“လိုုက် လိုက် နောက်ကလိုက် ပြီးတော့ အောက်ကရိုက် “

“လိုုက် လိုက် နောက်ကလိုက် ပြီးတော့ အောက်ကရိုက် ”
မနက်စောစောတစ်ရက် ကျနော်ကွန်ပြူတာနဲ့အလုပ်တွေရှုပ်နေတုံး “ဂွပ် “ကနဲ အသံကြားလို့ လှည့် ကြည့် လိုက်တော့ အင်္ဂျင်နီယာမမ မဝေဖြစ်နေပါတယ်။
သူကကျနော်လှည့်ကြည့်တာ မြင်တော့ မှ အားနာသွားပြီး ရယ်ကျဲကျဲလေးနဲ့ပြုံးပြပြီး “ဆောတီး”လို့ရယ်သံစွက်ပြီးပြောပါတယ်။
သူ့ထမင်းချိုင့်ရယ် ဆွဲခြင်းရယ်ကို စားပွဲခုံပေါ်ဆောင့်ချလိုက်တာ ကြောင့် အသံထွက်လာတာပါ။
သူကအမှတ်တမဲ့ချလိုက်တာအသံထွက်လာတော့ မှ ကျနော်ရှိနေတာကိုသတိရသွားပုံရပါတယ်။
သူက စိတ်တိုပြီဆိုရင် စိတ်ထဲရှိတဲ့အတိုင်း ကိုယ်အမူအယာ ကပါ ပြောင်းသွားတတ်တာကိုသိနေလို့ ကျနော်ကလှမ်းမေးလိုက်ပါတယ်။
“ဝေမမ ဘာတွေအလိုမကျဖြစ်လာပြန်ပလဲ”
အဲတော့မှ
“မပြောပါနဲ့တော့ လေးပေါက်ရယ်”
လို့ ဆိုပြီးထုံးစံအတိုင်းအရှည်ကြီးပြောပါတော့တယ်။
သူကမနက်ဆိုအလုပ်လာရင်း လမ်းမှာ မုန့်ဝင်စားပြီးမှအလုပ်ကိုလာတာပါတဲ့။
ူအများအားဖြင့်တော့ မုန့်ဟင်းငါးဆိုင်ဝင်စားတာများပါသတဲ့။
သူတို့စားနေကြဆိုင်က တစ်ပွဲလေးရာ ဘဲဥတစ်စိတ်ပါတယ် ငါးဖယ်ကြော်ပိစိကွေး နှစ်တုံးပါတယ်။
အကြော်မကြီးတစ်ကြီး တစ်ခုပါမယ်။မုန့်ဖတ်ကသိပ်မနည်းမများ ငါးဖတ်ကလေးတစ်ဖတ်နှစ်ဖတ်ပါမယ်။
ဟင်းရည်အသင့်အတင့် ဘိုက်မတင်းတောင် ဘိုက်ဝပါသတဲ့ ။
ဒီလေးရာဘိုးက ဒီခေတ်ကြီးထဲမှာတော်တော်လေးတန်တယ်လို့တောင်ပြောရင်ရပါသတဲ့။
သူအဲဒီဆိုင်ကို စားနေတာတော်တော်ကြာပါပြီတဲ့။
ပြီးခဲ့တဲ့ လေးငါးရက်လောက် အဲဒီဆိုင်နဲ့ မျက်နှာခြင်းဆိုင်မှာမုန့်ဟင်းခါးဆိုင်အသစ်လေးတစ်ခုရောက်လာပါသတဲ့။
အဲဒီဆိုင်အသစ်က “မုန့်ဟင်းငါးတစ်ပွဲသုံးရာ”လို့ စာလုံးအကြီးကြီးနဲ့ရေးလို့ ဗွီနိုင်းလုပ်ပြီး ချိတ်ထားပါသတဲ့။
အဲဒီဆိုင်ရှင်ကလဲ ဝေမမ ကိုမြင်တာနဲ့ ပြုံးပြုံးပြပါသတဲ့။
အဲဒါနဲ့ဒီနေ့တော့ ဝေမမ က ဆိုင်ပြောင်းပြီး 300 ဆိုတဲ့ဆိုင်ကို ဝင်စားလိုက်ပါသတဲ့။
မုန့်ပန်းကန်လာချတော့မှ ဟိုဘက်ဆိုင်ကနဲ့စာရင် ပုဂံက သေးနေပါသတဲ့။
အဲဒါနဲ့ မုန့်ကိုမွှေကြည့်တော့ ငါးဖယ်လဲမပါ ဘဲဥလဲမပါ အကြော်ကလဲပဲကြော်လေးနည်းနည်းပါလေကာဆိုတော့ စိတ်တွေလေသွားပါသတဲ့။
အဲဒါနဲ့ သူ့ကိုအမြဲပြုံးပြနေတဲ့ ဆိုင်ရှင်ကောင်မလေးကို ဘဲဥငါးဖယ်မပါတဲ့အကြောင်းပြောတော့
“အန်တီရယ် သုံးရာဆိုမှ သုံးရာဘိုးလောက်ဘဲ ရမှာပေါ့ ” လို့ပြန်ပြောတာကိုကြားတော့ မဝေတစ်ယောက် ရှေ့ကပန်းကန်ကိုပေါက်ခွဲချင်စိတ်ပေါက်လောက်အောင်ကိုစိတ်တိုသွားပါသတဲ့။
ဒါနဲ့ဘဲအလုပ်ထဲရောက်တဲ့ထိစိတ်တိုတာမပျောက်သေးတော့ ထမင်းချိုင့်ကိုဆောင့်ချမိတာပါတဲ့။
ကျနော်က” ညည်းကအောက်ကြေးသွားနှိုက်တာကိုးအေ့”လို့ စလိုက်မှ ရီရီမောမောပြန်ဖြစ်လာပြီး။
” ဟုတ်ပ ဟုတ်ပ”လို့စိတ်ပြေသွားတဲ့ ပုံစံနဲ့ ရီရီမောမောပြန်ဖြစ်လာပါတယ်။

