၂၈ ရက် နိုဝင်ဘာလ ၂၀၁ဝ တိုက်ပွဲ သတင်းများ . .. . ။

mGDecember 3, 20101min770

http://soneseayar.blogspot.com/ မှကူယူတင်ပြထားတာပါ။သတင်းလေးတွေကို သိစေချင်ရုံတတ်တတ်ပါနော်။

နေ့လည်(၃ နာရီ) မြဝတီမြို့ တောင်ဘက် ကီလိုမီတာ ၂ဝ အကွာရှိ ဖလူးကျေးရွာအနီး တဲ့ဂေါ်ကျိုးဘက်မှာ နအဖ တပ်များနဲ့ ဒီကေဘီအေတပ်များ ယနေ့မနက် ၈ နာရီနဲ့ နေ့လည် ၁၂ နာရီ ၄၁ မိနစ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃ဝ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးအောင်တဲ့ ဒီကေဘီအေ အဖွဲ့တွေလို့ သိရှိရပါတယ်။ ယနေ့ဖြစ်သော တိုက်ပွဲများတွင် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု ပြင်းထန်ကြောင်း သိရှိရပါတယ်။

နေ့လည်(၂ နာရီ) ယမန်နေ့ညနေ ၄ နာရီခန့်က နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃ဝ တပ်ရင်း၊ နယ်ခြားစောင့်တပ်များကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးအောင်တဲ့ ဒီကေဘီအေ အဖွဲ့တို့မှ ခြုံခိုတိုက်ခိုက်ရာ နအဖ ဘက်မှ တပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်း သိရှိရပါတယ်။

နံနက် (၈ နာရီ) နအဖ စစ်တပ် ခလရ ၆၁ နဲ့ ခမရ ၂၃ဝ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့ ယမန်နေ့ ညနေပိုင်း ဖလူးကျေးရွာအနီး တဂေါ်ကျိုးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ်မှ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာတာကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့က ခြုံခိုတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲက ည ၈ နာရီလောက်တွင် လက်နက်ကြီးများနဲ့ အပြန်လှန်ပစ်ခတ်မှု ပြင်းထန်လာခဲ့ပါတယ်။ ညဦးပိုင်းအထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရှိရပါတယ်။