လဲဆိုတော့ ၂၀၀၈ဖွဲ ့စည်းပုံအခြေခံဥပဒေကြီးကိုအတည်ပြုဖို ့ စစ်အစိုးရက

ကြိုးပန်းနေချိန်မှာ ကျနော်တို ့ရဲ ့ ဆရာသမားလည်းဖြစ် အဖွဲ ့တည်ထောင်သူလဲဖြစ်တဲ ့ကိုသူရကဂေါ်ကြီးရေစစ်

အစိုးရရဲ ့မတရားတဲ့ ၂၀၀၈ဖွဲ ့စည်းပုံကိုကန် ့ကွက်ရမယ်၊ ပြည်သူတွေကိုအသိပေးရမယ်ဒါကြောင့် ၈၈ မတိုင်ခင်က

နံမည်ကြီးခဲ့တဲ့ သူတောင်းစားပြဇာတ်ကိုအခြေခံပြီး ၂၀၀၈သူတောင်းစားဖွဲ ့စည်းပုံညီလာခံဆိုပြီး ဂျပန်ရောက်ရင်

ကခဲ့ကြပါလားလို ့ အကြံပေးခဲ့ပါတယ်။ဂျပန်ရောက်တော့ ပွဲစီစဉ်သူတွေနဲ ့တိုင်ပင်ကြည် ့တော့ကောင်းတာပေါ ့

လုပ်သင့်တယ်လို ့အတည်ပြုကြတယ် တကယ်လဲကဖို ့ပြဇတ်တိုက်တော့အဖွဲ ့ထဲကအဖွဲ ့သားတချို ့ကမကရဲ

ဘူးတဲ ့သူတို ့ကအထဲကိုပြန်ဝင်မှာဆိုပြီး ငြင်းဆိုကြပါလေရော။ အဖွဲ ့သားတဦးဖြစ်တဲ ့စိန်သီးကဒါဟာဆရာသမား

ပေးတဲ ့အကြံဖြစ်လို ့လုပ်ကြရမယ်ဆိုတော့ ဆရာသမားဘဲဖြစ်ဖြစ် ကျေးဇူးရှင်ဘဲဖြစ်ဖြစ်ဘဝနဲ ့ရင်ပြီးတော့မလုပ်

ပေးနိင်ပါဘူးလို ့ပြောကြတယ်လေအဲဒါနဲ ့ဘဲရှိတဲ ့လူနဲ ့ရအောင်ကလို ့မရဘူးလားလို ့ဆရာသမားကမေးတော့

ရအောင်ကပါမယ်ဆိုပြီးကျနော်ဂေါ်ဇီလာ၊ စိန်သီး၊ ချောစုမျိုး၊ ဇီးသီးတို ့နဲ ့အတူဂျပန်မှာရှိတဲ ့အနုပညာရှင်တွေနဲ ့ပူး

ပေါင်းပြီးကပြခဲ ့တာအောင်မြင်ခဲ့ပါတယ်။ တကယ်တော့အဲဒီအောင်မြင်တဲ့ပွဲလေးမှာလူစုံအောင်ပါဝင်ခဲ့အောင်

မစည်းရုံးနိင်ခဲ ့တာဟာ အဖွဲ ့မှာလူကြီးဖြစ်တဲ ့ဂေါ်ဇီလာရဲ ့လူကြီးမဆန်ခဲ ့တဲ ့ဖြစ်ရပ်တခုပါ။

ဒုတိယတခုကတော့အမေရိကားပွဲစဉ်အပြီးမှာအဖွဲ ့ရဲ ့အက်သံတွေဖြစ်ပေါ်လာတဲ ့အတွက်ဆရာသမားက

ငါလွတ်လိုက်တာလက်၅ချောင်းနော်အဲဒီလက်၅ချောင်းကိုစုစည်းလိုက်ရင်လက်သီးဖြစ်တယ်လို ့သတိပေးခဲ ့ပါ

တယ်အဲဒီအချိန်မှာဘဲaustraliaကပွဲကဖို ့ခေါ်ရောကျနော်နဲ ့စိန်သီးကအားကြိုးမန်တက်ဆောင်ရွက်နေချိန်မှာ

တော့ပန်းသီးကဂေါ်ဇီလာဦးဆောင်ပြီးသွားမယ်ဆိုရင်တော့လိုက်မကနိင်ပါဘူးဆိုပြီးစိန်သီးကိုပြောချိန်မှာစိန်သီး

နံဘေးမှာရှိနေတဲ ့ကျနော်အံဩမိတယ်ခက်တာကအဲဒီအချိန်မှာစိန်သီးကဖုန်းကိုစပီကာဖွင့်ထားမိတာကိုးဒါနဲ ့

ဘဲကျနော်လဲaustraliaကပွဲစီစဉ်သူတွေကိုအကျိုးအကြောင်းပြောပြီးကျနော်ပါရင်သူတို ့ကမကဘူးဆိုတော့

နေခဲ ့လိုက်တော့မယ်သူတို ့သာခေါ်ကလိုက်ပါလို ့ပြောတဲ ့အခါမှာပွဲစီစဉ်သူတွေကလူမစုံဘဲနဲ ့တော့မခေါ်

ပါဘူးသီးလေးသီးဆေးရောင်စုံအဖွဲ ့ကိုဖြိုခွဲသူအဖြစ်လဲအရောက်မခံနိင်ပါဘူးလူစုံမှဘဲပြန်စီစဉ်ကြတာပေါ ့