” ဒါမျုးိနင်တစ်ယောက်ထဲ ခံရတယ်ထင်မနေနဲ့ မဆူးလဲ ဟိုနေက အညာမိလာတယ်”လို့ကျနော်ကပြောတော့
မဝေ က ” ကျမမသိလိုက်ဘူး ဘယ်လိုဖြစ်လာတာလဲ “လို့ပြန်မေးပါတယ်။

” ဟိုတစ်ရက်က မဆူး က ပခုံးလွယ်တဲ့အိတ်(ဆလင်းဘက်ကိုပြောတာပါ)လိုချင်တယ်ပြောတာနဲ့ မနော က ဆရာကြီးလုပ်ပြီး ခေါ်သွားရော။
ဒါနဲ့ ဘဲ လမ်းရှိသမျှ စတိုးဆိုင် တွေကို ဟိုဆိုင်ဝင် ဒီဆိုင်ဝင်နဲ့ ရှာလိုက်ကြတာ ပစ္စည်းကြိုက်တော့ ဈေးမကြိုက် ဈေးကြိုက်တော့ ပစ္စည်းမကြိုက်ဆိုတာနဲ့ လူမောခြေညောင်းသာအဖတ်တင်ပြီးအချိန်သာကုန်သွားတယ် ဘာမှ မဝယ်လိုက်ရဘူးတဲ့။
ဒါတောင် စိတ်မလျှော့ ဘဲ နောက်နေ့ ကြတော့ ဈေးထဲသွားရှာမယ်ဆို ထပ်ပြန်ရှာကြပါလေရော။တစ်ဆိုင်ရောက်တော့ ပုံစံသွက်သွက်လှလှ အိတ်ကိုတွေ့တော့ မဆူးကလဲ သဘောကျ မနောကလဲ အစကသာ ဆရာကြီးလုပ်ချင်လို့ လိုက်သွားတာ တစ်ရက်က နှစ်ရက်ဆိုတော့ စိတ်မရှည်တော့ ဘူး။
ဒီတော့လဲ လှတယ် ဈေးလေးလဲ မဆိုးဘူးလို့ အကြံပေးပါသတဲ့။ဒါနဲ့ 9500ဆိုတာများတယ်ဆစ်ကြည့် ပေါ့လို့ မနောက အကြံပေးတာနဲ့8000ဆစ်တာ ဆိုင်ရှင်ကလဲ ကြိုက်နေမှန်းသိတော့ 500ဘဲလျှော့မယ် ဒါတောင် ညီမလေးတို့ မို့ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ထုံးစံအတိုင်း မမြတ်ပါဘူးတွန်းငြင်း သူတို့ကလဲဇွတ်ဆစ်ပေါ့ အဲဒီအချိန်မှာ အဲဒီဆိုင်နဲ့ ကပ်ရက် ဆို်င်က သူုတို့ ဈေးဆစ်နေတဲ့ အိတ်နဲ့ ပုံစံတူ အိတ်ကလေးကို ထုတ်ပြီး ဖုန်တွေခါပြနေတာမြင်ပါလေရော။
ဒီဘက်ကဆိုင်ရှင်ကတော့ ကျောပေးနေတော့ မမြင်ပါဘူးတဲ့ ။ဟိုဘက်ဆိုင်က ကလေးမလေး က လက်7ချောင်းမသိမသာထောင်ပြပါသတဲ့။ အဲဒါကို မြင်တဲ့ မနောက မဆူး အသာလေးလက်ကုတ်ပါသတဲ့ဒါတောင် မဆူးက မလျှော့လဲ ယူတော့ မယ့်ပုံပေးနေလို့ ဇွတ်ဆွဲခေါ်ပြီး ဒီပြင်ဘက်ကို တစ်ပါတ်လျှောက် ပြီးမှ သူနဲ့ကပ်ရက်ဆိုင်ကို အခုမှမြင်တဲ့ ပုံစံနဲ့ ဝင်လိုက်ပါသတဲ့။ အိတ်ကိုလဲမြင်ရော မဆူးက ဟန်တောင်မဆောင်နိုင်ဘူး ဖြစ်နေရော။ ဟိုက အမလိုချင်ရင် 7000နဲ့ပေးမယ်လဲပြောရော ယူမယ်ယူမယ်ဆို လက်လက်ကို စင်နေတာဘဲတဲ့။
