သင့်အောင်မြင်မှု အရည်အသွေးများကို သိသာထင်ရှားပါစေ

manawphyulayDecember 2, 20101min520

Resume Basic ခိုင်မာသော resume တစ်ခုအတွက် အခြေခံ ထုထည်ကောင်းတစ်ခုလိုအပ်ပါတယ်။ အားနည်းတဲ့ ဖွဲ့စည်းမှုကို ဘယ်လိုလှည့်စားမှုနဲ့မှ ဖုံးကွယ်လို့မရနိုင်ပါဘူး။

(၁) အကျိုးသက်ရောက်မှုရှိသော resume ဦးတည်ချက် (ရည်ရွယ်ချက်) ရှိသော resume ဖြစ်ရန်၊

(၂) Plain text resume တစ်ခုကို ဘယ်လိုဖန်တီးပြီး email ဘယ်လိုပို့မလဲ။

(၃) Interview ဖြေနိုင်ခွင့်အတွက် resume ဘယ်လိုရေးမလဲ။

(၄) Resume တစ်ခုကို ဦးစွာပထမပို့ပါ။ ထို့နောက် အခြေအနေကို မျက်ခြေမပျက် အကဲခတ်ပါ။

(၅) Resume ရေးနိုင်ဖို့ ဝန်ဆောင်မှုတွေ သုံးသင့်လား။

(၆) မိမိ၏ ယခုလက်ရှိ အခြေအနေ အထိပါဝင်သော resume ဖြစ်ရန်။

(၇) ရိုးသားမှုရှိတဲ့ resume တစ်ခု၊

(၈) Resume တိုင်းမှာ ပါသင့်တဲ့စကားလုံးများ။

(၉) သင့် resume ကိုအားပျော့စေသော စကားလုံးများ။


Effective Resume (အကျိုးသက်ရောက်မှုရှိသော resume)

သင်သည် အလုပ်တွေကို သိမြင်တဲ့သူ (သို့) ဆန့်ကျင်တဲ့သူလား။ အလုပ်ရှာသူအများစုနှင့် လုပ်ငန်း ခွင်ကျွမ်းကျင်တဲ့သူတွေမှာ ခိုင်မာတဲ့ ယူဆချက်တွေ ရှိကြပါတယ်။ ဒီလိုယူဆချက်ရှိတဲ့ သူတွေကတော့ ရည်ရွယ်ချက်ကောင်းတွေဟာ ရည်မှန်းတဲ့ ရာထူးနေရာ တစ်ခုရဖို့ အရှင်းဆုံးနဲ့ အမြန်ဆုံးလမ်းလို့ ပြောကြပါတယ်။

Summarization Your Skill (သင့်ကျွမ်းကျင်မှုကို အကျဉ်းချုပ်ဖော်ပြခြင်း)

သင့်ရဲ့ကိုယ်ရေး အကျဉ်းချုပ်သည် သင့်အလုပ်ရည်မှန်းချက်ထက်ပို၍ အကျိုးသက်ရောက်စေသည်။ “အလုပ်အကိုင် ရည်မှန်းချက်သည် အလုပ်ကိုဗဟိုပြု၍၊ အကျဉ်းချုပ် ဖော်ပြချက်သည် အလုပ်ရှာသူအတွက် ဗဟိုချက်ဖြစ်သည်”။ အကျဉ်းချုပ်ဖော်ပြချက်သည် သင့်အတွေ့အကြုံ၊ ကျွမ်းကျင်မှုများကို ခြုံငုံဖော်ပြသော ဝါကျအားဖြင့် (၁) ကြောင်း၊ (၂) ကြောင်းမျှသာ ဖြစ်သည်။ သင်သည် အရည်အသွေးပြည့်ဝပြီး အခြားအလုပ် လျှောက်သူများနှင့် ကွဲပြားပြီး (ပိုတော်တဲ့) လျှောက်ထားသူဖြစ်ကြောင်း ဒီအကျဉ်းချုပ်ဖော်ပြချက်က သိသာထင်ရှားစေမှာ ဖြစ်ပါတယ်။

Highlighting Your Achievements (သင့်အောင်မြင်မှု အရည်အသွေးများကို သိသာထင်ရှားပါစေ)

တစ်ခါတစ်ရံမှာ အလုပ်ရည်မှန်းချက် တစ်ခုတည်းဟာ ရွေးချယ်စရာ မရှိဘဲကန့်သတ်ထားသလို ဖြစ်တတ် ပါတယ်။ – ကိုယ်ရေးအကျဉ်းဟာလည်း သင့်ရဲ့ပြီးမြောက်ခဲ့သော အလုပ်တွေကို ဖော်ပြနိုင်ဖို့ရန် သိပ်ကို တိုတောင်းလွန်း နေပါတယ်။ – ဒီလိုဆိုရင် သင့်မှာနောက်ထပ် ရွေးစရာရှိပါတယ်။ အဲဒါကတော့ သင့်ရဲ့အရည်အချင်းတွေကို အကျဉ်းချုပ် ဖော်ပြမှု တစ်ခု ဖြစ်ပါတယ်။ – Summery of Qualification (အရည်အသွေးအကျဉ်းချုပ်) သည် Summery of Statement (ကိုယ်ရေး အကျဉ်း) နဲ့ ပုံစံတူသည်။ သို့သော် ကွဲပြားချက် အချို့ရှိသည်။ (i) အရည်အသွေးဖော်ပြချက်တစ်ခုတည်း မဟုတ်ဘဲ အခြားအရည်အသွေးများကိုပါ စာရင်းပြုစုဖော်ပြနိုင်သည်။ (ii) ယေဘူယျသဘော ဖော်ပြခြင်းထက် သီးခြားဖြစ်သော လုပ်ငန်းပြီးစီးအောင်မြင်မှုမျိုးကို အသားပေး ဖော်ပြပေးသည်။ ဤအပိုင်းသည် လုပ်ငန်းတာဝန်ကြာရှည်စွာ ထမ်းဆောင်ဖူးသူ (သို့) အကြီးတန်းရာထူးများကို ရှာဖွေသူများ အတွက် ပို၍ အသုံးဝင်ပါသည်။