ပို့စ်မော်ဒန် သမိုင်း သီအိုရီ အသစ်များ

စေနDecember 3, 20102min601

မြန်မာရာဇဝင်ကျမ်းဂန်များ၊ ကျောက်စာ၊ ပေစာ၊ ပုရပိုက် မှတ်တမ်းတွေမှာ မွန်လူမျိုး ဖြစ်ကြောင်း အခိုင်အမာ ဖော်ပြထားတဲ့  “ငရမန်ကန်း” ဆိုတဲ့ ပုဂံခေတ်က ပေါ်ထွန်းခဲ့တဲ့ ဥဿာမြို့စားနဲ့ ပတ်သက်လို့ သမိုင်း သီအိုရီသစ် တစ်ရပ်ကို အိန္ဒိယ မဟာမေဒင် သမိုင်း ပညာရှင်များက ပို့စ်မော်ဒန်နည်းနဲ့ တင်ပြလိုက်ပါတယ်။

သူတို့က “င-ရမန်ကန်း” ဆိုတဲ့ ပုဂ္ဂိုလ်ဟာ Mr Rahman Khan ဆိုတဲ့ ဆော်ဒီအာရေဗျ နိုင်ငံက လာရောက်တဲ့ မဟာမေဒင် အာရပ် လူမျိုး တစ်ဦးဖြစ်တယ်လို့ ဒီနေရာမှာ ရေးသားလိုက်တာကို တွေ့ရပါတယ်။ သူတို့က (င=Mr, ရမန်=Rahman, ကန်း=Khan) ဆိုပြီးတော့ အသံထွက် နီးစပ်မှုအရ အဓိပ္ပါယ် ဖွင့်ဆိုတာ ဖြစ်ပါသတဲ့။

အဲဒီ သီအိုရီသစ် ပေါ်ထွက် ခဲ့ပြီးနောက်ပိုင်းမှာတော့ ဘေဂျင်း တက္ကသိုလ်က သမိုင်း ပါမောက္ခတွေက “ကျန်စစ်သား” ဟာ ကျန် အမျိုးအနွယ်က ဆင်းသက်တဲ့ တရုတ်လူမျိုး ဖြစ်ကြောင်း တရားသူကြီး ပေါင်ချိန်ရဲ့ ကိုယ်ရံတော် ကျန်ကျောင်းကို ကိုးကားပြီး တင်ပြလိုက်ကြောင်း သိရပါတယ်။

ကျန်စစ်သား မင်းကြီးပုံ

ထိုနည်းတူ “ကံရာဇာကြီး၊ ကံရာဇာငယ်” ဟာ “ကင်ရာဇာကြီး၊ ကင်ရာဇာငယ်” ဆိုတဲ့ မြောက်ကိုးရီးယားတွေ ဖြစ်ပါတယ်လို့ ပြုံးယမ်း တက္ကသိုလ်က သမိုင်း ပညာရှင်တွေက ဖော်ထုတ်လိုက်ကြောင်း သိရပါတယ်။ သူတို့က “ကင်အီဆွန်းနဲ့ ကင်ဂျုံအီး” တို့ကို သာဓက ထုတ်ပြပါသတဲ့။ သူတို့ သီအိုရီအရ မြန်မာအစ မြောက်ကိုးရီးယားက ဖြစ်ပါသတဲ့။

ကင်ရာဇာကြီး၊ ကင်ရာဇာငယ်

ရန်ကုန်တက္ကသိုလ်က သမိုင်းပညာရှင်တွေကလည်း ရီးယဲနည်းပြ “မောင်ရင်ညို” ဟာ ဘာသက်သေ သာဓကမှ ပြစရာမလိုတဲ့ မြန်မာလူမျိုး ဖြစ်တဲ့အကြောင်း၊ အိုဘားမားရဲ့ ဇနီးဟာ “မိချေ- အိုဘားမား” ဆိုတဲ့ ရခိုင် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း၊ ဆိုဗီယက် သမ္မတဟောင်း ဂိုဗာချော့ဟာ “ကိုဗချော” ဆိုတဲ့ အညာသားဖြစ်ကြောင်း၊ ဂီတဉ္စလီ အမည်ရ ကမ္ဘာကျော် ကဗျာကို ရေးစပ်ခဲ့တဲ့ နာမည်ကျော် ကဗျာ ဆရာကြီးဟာ “ရွာဘုရင် တရာ နတ်တန်ခိုး” ဆိုတဲ့ မြန်မာ့ ဆိုင်းပညာရှင် တစ်ဦးဖြစ်တဲ့အကြောင်း၊ “ဆဒ္ဒန်ဟူစိန်” ဟာ ဆဒ္ဒန် ဆင်မင်း ရဲ့ အမျိုးအနွယ် ဖြစ်ကြောင်း ဖော်ထုတ် တင်ပြလိုက်ကြတယ်လို့ သိရပါတယ်။

အခုမှ ဒီဘလောက်ကိုဖတ်မိလို့ ပြန်မျှဝေပေးလိုက်တာပါ

http://burmastrangenews.blogspot.com

One comment

  • kai

    December 3, 2010 at 10:22 am

    တနေ့မှာ .. လူတယောက်က . ကိုမြကို ခင်ဗျားက ..အာဂလူပဲ..ပြောသတဲ့..။
    အဲဒါနဲ့ကိုမြက အဲဒီလူကို ထရိုက်ပါလေရော..။
    လူတွေဝိုင်းဆွဲကြပြိး ..မေးတာပေါ့..ဘာဖြစ်လို့..ထရိုက်ရသလဲလို့..။
    အဲဒီမှာ ..ကိုမြ ရှင်းပြတာက…

    အာဂလူဆိုတာ… အူကလာတာကိုပြောတာဗျ…။ အူကလာတော့မှ ..ဘာရှိရမှာလည်း..။ ချီးပဲရှိတာပေါ့..
    အဲဒါ..ကျုပ်ကို ချီးလို့ပြောလို ့..ထရိုက်တာတဲ့..။

Leave a Reply