ဒါနဲ့ ဘဲအိတ်ကိုဖွင့်ကြည့်ပါအုံးလားလို့ မနောက ပြောတော့ မဆူးက ခုနက ငါတို့ ကြည့်တဲ့တံဆိပ်နဲ့ အတူတူဘဲလို့ ပြောပြီး ဝယ်လာခဲ့ကြပါသတဲ့။နောက်နှစ်ရောက်လောက်နေတော့ မင်္ဂလာဆောင်တစ်ခုမှာ ဖွင့်ပွဲလုပ်ပြီးသုံးမယ်ဆို လုပ်တော့ မှ သူဝယ်လာတဲ့အိပ်က ပထမကြည့်တဲ့အိတ်နဲ့ သေချာကြည့် မှ မတူဘူးဖြစ်နေတာကို သိရပါသတဲ့။ ပထမကြည့် တဲ့ အိတ်က အထဲမှာ အံဝှက်အိတ်လေး နှစ်ခု က သပ်သပ်ရပ်ရပ်နဲ့ ချုပ်ထားပြီး ဇစ်ကလေးတွေလဲတပ်ထားပါတယ်၊ အိတ်အပြင်ဘေးဘက်မှာလဲ ဇစ်ပါတဲ့ အိပ်ဝှက်လေးတစ်ခုပါသေးပါတယ်။
သူဝယ်လာတဲ့အိတ်ကအထဲမှာဘာမှမပါဘဲဟောင်းလောင်းကြီးဖြစ်နေပါသတဲ့။ စိတ်မြန်လက်မြန် မဆူးက အဲဒီဆိုင်ကိုပြန်သွားပြီး အိတ်ကပုံစံမတူဘူးပြောတော့
“အမကို ပုံစံတူပါတယ်လို့ ကျမက လုံးဝမပြောပါဘူး”လို့ပြန်ပြောပါတယ်။ဒါနဲ့ဆိုင်ထဲမျက်စေ့ကစားကြည့်မှ သူကြိုက်တဲ့အိတ်ပုံစံတူလေးကို မြင်တော့ ဖြုတ်ပြခိုင်းပြီး
သေချာကြည့်တော့မှ သူလိုချင်တဲ့ အိတ်အစစ်ဖြစ်နေတာကို တွေ့ရပါတယ်။ဘယ်လောက်လဲလို့ မေးတော့ 9500 တစ်ပြားမှ မလျှော့ဘူးလို့ပြောပါတယ်။နောက် ရောင်းပြီးတဲ့ ပစ္စည်းပြန်မလဲဘူးလို့ ဆက်ပြောတော့ မှ မဆူးတစ်ယောက် စိတ်တိုတိုနဲ့ “ခံလိုက် အချောင်ကြိုက်တာခံလိုက် ” ဆိုတဲ့ ဂါထာကို တလမ်းလုံးရွတ်လာပြီးပြန်လာပါတယ်”
အဲဒီလို ကိုယ်ခံလိုက်ရတဲ့အကြောင်းတွေပြောနေတဲ့အချိန်မှာ “အောင်မင်္ဂလာ ကုန်ပါပြီ လိမိတက်”ရဲ့ အုပ်ချုပ်မူ့ဒါရိုက်တာ ကိုပုရောက်လာပါတယ်။
သူကက ထုံးစံအတိုင်း “ဘာထူးလဲ”လို့ မေးတော့ ” မထူးပါဘူးဗျာ အထုခံလိုက်ရတာလေးတွေ ပြန်ပြောနေတာပါ ” လို့ဖြေလိုက်တော့ ကိုပု က မင်းတို့ခံရတာ ဘာဟုတ်သေးလဲဆိုပြီး ဇာတ်ကြောင်းလှန်ပါတော့ တယ်။

