ခင်စိုးပိုင် ကားတိုက်မှူဖြစ်ပွားခဲ့သောကြောင့် ညာဘက်မျက်လုံးပြင်းထန်စွာ ထိခိုက်

etoneDecember 2, 20101min490

ပါပီမဇာတ်ကားဖြင့်ရုပ်ရှင်လောကထဲလို့ရောက်ရှိလာခဲ့သော သရုပ်ဆောင် အကယ်ဒမီ ခင်စိုးပိုင်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ညက ကားအက်ဆီးဒင့် ဖြစ်ပွားခဲ့ကြောင်းသိရသည် ။ထို ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ ဗဟိုဈေးအနီးတွင်ဖြစ်ပွားခဲ့ပြီး ခင်စိုးပိုင်ဧ။် ညာဘက်မျက်လုံး မှန်စဝင်ရောက်ကာ ပြင်းထန်စွာ ထိခိုက်ဒဏ်ယာ ရခဲ့သည်။ လက်ယာဘက်လက်လည်း ထိခိုက်မိကြောင်းသိရသည် ။ သူမသည် မင်းအုပ်စိုးဧ။်ခြံ၌ ဖွင့်လှစ်ထားသော အနုပညာသင်တန်းမှ သင်တန်းပို့ချပြီး အပြန်တွင် ထိုကဲ့သို့ဖြစ်ပွားခဲ့ကြောင်းသိရသည် ။ စံပြဆေးရုံ အရေးပေါ်သို့ပို့ဆောင်ခြင်းခံခဲ့ရပြီး ယခုအခါတွင်မျက်စိဆေးရုံကြီး၌ တက်ရောက်ကုသနေခြင်းဖြစ်ကြောင်းသိရသည် ။ ကားတိုက်မှူဖြစ်သော တခြားယဉ်ဘက်မှ လာရောက်တွေ့ဆုံခြင်းမျိုးလည်း မရှိသေးကြောင်းသိရသည် ။