မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ Foreign Policy မဂ္ဂဇင်းကြီးသို ့ ပေးပို ့သော ဗွီဒီယိုစကားပြောမှတ်တမ်း (မြန်မာပြန်)

Good IdeaDecember 3, 20101min640

ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးမှ ထုတ်ပြန်ကြေညာသော ၂၀၁ဝ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် အယောက် (၁၀၀) တွင် ပါဝင်သည့် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို ့သော ဗွီဒီယိုစကားပြောမှတ်တမ်းအား မြန်မာဘာသာသို ့ ကြိုးစားပြန်ဆိုထားခြင်း ဖြစ်ပါသည်။
မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို ့သော ဗွီဒီယိုစကားပြောမှာ -ယခုလို နေ ့ရက်မင်္ဂလာအချိန်အခါသမယမှာ ကျွန်မအနေနဲ ့ (ဗွီဒီယိုမှ တစ်ဆင့်) နှုတ်ခွန်းဆက်စကား ပြောဆိုခွင့်ရတဲ့အတွက် အထူးကြည်နူးဝမ်းမြောက်ရပါတယ်။ အကယ်လို ့သာ လူကိုယ်တိုင် တွေ ့ဆုံပြောကြားခွင့်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ပိုမိုပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်မိမယ်ဆိုတာ ကျိန်းသေပါတယ်။

နိုင်ငံတကာဆက်ဆံရေး မူဝါဒရေးရာဆိုင်ရာ မဂ္ဂဇင်းကြီးမှ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင်များ အယောက် (၁၀၀) ဖေါ်ပြတဲ့အထဲမှာ ကျွန်မအားလည်း ထည့်သွင်းဖေါ်ပြထားတာ သိရှိရတဲ့အတွက် အထူးကျေးဇူးတင်ရှိရသလို တန်ဖိုးထား လေးစားစွာနဲ ့ ဂုဏ်ယူမိပါတယ်။ကျွန်မအနေနဲ ့ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကာလအချိန်အတွင်းကို ဖြတ်သန်းခဲ့ရာမှာ များပြားလှစွာသော လုပ်ငန်းဆောင်ရွက်စရာများအကြားမှ လက်တွေ ့ဘဝအနေနဲ ့ မြောက်မြားလှစွာသော လေ့လာဆည်းပူးမှုများ တွေးခေါ်သုံးသပ်မှုများ ဆင်ခြင်ဆုံးဖြတ်မှုများ အကောင်အထည်ဖေါ်ဆောင်မှုများကို အလျင်မီအောင် ကြိုးစားဆောင်ရွက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုစာ ကာလအတွင်း ကျမရဲ့ဘဝက အတွေးအမြင် ဆင်ခြင်တုံတရားနှင့် ရှုမြင်သုံးသပ်အဖြေရှာတဲ့ အချိန်ကာလနဲ့ အကောင်အထည်ဖေါ်စရာတွေ လက်မလည်အောင် များလွန်းလို့ အတွေးအမြင်တွေကို တွေးတောကြံဆဖို့ အချိန်မပေးနိုင်တဲ့ ကာလ နှစ်ခုကြားမှာ ဖြတ်သန်းလာခဲ့ရပါတယ်။