ကိုပုတို့လုပ်ငန်းက လူသုံး ကုန်ပစ္စည်းတွေကို ဖြန်ချိပေးတဲ့လုပ်ငန်း ဖြစ်ပါတယ်။
အဲတော့ မြန်မာပြည်ရဲ့တိုးတက်နေတဲ့ မီဒီယာခေတ်ကြီးနဲ့အမှီ ကြော်ငြာတွေလုပ်ရ ပန်းဖလက်တွေ လုပ်ရ အကျီတွေ တံဆိပ်ရိုက်လို့ လက်ဆောင်ပေးရဆိုတော့ ဒါမျုုးိတွေလုပ်တဲ့ဆိုင်နဲ့အမြဲလုံးလားထွေးလားနေပါသတဲ့။ ကိုပု တို့လဲ ပစ္စည်းအများကြိီးကို တံဆိပ်အမျိုးမျိုးနဲ့ ထုတ်ပါသတဲ့။
နောက် ကိုပုတို့က အမြဲလဲလုပ်နေတယ် အများကြီးလဲ လုပ်တယ်ဆိုတော့ ကိုပုတို့ အပ်နေကျဆိုင်က ကိုပု လာအပ်တဲ့ အလုပ်မှန်သမျှ ဒီဇိုင်းဆွဲခမယူဘဲလုပ်ပေးပါသတဲ့။
ကိုပုအထက်က နာယက ကြီးကလဲ အင်မတန်မှစေ့စပ်သေချာ ပေသီးကလဲခေါက် စိတ်က လဲ အပြောင်းအလဲမြန်ပါသတဲ့။
တံဆိပ်အသစ်တစ်ခုလုပ်ပြီးဆိုရင် ပုံကြမ်းဆွဲ နာယက ကြီးကိုပြ သူပြောတဲ့အတိုင်းလုပ် ပြီးရင်ပြန်ပြ ထပ်ပြင် ။
ထပ်ပြင်ပြီးရင်ပြန်ပြ ပြီးရင်ပြန်ပြင်နဲ့ တံဆိပ်အသစ်တစ်ခါလုပ်ရင် လေးငါးခြောက်ခါမပြင်ဘဲ ပြီးတယ်ဆိုတာမရှိသလောက်ပါဘဲ။
တစ်ခါတော့ လူသုံးကုန် ပစ္စည်းတမျိုးကို တံဆိပ်အသစ်လေးနဲ့ထုတ်လိုက်တာ တော်တော်လေးရောင်းကောင်းတော့ ခဏခဏ စတစ်ကာ တံဆိပ်တွေလုပ်ရပါသတဲ့။
မြန်မာလိုတွေးရင် ကံစပ်တယ်လို့ပြောရမှာပါဘဲ မထင်မှတ်ဘဲအောင်မြင်သွားတာပါ။
တစ်ရက် နာယကကြီးရဲ့ မိတ်ဆွေရဲ့သားဖြစ်တဲ့ ကိုသူတော် တစ်ယောက်က နာယကကြီးဆီကို အလည်လာတဲ့အချိန် စားပွဲပေါ်မှာတင်ထားတဲ့ အဲဒီတံဆိပ်ကို မြင်သွားပါသတဲ့။
အဲဒါတစ်ခုဘယ်လောက်ကျ လဲလို့မေးတော့သူတို့ပေးရတဲ့ဈေးကိုပြောလိုက်ရော ဈေးကြီးတယ်လို့ ပြောသွားပါသတဲ့ ။
သူကလဲ ဒီလိုတံဆိပ်ရိုက်တဲ့ပုံနှိပ်တဲ့လုပ်ငန်းဘဲလုပ်တာပါ။
အဲတော့ ဘာမဆိုသက်သာမှ “စရိတ်တွေတတ်နိုင်သလောက်လျှော့ချကြ”ဆိုတဲ့ မူကိုလက်ကိုင်ထားတဲ့နာယကကြီးက ကိုပု ကိုပြီး ခေါ်ပြီးကျစ်ပါသတဲ့။
အဲဒါနဲ့ ကိုပုလည်း သက်သာတဲ့ဆီကိုပြောင်းအပ်ပါမယ်လို့ သူ့နာယကကြီး ကို ကတိပေးလိုက်ပြီး သက်သာတယ်လို့ ပွားသွားတဲ့ ကိုသူတော်ဆီကိုလိုက်သွားပါသတဲ့။
ကိုပု ကသူ အရင်ကလုပ်ထားတာလေးတစ်ခုကိုပြပြီး “ဒါဆိုရင် ဘယ်လောက်ကျမှာလဲ”လို့ မေးလိုက်တော့ “130လောက်တော့ပေးရမယ်”ပြောတော့ ကိုပု က “ဒါ90ဘဲပေးရတယ်”လို့ပြောပြီး” ခင်ဗျားဒီဈေးထက်ရော့အောင်လုပ်ပေးနိုင်လား”လို့မေးတော့ “ဒါကဈေးကြီးတယ် ဒီထက်သက်သာတာရှိတယ် “ဆိုပြီး ပုံစံတစ်ခုထုတ်ပြပြီး
