ှဗိုလ်ခင်ညွန့် အသံကြားချင်သူများအတွက် အသံပါတဲ့ဖိုင်

ၾကယ္ေလးDecember 4, 20101min935

ှဗိုလ်ခင်ညွန့် အသံကြားချင်သူများအတွက်
အသံပါတဲ့ဖိုင်ပါ။ ဘာတွေလဲဆိုတာ ကိုယ်တိုင်သာ သုံးသတ်ကြပါတော့။

s1

ခင်ညွန့်။ ။ ကဲ ဒီမှာလာ ဧည့်ခမ်းက မီးပျက်နေတယ်။
ရဲချုပ်။ ။ တစုံတရာ ရှည်ရှည်ဝေးဝေးပြော (သဲသဲကွဲကွဲ မကြားရ)
ခင်ညွန့်။ ။ ရပါတယ်၊ လိုက်ရမှာပေါ့။ ခေါ်ယင်လိုက်ရမှာပေါ့၊ ပစ္စည်းပစ္စယတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ အမကြီးရော လိုက်ခဲ့ရမှာ။
ခင်…ညွန့်။ ။ နှစ်ယောက်စလုုံးပေါ့။ အိမ်မှာ ဘယ်သူမှ မကျန်ခဲ့တော့ဘူးပေါ့။
ရဲချုပ်။ ။ ဟုတ် ဗိုလ်ချုပ် နှစ်ယောက်စလုံး
ခင်ညွန့်။ ။ သားတွေလည်း ခေါ်သွားပြီးပြီ။ သားမက်လည်း ခေါ်သွားပြီ။ အခု ကိုယ့်ရော ကိုယ့်မိန်းမရော ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ကလေးတွေချည်းပဲ။ အခုဟာ ကလေးတွေလည်း ကျောင်းကမတက်ရဘူး။ အပြင်နဲ့လည်း ဘာမှ မလုပ်ရဘူး။ အဆက်အသွယ် လည်း ဘာမှ မရှိဘူး။ သူ့ သတ်မှတ်ချက်အတိုင်းပဲ နေနေကြတာပဲ။
ရဲချုပ်။ ။ ဟုတ်ကဲ့ သိပါတယ်။
ခင်ညွန့်။ ။ အဲတော့ ဘာတုန်း စီးပွားရေးနဲ့ ပတ်သက်လို့လား
ရဲချုပ်။ ။ ကျနော်တို့လည်း ပြဿနာကို မသိပါဘူး
ခင်ညွန့်။ ။ ကဲ အဲတော့ နှစ်ယောက်စလုံး ခေါ်မယ်ပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့ အမကြီးက အကူရဖို့ ခေါ်တာပါ။ ဟိုလို ခေါ်တာ မဟုတ်ပါဘူး။
ခင်ညွန့်။ ။ နှစ်ယောက်စလုံး အတူထားမှာလား။
ရဲချုပ်။ ။ ဟုတ် အတူထားမှာပါ။
ခင်ညွန့်။ ။ကဲ အဝတ်အစားတွေ ထည့် မိန်းမပါ ပါတယ်တဲ့။ နှစ်ယောက်စလုံးတဲ့ အဝတ်အစားတွေရယ် ယူစရာရှိတာယူ။ (ဒေါ်ခင်ဝင်းရွှေကို လှည့်ပြီးပြော)
ရဲချုပ်။ ။ လိုအပ်မယ်ထင်တာတွေ အကုန်ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ယူရမယ်။ ယူခဲ့မယ် အရင်တခေါက် သားနှစ်ယောက်ရော သားမက်ရော ခေါ်တုန်းက ဘာမှ မယူခဲ့ရဘူးဆိုလို့ ဘာမှ ပါမသွားဘူး။ အဝတ်အစားတွေတော့ ယူခဲ့ချင်တယ်။
ရဲချုပ်။ ။ ဟုတ်ကဲ့ ယူခဲ့လို့ရပါတယ်။
ခင်ညွန့်။ ။ ရပါတယ် ကဲ လိုက်ရမှာပေါ့။
ရဲချုပ်။ ။ ဟုတ်ကဲ့
ခင်ညွန့်။ ။ အေးအေးဆေးဆေးပဲ လိုက်မှာပါ။ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ သူလည်း မဟုတ်ဘူး။
ရဲချုပ်။ ။ ဟုတ်ကဲ့ ဗိုလ်ချုပ်

ရဲချုပ်က ၎င်းတို့ယူခဲ့ချင်သည့် ပစ္စည်းများကို ရဲများအား သယ်ခိုင်းသည်။

http://www.facebook.com/video/video.php?v=167717436601541&comments

5 comments

  • ကြယ်လေး

    December 4, 2010 at 2:15 pm

    သူတိုကောင်းစားတုန်းက ကျောင်းသားတွေကိုဖမ်းထဲအခါမှာ ခနဆိုပြီး နှစ်ပေါင်းများစွာ ထောင်ချခဲ့ တာ ….အခု ကိုယ့်အလှည့်ကျတော့ အဝတ်လေးယူပါရစေအုံးတဲ့

  • mG

    December 4, 2010 at 4:47 pm

    ကျေးဇူးတင်ပါတယ်။ကိုကြယ်လေးရေ။အဲ့လိုမျိုး အချိန်မှီ အသံပါဖိုင်လေးကို ဖော်ပြပြီး စာသားနဲ့ပါ ပြောတဲ့စကားကို ဖော်ပြပေးထားလို့ ကျေးဇူးတင်ပါတယ်နော်။နောက်လည်း ကူညီပါအုန်းနော်။

  • timothy

    December 4, 2010 at 6:29 pm

    ဒီလိုအသံဖိုင်မျိုးဗိုနေဝင်းကိုဖန်းတုံးကဟာတွေရှီရမယ်။ပြည်သူလူထုဝန်းသာရအောင်နောက်သိတဲ့လူရ
    ှီရင်လဲလုပ်ပါအုမ်းဗျာ့။

  • winkyawaung

    December 4, 2010 at 7:32 pm

    အသံဖိုင်ကို ကြားရတာ အထူးကျေးဇူးတင်ပါတယ်။ မြန်မာဆိုတာ သူတို့ဘယ်လောက်ပဲဆိုးဆိုး သနားဂရုနာထားတတ်သူတွေက ပြည်သူ၊ ပြည်သားတွေပါဗျာ…။

  • cobra

    December 5, 2010 at 4:39 am

    သူ ့အလှည့်ကျတော့အဝတ်လေးယူပါရစေတဲ့..။ဟာသတွေလုပ်နေတာလားအဖိုးကြီး..။

Leave a Reply