အဆိုပါ နှစ်အချိန်အခါသမယတွေကို ဖြတ်သန်းရင်းနဲ ့ ကျွန်မအနေနဲ ့ အမြဲတမ်း ယုံကြည်လက်ခံတဲ့ တွေးခေါ်ခံယူချက်ကတော့ ကျွန်မတို ့အားလုံးဟာ အခြေအနေတိုင်း လုပ်ရပ်တိုင်းမှာ တိုးတက်အောင်မြင်ဖို ့အတွက် အတူတစ်ကွ လက်တွဲဆောင်ရွက်ကြရမယ်ဆိုတဲ့ ခံယူချက်ဘဲ ဖြစ်ပါတယ်။ ဒီခံယူယုံကြည်ချက်ဟာ ကျွန်မအနေနဲ ့မှ စတင်ပြောဆိုတာ မဟုတ်ဘဲ ယခင့် ယခင်ကတည်းက လူ ့ဘောင်အတွင်းမှာ ပေါ်ပေါက်နေတဲ့ ထာဝစဉ် သင့်လျော်မှန်ကန်နေတဲ့ အတွေးအခေါ်ဘဲ ဖြစ်ပါတယ်။ လူသားအချင်းချင်း တစ်ဦးနဲ ့တစ်ဦး အပြန်အလှန် ယိုင်းပင်းကူညီကြရမယ်၊ ပူးပေါင်းဆောင်ရွက်ကြရမယ်ဆိုတဲ့ ဒီ တွေးခေါ်ခံယူချက်ဟာ အမြဲတန်း ရှင်သန် မှန်ကန်နေမယ့် အတွေးအခေါ်ဘဲ ဖြစ်ပါတယ်။ကျွန်မအနေနဲ ့ လွန်ခဲ့သော (၇) နှစ်တာ ဖြတ်သန်းခဲ့ရသောကာလတစ်လျှောက်မှာ အထူးသဖြင့် ကမ္ဘာလောကကြီးမှာ ပြောင်းလဲမှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့တဲ့အချိန်ကာလတစ်လျှောက်မှာ ဒီလို တွေးခေါ်သုံးသပ်မှုတွေ ဖြတ်သန်းတွေ ့ကြုံမှုတွေ ဖြစ်ပေါ်ပြောင်းလဲမှုတွေအကြောင်းကို မိတ်ဆွေအပေါင်းနဲ ့ ဆုံတွေ ့ပြောကြားဖလှယ်ခွင့် ရခဲ့မယ်ဆိုရင် အင်မတန် ကြည်နူးစရာကောင်းမှာဆိုတာကို ပြောကြားလိုပါတယ်။

ယခုလ နိုဝင်ဘာလ (၁၃) ရက်နေ ့က နေအိမ်အကျယ်ချူပ်ဘဝကနေ ပြင်ပလောကကို ပြန်လည်တွေ ့ဆုံလာနိုင်တဲ့အနေအထားမှာ ကျွန်မအနေနဲ ့ ကမ္ဘာလောကအသစ်ကြီးကို ရောက်ရှိလိုက်ရသလို ခံစားမိရပါတယ်။ ဒီလို ပြင်ပကမ္ဘာလောကသစ်ကြီးကို ကျွန်မ ပြန်လည်ရောက်ရှိလာချိန်မှာ ကျွန်မကို လာရောက်တွေ ့ဆုံ အားပေး နှုတ်ဆက်ကြပြီး ကျွန်မတို ့အားလုံးရဲ ့ ရည်မှန်းချက်တွေအတွက် ပံ့ပိုးမှုတွေ လာရောက်ပြောဆိုဆောင်ရွက်ကြတဲ့သူအထဲမှာ ကျွန်မနဲ ့ ယခင်အချိန်တွေတုန်းကတည်းက လက်တွဲလုပ်ဆောင်ခဲ့ကြသူတွေသာမက နုပျိုလန်းဆန်းသော ငယ်ရွယ်သူ မျိုးဆက်သစ်ပေါင်းများစွာကို တွေ ့ရှိရပါတယ်။ ကျွန်မတို ့ရဲ ့ မျိုးဆက်အသစ်အသစ်တွေ အဆက်ဆက် ပေါ်ပေါက်နေတာလို ့ အချိန်ကာလပြောင်းလဲမှုနဲ ့အတူ ကျွန်မ တွေ ့မြင်မိပါတယ်။ မျိုးဆက်သစ်လေးတွေဟာ ကျွန်မတို ့ရဲ ့ လောကလူ ့ဘောင်သစ်ကြီးကို လက်ဆင့်ကမ်း ဦးဆောင်သွားကြမယ့်သူတွေလို ့ ကျွန်မအနေနဲ ့ လက်ခံယုံကြည်ပါတယ်။