ဘယ်သူတွေသုံးတာဆိုပြီး နာမယ်တွေတန်းစီလို့ရွတ်ပြပါသတဲ့။
သူနမူနာပြတာက ကိုပုသုံးနေကြအရွယ်အစားတဲ့ တစ်ဝက်ဘဲ ရှိပါသတဲ့ ဈေးကတော့ထက်ဝက်သက်သာပါတယ်။
ဒါနဲ့ဘဲနာယကကြီးကို ဒီအကြောင်းကိုတင်ပြတော့ “ကတညုတ ကတဒေဝီ “လို့ရွတ်တဲ့ပြီး မိတ်ဆွေဆိုတာစောင့်ရှောက်ရတယ်ဆိုပြီးပြောင်းအပ်ခိုင်းပါတယ်။
ဒါနဲ့ ကိုပုလဲ အရင်တံဆိပ်အကြီးတွေကို ကုန်အောင်သုံး ပြီး အသစ်တွေထပ်မှာလိုက်ပါသတဲ့။
ဒါနဲ့ဘဲတံဆိပ်အသစ်တွေလဲပြောင်းပြီးစသုံးရော ထုတ်လုပ်ရေးဌာနက ဝန်ထမ်းတွေက တံဆိပ်အသစ်တွေက ကော်မကောင်းဘူးဆိုပြီး တင်ပြလာပါသတဲ့။
ဘာလို့လဲဆိုတော့တစ်ရက်နယ်ကိုတင်ဖို့ အတွက်ကားဂိတ်ကိုပစ္စည်းတွေသွားချတာ တံဆိပ်တွေကွာနေတာတွေ့တော့ အရည်အသွေးထိန်းသိမ်းရေးအဖွဲကမြင်သွားတော့ ထုတ်လုပ်ရေးဌာနကို အဆင့်ဆင့်အကြောင်းကြားတော့ နောက်ဆုံးအဖြေကတော့ ကိုပုအသစ်လုပ်ပေးတဲ့တံဆိပ်တွေက မကောင်းတာဆိုပြီးအဖြေထွက်လာပါသတဲ့။
အဲဒါနဲ့ ကိုပုလည်း တံဆိပ်လုပ်ပေးတဲ့နာယကကြီးရဲ့သူငယ်ချင်းသား ကိုသူတော်လေးကိုမေးတော့ “ဟုတ်တယ် အဲဒီတစ်ခေါက်က စတစ်ကာက ကော်သိပ်မကောင်းဘူး ဒါကြောင့်ဒီဈေးနဲ့လုပ်ပေးနိုင်တာပေါ့ “လို့
ပြန်ဖြေတာလဲ ကြားလိုက်ရော ကိုပုစိတ်ထဲမှာ အဲဒီကိုသူတော် ကိုကြောင်သူတော်လို့ နာမယ်ပေးးလိုက်ပြီး သူသိသလောက်ဘာသားစကားနဲ့ စုံအောင်ကို ဆဲထည့်လိုက်ပါသတဲ့ (စိတ်ထဲကဆဲတာ ပြောတာပါ အပြင်မှာတော့ ဘယ်အသံထွက်ရဲမလဲပေါ့နော်.)။
အဲဒါနဲ့ဘဲ ကိုပုက လုပ်လက်စတွေကုန်အောင်ဆက်သုံးပြီး နောက်ထပ်ပြီးမအပ်တော့ပါဘူး။
သူနာယကကြီးကလဲ ကိစ္စတစ်ခုပြီးရင်မေ့မေ့ပျောက်ပျောက်ဆိုတော့ တံဆိပ်ကိစ္စထပ်မပြောတော့ပါဘူး။
အဲဒီကြားထဲမှာတံဆိပ်ပုံစံအရွယ်အစားပြောင်းသွားတော့ ဖောက်သည်တွေက တံဆိပ်မပြောင်းပါနဲ့ ဝယ်သုံးတဲ့သူက အတုလို့ပြောနေတယ်လို့ အသံတွေထွက်လာတော့
ကိုပု အတွက်အဆင်ပြေသွားတာပေါ့။
သိပ်မကြာပါဘူူး ကိုပု အပြင်သွားနေတဲ့တစ်ရက် ကြောင်သူတော်က ထပ်လာပြီးနာယကကြီးနဲ့တွေ့ပါသတဲ့ သူ့ဆီတံဆိပ်မအပ်လို့ပေါ့။
အဲတော့ ကိုပုလဲ နာယကကြီးဆီ အခစားဝင်ပြီးဖြေရှင်းချက်တွေပေးရပြန်ပါတယ်။
အဲဒီအခါမှာ နာယကကြီးကလဲ “ကတညုတ ကတဒေဝီ “အစချီလို့ မိတ်ဆွေသင်္ဂဟကိုစောင့်ရှောက်သင့်ကြောင်းတွေမိန့်ခွန်းခြွေတော့ ကြောင်သူတော်ပစ္စည်းက အရွယ်အစားမတူ၍ဖောက်သည်များက အတုထင်ပါကြောင်း ၊ကော်မပါ အရည်အသွေးမကောင်း၍ တံဆိပ်များက ကွာကျသောအခါ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ
