NEW INSTRUCTION FOR INTERNET CAFES

fattyDecember 2, 20101min1144

အင်တာနက်ဆိုင် များသို့ လာရောက်သုံးစွဲသူများ၏ နိုင်ငံရပ်ခြား ဆက်သွယ်မှုကို ထောက်လှမ်းနိုင်ရန် software တမျိုး တပ်ဆင်ကြရန် ထပ်မံ ညွှန်ကြားလိုက်ကြောင်း
သိရသည်။ ဆိုင်ပိုင်ရှင်တချို့၏ပြောကြားချက်အရ ယခင်ကလည်း ထိုသို့တပ်ဆင်ရျ် နေ့စဉ် report ပေးခဲ့ရကြောင်း …. သို့သော် နေ့စဉ် အသုံးပြုနေမှုများအား
စစ်ဆေးကြည့်ရာ .. ရည်းစားစကားပြောခြင်းများသာဖြစ်နေသဖြင့် သက်ဆိုင်သည့်အဖွဲ့အစည်းများမှ မဖတ်နိုင်ကြတော့ကြောင်း …။

သူတို့အနေဖြင့် မြို့တော် ခန်းမ အနီး internet ဆိုင်တွင် ဗုံးတွေ့သည်ဆိုခြင်းမှာ ထို software တပ်ခိုင်းရန်အတွက် အကြောင်းရှာခြင်းများလားဟုပင် ထင်ကြောင်း …
ပြောကြားပါသည်။

အခြေအနေမဟန်ရင် mandalaygazette ကို ကြိုတင် နှုတ်ဆက်ထားရမည့်ပုံပင် ။

4 comments

  • intro

    December 2, 2010 at 11:54 am

    အင်… သေရောဟ၊ ကိုယ့်အကြူဇယားတွေ လူသိကုန်ရင် (သားသားရှက်ရှက်) 😛

  • kai

    December 2, 2010 at 8:12 pm

    သူတို့တွေ .. အနှိပ်ခန်းနဲ့ ကရာအိုကေခန်းမှာ စီစီတီဗီတပ်ဖို့ဘာလို့ ဥပဒေမထုတ်လဲ မသိဘူးနော…။

  • etone

    December 3, 2010 at 6:37 am

    လုပ်ပြန်ပြီ … အလုပ်မရှိအလုပ်ရှာပြီး ကြောင်ရေချိုးတော့မယ် ။

  • fatty

    December 3, 2010 at 8:17 am

    အဲဒီအခန်းတွေသာ cctv တတ်လိုက်ရင် မောင်မျိုးမင်း ရင်တွင်းဖြစ် တို့ ရုပ်ရှင်ရိုက်စားဘို့ အခက်တွေ့သွားမယ်
    ထင်တယ်ဗျ။

Leave a Reply