လက်ရှိအချိန်ကာလအတွင်းမှာ မျိုးဆက်သစ်လူငယ်လူရွယ်လေးတွေဟာ ပြောင်းလဲနေတဲ့ ကမ္ဘာ့လောကသစ်ကြီးအတွင်းမှာ ခေတ်မှီနည်းပညာ တိုးတက်ပြောင်းလဲမှု (IT – Information Technology) တွေကို အခြေခံ ကျင့်သုံးနေကြ ထိတွေ ့ကျွမ်းကျင်နေကြတာဟာ ကျွန်မထက် အဆပေါင်းများစွာ သာတယ်ဆိုတာ ကျွန်မအနေနဲ ့ ပြောကြားလိုပါတယ်။ ဒီဟာဟာ ကျွန်မတို ့အတွက် အင်မတန်အားရကျေနပ်စရာဖြစ်သလို အထောက်အကူ အပြည့်အဝ ပံ့ပိုးမှု အပြည့်အဝ ဖြစ်စေပါတယ်။ ဘာလို ့လည်းဆိုတော့ ခေတ်မှီနည်းပညာ တိုးတက်ပြောင်းလဲမှု (IT – Information Technology) ဟာ မျိုးဆက်သစ်တွေ ခေတ်မှီနည်းပညာတိုးတက်မှုတွေဟာ လူတန်းစားအလွှာအသီးသီး မျိုးဆက်သစ်အဆက်ဆက်ကို အပြန်အလှန် ဆက်သွယ်ရေးမှာ ပိုမို အဆင်ပြေ ချောမွေ ့စေတယ်၊ ပိုမိုအထောက်အကူ ဖြစ်စေပါတယ်။

ကျွန်မ ယခုလို ပြောကြားမှုတွေဟာ ယနေ ့ ထုတ်ပြန်ကြေညာတဲ့ ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ပညာရှင်များအတွက် ကြောင်းကျိုးခိုင်လုံသင့်တော်သော အထောက်အကူပြု ပြောကြားချက် ဖြစ်မဖြစ်ဆိုတာ ကျွန်မအနေနဲ ့ ပြောဆိုတာထက် ကျွန်မအနေနဲ ့ အဓိက ပြောချင်တာကတော့ ကျွန်မအနေနဲ ့ လွတ်လပ်မှု ပျောက်ကွယ်နေခဲ့ရတဲ့ နေအိမ်အကျယ်ချူပ်ကျနေစဉ်ကာလအတွင်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ လောကလူ ့ဘောင်သစ်ကြီးမှာ ဖြစ်ပေါ်နေမှုတွေကို အတူတစ်ကွ ဖြတ်သန်းနေကြတဲ့ မျိုးဆက်သစ်တွေဆီကနေ သူတို ့ရဲ ့ တွေးခေါ်မှုတွေ ပြောကြားချက်တွေ အတွေ ့အကြုံတွေ ဖလှယ်မှုတွေ လေ့လာတတ်ကျွမ်းတွေကို ပြန်လည် နားထောင်ဖို ့ သင်ယူလေ့လာဖို ့ သုံးသပ်ဆင်ခြင် စဉ်းစားဆုံးဖြတ်ဖို ့ ကျွန်မအနေနဲ ့ အသင့်ရှိနေတယ်ဆိုတာ အသိပေး ပြောကြားလိုပါတယ်။ ဒီလို ရရှိလာမယ့် သင်ယူလေ့လာမှုတွေနဲ ့အတူ ကျွန်မတို ့ အားလုံးဟာ ဆုံးခန်းတိုင်မှု မရှိတဲ့ တွေးခေါ်သုံးသပ်မှုတွေကို ထပ်ကာတလဲလဲ ကျင့်သုံးဆောင်ရွက်နေရမှာ ဖြစ်သလို၊ ဒီလို တွေးခေါ်သုံးသပ်မှု ဆုံးဖြတ်ချက်တွေဟာ ပြီးဆုံးသွားမှာ အဆုံးသတ်သွားမှာ မဟုတ်ပါဖူး။ ကျွန်မတို ့ရဲ ့ မွန်မြတ်လှတဲ့ လူသားသဘာဝအရ ကျွန်မတို ့အားလုံးရဲ ့ စိတ်နှလုံးအတွင်းမှာ အစဉ်အမြဲ ဆက်လက် ပေါ်ပေါက်ရှင်သန်နေမှာ ဖြစ်ပါတယ်။