ကန့်ကွက်ပါကြောင်းပြန်လည်လျှောက်ထားတဲ့အခါမှာ ထပ်ပြီးညှိနိုင်းပါရန်ဆိုပြီး အမိန့်ချလိုက်တော့ ကြောင်သူတော်နဲ့ထပ်တွေ့ရပြန်ပါသတဲ့။
ဒီအခါမှာလဲ မေးကြည့်ပြန်တော့ ကိုပုလုပ်ထားတာဈေးကြီးတယ်ဆိုပြီးပြောသွားတာကိုသိတော့ ဘယ်လောက်နဲ့လုပ်ပေးနိုင်မလဲလို့ ပြောတော့ နာယကကြီးကို 40ကျပ်နဲ့လုပ်ပေးမယ်လို့ ပြောခဲ့တယ်လို့ သိရတော့ ဒါဆိုရင် ဒီဆိုက်အတိုင်းမပြောင်းဘဲလုပ်ပါဆိုပြီးထပ်အပ်လိုက်ရပါသတဲ့။
အရင်ကိုပုအပ်တာက ကြိုက်သလောက်အရေအတွက်အပ် 90ကျပ်ဘဲပေးရပါတယ်။
သူကတော့ များများယူရင်သက်သာတယ်ဆိုတော့ အတော်ကြာမှကုန်မယ့်အရေအတွက်အောင့်သီးအောင့်သက်နဲ့အပ်လိုက်ရပါသတဲ့။
90ကျပ်နဲ့ 40ဆယ်ကျပ်ဆိုတော့ ထက်ဝက်ကွာနေပြန်တော့လည်း နာယကကြီး အကြိုက် စိတ်တထင့်ထင့်နဲ့အပ်ပေးလိုက်ရပါတယ်။
တကယ်လဲတံဆိပ်တွေလာပေးတဲ့နေ့ရောက်လို့ တံဆိပ်တွေလဲဖွင့်ကြည်ု့လိုက်ရော ပျော့တိပျော့ဖတ်နဲ့ စာရွက်ပါးပါးလေးဖြစ်နေလို့ ကိုပုက ကြောင်သူတော်ဆီဖုန်းဆက်ပြီးမေးလိုက်တော့
“ပါးမှာပေါ့ အပေါ်က ပလပ်စတစ်တစ်ထပ်မအုပ်ထားဘူးလေ ပလပ်စတစ်တစ်ထပ်ပါရင် ဒီဈေးနဲ့ဘယ်ရမလဲ “လို့ ပြန်ဖြေသံလဲ ကြားလိုက်ရော ကိုပု ကြောင်သူတော်ကို ဆဲဘို့မပြောနဲ့ စိတ်ထဲမှာလူ လို့တောင် မသတ်မှတ်ချင်လောက်အောင်စိတ်ကုန်သွားပါသတဲ့။
ကိုပု စိတ်ထဲမှာတော့ အရင်အပ်နေကျဆိုင်ကို အရမ်းဘဲအားနာပါတယ်။
ကိုပု ဂျီးများသမျှ အကြိမ်ကြိမ်အခါခါပြင် ကာလာ ပရင့်တွေထုတ်ပေး စိတ်တိုင်းကြပြီဆိုမှလုပ်ဖြစ်တာကိုး။
အဲဒီဆို်င်ကကောင်လေးခဗျာမှာလည်းရေရှည်အကျိုးကိုမျှော်ကိုးလို့လုပ်ပေးရှာတာကိုး။
ဟိုလူက ဈေးပေါတယ် သက်သာတယ်ဆိုပြီး အပေါ်ယံလေးပြောပြီးအရည်အသွေးမတူတာကို ထိုးပေးသွားတာကို။
ကိုပုလဲပြောရတာမောတယ်နဲ့တူပါတယ် ရေသောက်နေတုံးရှိသေးတယ် ခါးချိတ်ထားတဲ့ဖုန်းလေးက ” ဘဲအော်သံ”ထွက်လာတော့
“ဟုတ်ကဲ့ ဟုတ်ကဲ့” ခြင်းမိုးမွှန်အောင်ပြန်ဖြေရင်း “သွားပြီဗျို့ နာယက ကြီး တုံမမ က လှမ်းခေါ်နေပြီ”
ကိုပုတို့နာယကကြီးဆိုလို့ အသက်ကြီးကြီးဘိုးတော်ကြီးမမှတ်လို်က်ပါနဲ့။
ကိုပုတို့ဆရာက သူ့သမီးကြီး ဝဝလှလှ “တုံမမ”ကို နာယကနေရာ အပ်နှင်းပေးထားတာပါ။