လို ့ပြန်ပြောပါတယ်။

နောက်တော့ USA ကကိုယဉ်ထွေးက USA မှာထပ်ပြီးပွဲလုပ်ပါ့မယ်ဆိုပြီး စိန်သီး ဆီကို

အကြောင်းကြားလာပါတယ်။ အဲဒီအချိန်မှာတော့ ပန်းသီးက ဂေါ်ဇီလာတို ့ကမကတော့ပါဘူးဆိုပြီးသတင်း

လျှောက်လွင့်တယ် အဲဒီအချိန်မှာပွဲစီစဉ်သူကိုယဉ်ထွေးက ကျနော်တို ့ကိုမမေးတော့ဘဲ သီးလေးသီးဘဲ USA

မှာပွဲကဖို ့စီစဉ်နေကြောင်း အကြောင်းကြားလာပါတယ် စိန်သီးကရွက်မစုံတက်မစုံဘဲ မလှော်ချင်ပါဘူးဆိုပြီး

အကြောင်းပြန်ခဲ ့ပါတယ်ဒါကိုသီးညီနောင်ဆိုပြီးမိုးမခအင်တာပြူးမှာဂေါ်ဇီလာကတော့မကတော့ပါဘူးဆိုပြီး

တရားဝင်စာ ထုတ်ထားတယ်။ စိန်သီးကတော့လူမစုံရင်တော့မကပါဘူးဆိုပြီးပြောထားကြတယ်။ ကျနော် ဒုတိယ

မိအံဩမိပြန်တယ်ဒါပေမဲ ့လည်း ဂေါ်ဇီလာတယောက် လူကြီးမဆန်စွာ ရေငုံနုတ်ပိတ်နေခဲ ့မိပါတယ်။

တတိယအကြိမ်ကတော့ပြီးခဲ ့တဲ ့၁၉ ဂျုလိုင်မှာဗိုလ်ချုပ်ဖခင်ဂုဏ်ပြုသဘင်အငြိမ့်ကတော့ပန်းသီးကစိန်သီး

ဆီကို e-mail ပို ့တယ်ပွဲကဖို ့တော့ရှိတယ်ဂေါ်ဇီလာနဲ ့ချောစုမျိုးတော့မပါဘူးပေါ ့အကိုရောပါအုံးမလားတဲ ့

စိန်သီးကထုံးစံအတိုင်းဘဲတက်စုံရွက်မစုံဘဲမလှော်ပါရစေနဲ ့အကြောင်းပြန်ခဲ ့တယ်တကယ်ဆိုဂေါ်ဇီလာက

ညီလေးတို ့ရေအကိုလဲပွဲကချင်ပါတယ်ပါခွင့်ပြုပါဆိုပြီးခွင့်တောင်းသင့်တာပေါ့။ ဒါပေမဲ့ ဂေါ်ဇီလာတယောက်

တတိယအကြိမ်မြောက်လူကြီးမဆန်စွာဘဲရေငုံနုတ်ပိတ်နေခဲ ့ပြန်တယ်

တခါမဲဆောက်ရောက်ပြန်တော့လူတချို ့ကသီးညီနောင်ဆိုပြီးထောင်လိုက်ကြပြီကိုဂေါ်ဇီလာတို ့ကောဘယ်

နံမည်နဲ ့ထပ်ထောင်မလဲတဲ ့ဒီမေးခွန်းကကျနော်ကိုစတုထ္ထအကြိမ်မြောက်အံဩစေခဲ့တဲ့ မေးခွန်းဖြစ်နေတယ်

ကျနော်လည်းမထူးတော့ဘူးဆိုပြီး ရင်ထဲကစကားကိုဖွင့်ပြောလိုက်တယ်

ကျနော်ရင်ထဲမှာသီးလေးသီးဆေးရောင်စုံဆိုတာတဖွဲ ့ထဲဘဲရှိပါတယ်။ ၂ဖွဲ ့မရှိပါဘူးနောက်ပြီးကျနော်တို ့ ပြည်ပ

ကိုထွက်လာတာဟာနိင်ရာတာဝန်ထမ်းဖို ့ ပါအဖွဲ ့စည်းတွေတိုးပွါးအောင်လုပ်ဖို ့မဟုတ်ပါဘူးလို ့လူကြီးမဆန်စွာ

ထပ်ပြောမိပြန်ပြီ ဘယ်လိုအခြေနေဘဲဖြစ်ပါစေ သီးလေးသီးဆေးရောင်စုံဆိုတာတဖွဲ ့ထဲပါလက်ကမ်းကြိုဆို

သလိုတံခါးလည်းထာဝရဖွင့် ထားလျှက်ရှိပါတယ်လို ့လူကြီးမဆန်စွာပြောမိတာကိုတော့ ခွင့်လွတ်ပေးကြပါလို ့

မေတ္တာရပ်ခံရင်း လူကြီးမဆန်တဲ့ဂေါ်ဇီလာကို ရှေ ့ဆက်ဘယ်လိုလျှောက်လှမ်းသင့်တယ်ဆိုတာကိုလဲ ဝေဖန်

အကြံပြုပေးကြပါ။

လေးစားစွာဖြင် ့

ဂေါ်ဇီလာ

(သူ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။ သူ၏ Facebook လိပ်စာက http://www.facebook.com/note.php?note_id=145278315506879&id=100001044232867#!/profile.php?id=100001044232867&v=wall ဖြစ်ပါတယ်။)