ကျမတို့ဟာ အဖန်တလဲလဲ ပြန်လည်တွေးတော ဆင်ခြင်သုံးသပ်နေရမှာ ဖြစ်တယ်။ တွေးတောဆင်ခြင်ဆန်းစစ်မှုဆိုတာ ဘယ်တော့မှ ဆုံခန်းသွားတယ်ဆိုတာ မရှိပါဘူး။ အဆုံးသတ် ဆုံးဖြတ်ချက် ကောက်ချက်ရယ်လို့လည်း ဘယ်တော့မှ သတ်မှတ်လို့ မရပါဘူး။ ဒါသည်ပင် ကျမတို့ရဲ့ နှလုံး၊ စိတ်ဝမ်းထဲမှာ ဘက်ပေါင်းစုံနဲ့ ရှေ့ဆက် တွေးတောဆင်ခြင်သုံးသပ်ကာ သွားနေရမည့် လူသားသဘာဝရဲ့ အလှတရား ဖြစ်ပါတယ်။ကျွန်မ ယခုပြောကြားတဲ့ ဒီ ခံယူသုံးသပ်တွေးခေါ်မှုတွေဟာ ကျွန်မအနေနဲ ့မိမိကိုယ်ကို အတွေးအခေါ်ပညာရှင်တစ်ဦး အနေအထားနဲ ့ သူရဲ ့ တွေးခေါ်မှုကို ထုတ်ဖေါ်ပြ ပြောဆိုပြနေတဲ့ ပုံသဏ္ဍန်မျိုး မဟုတ်ရပါဖူး။ ပြင်ပကမ္ဘာလောကသစ်ကြီးနဲ ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့ရတဲ့သူ တစ်ဦးအနေနဲ ့ မိတ်ဆွေတို ့အားလုံးနဲ ့ အတူတစ်ကွ ပူးပေါင်းဆောင်ရွက်လို ့ ရမလည်း၊ မိတ်ဆွေတို ့ရဲ ့ ထောက်ပံအားပေးမှုတွေ အကြံဉာဏ်ကောင်းတွေ ကူညီယိုင်းပင်းမှုတွေ အတူတစ်ကွ လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေ ခင်မင်ရင်းနှီးမှုတွေ ရရှိနိုင်မလည်းဆိုတာတွေကို သိရှိလိုသူတစ်ဦးအနေနဲ ့ ပြောကြားမှုတွေသာ ဖြစ်ပါတယ်။

ကျွန်မ ယခုလို ပြောကြားမှုတွေအားလုံးဟာ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင်တစ်ဦးကနေ ပြောဆိုသင့်တဲ့ ပြောကြားချက် ပီသ မပီသဆိုတာထက် ကျွန်မရဲ ့ ရင်တွင်းနှလုံးသားကနေ နက်နက်ရှိုုင်းရှိုင်း ထွက်ပေါ်လာတဲ့ ပြောကြားမှု ဖြစ်တာမို ့ မိတ်ဆွေတို ့အားလုံးအနေနဲ ့ ကျွန်မရဲ ့ ယခုလို ပြောကြားချက်တွေကို နားလည်ပေးလိမ့်မယ်လို ့ ကျွန်မ မျှော်လင့်မိပါတယ်။ ကျေးဇူး များစွာတင်ရှိပါတယ်။

အောင်ဆန်းစုကြည်။
(မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား မြန်မာဘာသာသို ့ ကြိုးစားပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ ဘာသာပြန်ဆိုရာတွင် မူလပြောဆိုချက်များနှင့် ဆီလျော်မှု တစ်စုံတရာ မရှိ လွဲချော်မှု ဖြစ်မိပါက မြန်မာဘာသာသို ့ ပြန်ဆိုသူများ၏ အားနည်းချက်သာ ဖြစ်ပါကြောင်း ဝန်ခံအပ်ပါတယ်။ မြန်မာဘာသာသို ့ မငယ်နိုင်နှင့် ကိုနစ်နေမန်းမှ ကြိုးစားပြန်ဆိုထားခြင်း ဖြစ်ပါတယ်)။

ရုပ် /သံ  ကြည့်ရှု ့နားဆင်လိုပါက …   http://www.youtube.com/watch?v=T3vmXNt6I6E&feature=player_embedded တွင် ကြည့်ရှုနိုင်ပါသည်။