ကျနော်အလုပ်ပြီးလို့ အိမ်ကိုပြန်ရောက်တော့ ထမင်းစားပြီး အိမ်ရှေ့ဝရန်တာလေးမှာထွက်ပြီး ထိုင်နေပါတယ်။
အိမ်ရှေ့မြေကွက်လပ်ကလေးမှာ အိမ်နားကလေး ဆိုက်စုံက ဆူညံအော်ဟစ်လို့ ကစားနေကြပါတယ်။
အဲဒီကစားနေထဲ့ ကလေးတွေရဲ့ မလှမ်းမကမ်းမှာ ကလေးချင်းပြန်ပြီးအထိန်းခိုင်းထားပုံရပါတယ် လမ်းလျှောက်တတ်ခါစ ကလေးလေးတစ်ယောက်က ယိုင်ထိုးယိုင်ထိုးနဲ့ လမ်းလျှောက်ပြီးကစားရင်းတန်းလန်းကနေ အီးအီးတွေ ပါချနေပါတယ်။
အဲဒါကို ခွေးသုံးကောင်က အလုအယက်လို်က်ပြီးစားနေပါတယ်။
ဒါပေမယ့် ကျနော်ပြန်ပြီးကြည့်လိုက်တော့ ခွေးသုံးကောင်နေရာမှာ မုန့်ဟင်းငါးသယ်ရယ် ဆလင်းဘက်ရောင်းတဲ့ကောင်မလေးရယ် ကြောင်သူတော်ရယ်ကို မြင်လို်က်ရပါတယ်။
အဲဒါနဲ့ မဟုတ်သေးပါဘူးဆိုပြီး မျက်လုံးကိုပွတ်ပြီးပြန်ကြည့်တော့ မှ ခွေးသုံးကောင်ပြန်ဖြစ်နေပါတယ်။
အသက်ကြီးတော့လဲ အမြင်တွေမှားကုန်တာနေမှာပါလို့ တွေးမိပေမယ့် သေချာပြန်စဉ်းစားတော့
ကျနော်မှားမြင်လိုက်တဲ့သုံးယောက်ကလည်း သူများကောင်းကောင်းမွန်မွန်ရောင်းတာ ဖန်တီးထားတာကို အရည်အသွေးမတူတာနဲ့အောက်ကြေးနိုက်ပြီးနောက်ကလိုက်လုပ်တယ်ဆိုတော့
သိပ်တော့ မထူးဘူးအတူတူဘဲလို့ ထင်မိပါသဗျား…………………………………..

