မြန်မာနိုင်ငံတွင်ရာသီဥတုဆိုင်ရာ…… ဗဟုသုတတိုးပွားစေနိုင်မည့်၃ခုမြောက်ဝက်ဆိုက်ဒ်လွင့်တင်တော့မည်

zaw mgDecember 2, 20101min620

နာဂစ်မုန်တိုင်းကြီးဒဏ် အလူးအလဲခံစားခဲ့ရပြီးနောက်မြန်မာနိုင်ငံတွင် ရာသီဥတုဆိုင်ရာဗဟုသုတိုးပွားသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဖေါ်ပြပေးသော

ရာသီဥတုဆိုင်ရာ ဝက်ဆိုဒ်များလွင့်တင်လာကြကြောင်းသိရသည်။

ထိုကဲ့သို့ လွင့်တင်လာသောရာသီဥတု ဝက်ဆိုဒ်များအနက် ရာသီဥတုပြောင်းလဲခြင်းအကြောင်း

ဖေါ်ပြမည့် www.myanmar-nufcc-ne.net. အား ဒီဇင်ဘာလအတွင်းလွင့်တင်တော့မည်ဟုသိရသည်။ အဆိုပါ ဝက်ဆိုဒ်တွင် မည်သည့်နေရာတွင်ရာသီဥတုဒဏ်ကိုအများဆုံးခံရကြောင်း ၊ မည်သို့ရင်ဆိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည့် ဗဟုသုတ ရရှိစေမည့် သတင်းအချက်အလက်များပါဝင်မည်ဟုသိရသည်။ မြန်မာနိုင်ငံတွင် ရာသီဥတုဆိုင်ရာ

သတင်းဝက်ဆိုဒ်များအားပြည်သူများမှ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းပိုမိုကြည့်ရှဲ့လေ့လာခဲ့ကြရာ ထင်ရှားသော ဝက်ဆိုဒ်မှာ www.mmweather.com နှင့် www.tunlwin.comဖြစ်ပြီး အစိုးရမဟုတ်သော စေတနာရှင်များကစုစည်း၍

လွင့်တင်ဖေါ်ပြပေးခြင်းဖြစ်ကြောင်းသိရသည်။