ဇွန်းနဲ့ပဲ လုပ်လိုက်တယ်

Good IdeaDecember 3, 20101min532

လူတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ အစားသွားစားတယ်။ အစားစားနေချိန်မှာ မတော်တဆ
ဇွန်းပြုတ်ကျသွားတယ်။  ဘေးမှာရပ်နေတဲ့ စားပွဲထိုးက ချက်ချင်းပဲ ဘောင်းဘီအိတ်ထဲကနေ
ဇွန်းတစ်ချောင်းထုတ်ပေးတယ်။ ဒါကို သူကတအံ့တဩနဲ့ စားပွဲထိုးကို မေးတယ်။

” ဘာဖြစ်လို့ဇွန်းကိုဘောင်းဘီအိတ်ထဲထည့်ထားရတာလဲ? ”

စားပွဲထိုး…. ” ကျွန်တော်တို့အထက်က အကြံပေးလူကြီးတွေက ကျွန်တော်တို့ရဲ့အလုပ်ကို
ပိုတိုးတက်ကောင်းမွန်အောင်ဆိုပြီး အပြောင်းအလဲ လုပ်လိုက်တယ်။ စားသုံးသူတွေ
မတော်တဆ ဇွန်းပြုတ်ကျသွားရင် ကျွန်တော်တို့ ကိုယ်ပေါ်ကနေ ချက်ချင်းထုတ်ပေးနိုင်အောင်
စီစဉ်ထားတယ်။ ဒီလိုပြောင်းလဲလိုက်တာနဲ့ အလုပ်ရဲ့တိုးတက်နှုန်းက ၃၁% ရှိသွားပါတယ်။
ဒါဟာ မီးဖိုထဲထိ ဇွန်းသွားယူမယ့်အသွားအလာချိန်ကိုသက်သာစေပါတယ် ”

“အင်းသိပ်ကောင်းတဲ့အကြံပါပဲ”

ဒီလိုနဲ့ စားသောက်ပြီးငွေရှင်းဖို့ ကောင်တာဆီ သူထသွားလိုက်တယ်။ အဲဒီမှာ စားပွဲထိုးတွေရဲ့ ဘောင်းဘီဇစ်မှာ
ကြိုးတစ်ချောင်းချိတ်ထားတာကို သူတွေ့လိုက်တယ်။ တအံ့တဩနဲ့ သူမေးကြည့်ပြန်တော့ …

စားပွဲထိုးက…” အကြံပေးသူတွေက ဇစ်မှာကြိုးချိတ်ထားခြင်းအားဖြင့် ကျွန်တော်တို့ အပေါ့သွားချင်တဲ့အချိန်
ဇစ်ကို လက်နဲ့တိုက်ရိုက် ဆွဲဖွင့်စရာမလိုဘဲ ကြိုးဆွဲလိုက်ရုံနဲ့ရအောင် စီစဉ်ထားပေးပါတယ်။
ဒါဟာ သန့်ရှင်းမှုကိုပိုဦးစားပေးတယ်လို့ဆိုပါတယ် ”

“အင်း .. သိပ်ကောင်းတဲ့အကြံပဲ”

ငွေရှင်းပြီး ကောင်တာက သူလှည့်ထွက်ခါနီးမှာ တစ်ခုခုကို သူသတိရလိုက်တယ်။
ဒီလိုနဲ့ စားပွဲထိုးကို သူပြန်မေးလိုက်တယ်။

“ဒါနဲ့.. အပေါ့သွားပြီး မင်းတို့ရဲ့ ဟိုဒင်းကို လက်မသုံးဘဲ ဘောင်းဘီထဲ ဘယ်လိုပြန်ထည့်သလဲ?”

“တခြားလူတော့ မပြောတတ်ဘူး.. ကျွန်တော်ကတော့ ဇွန်းနဲ့ပဲ သုံးလိုက်တယ်”

2 comments

  • MandalayThar

    December 3, 2010 at 4:21 pm

    စားပွဲထိုးက မိန်းမဖြစ်နေရင်လည်း ဒီပြသနာ မရှိလောက်ဘူးနော်…. ဆိုင်ရှင်က အမျိုးသမီးစားပွဲထိုးဘဲ ခန့်ထားမှာပေါ့… း)

  • intro

    December 4, 2010 at 1:00 pm

    Girls are always forgiven! ဆိုတာတော့ရှိသား၊ ဒါပေမယ့် ဒီအထဲမှာ စားပွဲထိုးက ယောက်ျားလေးဆိုတော့ အခန့်မသင့်ရင် အထိုးတောင် ခံရနိုင်တယ်…. 😀

Leave a Reply