ဗိုင်းရပ်လို့ပြောတာပဲ……ဘာလုပ်ရမလဲပြောကြပါဦး

naywoon niDecember 4, 20101min1026

ကွန်နက်ရှင်မရလို့ ဂျီတော့ဖွင့်မရတာ နှစ်ရက်လောက်ပဲ ရှိဦးမယ်။ခု ကွန်နက်ရှင် ရရချင်း ဖွင့်ကြည့်လိုက်တော့ အောက်ကိုချထားတဲ့ ဂျီတော့က ပြန်ပြန်တက်လာပြီး သူ့အလိုလို အော်တောမစ်တစ် သေနတ်ပစ်သလိုပဲ ။စာတွေ ရိုက်ပို့နေတာ…………
ဆိုင်ကိုမေးကြည့်တော့ ဗိုင်းရပ်ပါတဲ့ သွားမဖွင့်ဖွင့်ဖို့ပြောပါတယ်။
တက်လာတဲ့စာက
Hey what are you doing Please test my new
webcam using private application
http://h1.ripway.com/db067/privateCam.exe
ပါတဲ့
သိတဲ့သူများပြောပေးကြပါဦး
ခဏခဏတက်တက် လာနေလို့ ဂျီတော့ကိုပစ်ထားရပါတယ်

6 comments

  • naywoonni

    December 4, 2010 at 9:43 am

    ဂျီတော့ကို ပိတ်ပြီး Exit ထွက်ထားတာကိုတောင် ဂျီတော့ဘောက်က ပြန်ပြန်တက်တက်လာနေပါတယ်။
    ဂျီတော့ကို ဗိုင်းရပ် ဝင်တာလား။ သုံးနေတဲ့စက်ကဖြစ်တာလား

  • moethidasoe

    December 4, 2010 at 10:07 am

    system restore up to clear date (you think the date before that is appeared)

  • white

    December 4, 2010 at 10:18 am

    ကိုနေရေ ……..
    ကျွန်တော့်မှာတော့ (သူအလိုလို စာတွေလိုက်ပို့တဲ့ ဗိုင်းရပ်) အဲဒီ ဗိုင်းရပ်ကိုသတ်တဲ့ To Kill-Chrome.bat ဖိုင် ရှိပါတယ်။ ဖိုင်က email နဲ့သာ ပို့လို့ရမှာမို့ email address လေးသာ ကျွန်တော့်ဆီ private message နဲ့ လှမ်းပို့ပေးပါ။

  • PaukPhaw

    December 5, 2010 at 4:29 am

    Privatecam virus အဟောင်းပဲ ထင်ပါတယ်..
    ဒီအောက်က Scripts တွေကို Notepad ထဲကူးထည့်ပြီး Save မှတ်ရင်
    ဖိုင်နာမည်ကို filename.bat နဲ ့သိမ်းပြီး Run ပေးပါ (.bat)နော်

    taskkill /F /IM chrome.exe
    taskkill /F /IM privateCam_v0.1.exe
    attrib -S -H -R C:\windows\system32\chrome.exe
    del C:\windows\system32\chrome.exe
    REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /f
    REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableTaskMgr /f
    REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\Explorer /v NofolderOptions /f
    REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Run /v “Yahoo Messengger” /f
    REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Run /v “Yahoo! pager” /f
    gpupdate

    privateCam_v0.1.exe ကို Search မှာ ရှာပြီး Delete လုပ်ပစ်လိုက်ပါ
    Virus ကိုရှင်းလင်းပြီးလို့ အားလုံးပုံမှန်ပြန်ဖြစ်သွားပေမဲ့
    privateCam_v0.1.exe ကိုဖျက်ရန်ရှာမတွေ့ဘူးဖြစ်နေတယ်ဆိုရင်တော့ ..

    My Computer ကိုဖွင့်လိုက်ပါ
    အပေါ်ဆုံး Menu Bar မှ Tools >> Folder Options ကိုနှိပ်ပြီးဝင်လိုက်ပါ။

    View Tab မှ Show hidden files and folders ကိုရွေးချယ်ပြီး
    အောက်နားက Hide Protected operating system files ( Recommended ) မှအမှန်ခြစ် ( check ) လေးကို ဖြုတ်ပေးလိုက်ပါ။
    ပြီးလျှင် Apply ကိုလုပ်ပါ။ Ok ကိုဆက်လုပ်လိုက်ပါ။

    Start >> Search ( Win + F ) ကိုဖွင့်လိုက်ပါ။
    All files and folders ကိုနှိပ်လိုက်ပါ။
    All or part of the file name မှာ privateCam_v0.1 ကိုထည့်သွင်းပေးပြီး Search လုပ်လိုက်ပါ။
    အဲဒီဖိုင်နာမည်နှင့် ထပ်တူထပ်မျှ ပေါ်လာတယ်ဆိုရင် ဖျက်လိုက်ပါ။
    ပြီးရင်
    C:\windows\system32 ထဲမှာ chrome.exe ဆိုတာကိုရှာဖျက်ပါဦး..
    ဖိုင်ပေါ်မလာဘူးဆိုရင်တော့ သင့် ကွန်ပျူတာထဲတွင် privateCam_v0.1 လုံးဝမရှိတော့ဘူးဆိုတာ စိတ်ချလိုက်ပါ။

    Privatecam ဗိုင်းရပ်စ်ကိုပဲ upgrade ပြန်လုပ်ထားတာရှိတယ်
    Chrome3.exe ပါ
    အဲတာတော့ မဖြစ်နိုင်ဘူးထင်တာပဲနော်

  • a_lin_say_ta_mum@googlegroups.com

    December 18, 2010 at 6:08 pm

    အဆင်ပြေသွားပြီလား..? မပြေရင် အကောင်းဆုံးနည်းပေးမယ်..
    ဝင်းဒိုး စီဒီ ထည့် ..ဘုမီနူး ကနေ ..ရမ်း ..ပါတေးရှင်း .အသစ်..နဲ့ သွား..
    ဘာဗိုင်းရပ်မှ မကျန်တော့ဘူး ကောင်းမှကောင်း ..
    တကယ်ပြောတာပါ…ဝင်းဒိုးတင်ဖို့မပြင်းပါနဲ့ ..

  • naywoonni

    December 19, 2010 at 11:21 am

    ဆိုင်မှာ သုံးနေရတာဗျို့ ကိုယ်ပိုင်ရှိတာမဟုတ်ဖူး အဲဒိတော့ အဲဒါတက်လာရင် ရီစတပ်လေးချလိုက် ဒါမှမဟုတ်စက်ပြောင်းသုံးလိုက်လုပ်နေရတယ် ခဏခဏတော့ မလာပါဘူး နောက်ထပ်နှစ်ကြိမ်တော့လာ လိုက်သေးတယ်

Leave a Reply