22 comments

  • weiwei

    December 7, 2010 at 5:13 am

    လေးပေါက်ဇာတ်လမ်းကလဲ ရှည်လိုက်တာ လွန်ရော …
    ဇာတ်လမ်းထဲက ကျွန်မနဲ့ နံမည်နဲ့အလုပ်အကိုင်တူတဲ့ မဝေ ဆိုတဲ့ အမျိုးသမီးက တော်တော်ပိုက်ဆံဖြုန်းတာပဲနော် … ကျွန်မဆို မနက်စာကို မုန့်ဟင်းခါးမစားဘူး … ဈေးကြီးလို့ … ပဲပြုတ် ၁၀ဝ ဖိုးဝယ်ပြီး မနက်စာနဲ့ နေ့လည်စာ ၂ နပ်ရအောင်စားတာ … ညနေစာကိုတော့ ကန်စွန်းရွက်ကြော် ဒါမှမဟုတ် ကြက်ဥကြော်ပဲစားတယ် …
    တစ်ခါတစ်လေ တို့ဟူးလုပ်သွားပြီး ရုံးမှာပြန်ရောင်းစားလိုက်သေးတာ ….

  • meelay

    December 7, 2010 at 6:30 am

    လေးပေါက်တို့၊ ကိုပုတို့၊ ကိုကြောင်ကြီးတို့ ရေးတာနဲ့ပဲ ဒီရွာက ရွာသူ/ရွာသား တွေ မကျန်လောက်တော့ဘူးထင်တယ် 😛

    • ဆူး

      December 7, 2010 at 8:49 am

      နောက်နေ့ မီးလေး ကိုပါအောင် ထည့်ရေးပေးမယ်

  • bigcat

    December 7, 2010 at 6:34 am

    ဦးပေါက်နေတဲ့ ရပ်ကွက်ကလည်းဗျာ လမ်းလျောက်တတ်ခါစ ခလေးကိုတောင် ထိန်းမဲ့သူမရှိ။ ပြီးတော့ အိမ်သာလည်းရှိပုံမရဘူး။ အီးပါသေးပေါက်ကအစ လမ်းပေါ်မှာလုပ်ပြီး ခွေးတွေကို ရှင်းခိုင်းရတယ်လို့။ မန္တလေးမြို့ ဘယ်နားလောက်မှာပါလိမ့်။

  • doekalay

    December 7, 2010 at 6:53 am

    ကိုပေါက်ရေးတဲ ့ဟာကိုသဘောပေါက်စေချင်ပါတယ်။လူတွေရဲ ့အသိုင်းအသိုင်းဟာလည်းဖြတ်မယ်ကျော်မယ်ခုတ်မယ်ထစ်မယ်ဆိုတာကြီးပဲ
    ကိုယ်ကသာရမှဖြစ်မယ်ဆိုတာကြီးပဲလေ…….ဒီလိုဇာတ်လမ်းလေးတွေထပ်ပြီးတော ့တင်ပေးပါအုံး။ကျေးဇူးတင်ပါတယ်ကိုပေါက်ရေ……..

  • doekalay

    December 7, 2010 at 6:55 am

    ကိုပေါက်ရေးတဲ ့စာကိုသဘောပေါက်စေချင်ပါတယ်။လူတွေရဲ ့အသိုင်းအသိုင်းဟာလည်းဖြတ်မယ်ကျော်မယ်ခုတ်မယ်ထစ်မယ်ဆိုတာကြီးပဲ
    ကိုယ်ကသာရမှဖြစ်မယ်ဆိုတာကြီးပဲလေ…….ဒီလိုဇာတ်လမ်းလေးတွေထပ်ပြီးတော ့တင်ပေးပါအုံး။ကျေးဇူးတင်ပါတယ်ကိုပေါက်ရေ……..

  • saunghnin@gmail.com

    December 7, 2010 at 7:07 am

    ဟုတ်တယ်။ ကိုပေါက်ပြောတာမှန်တယ်။ လူတော်တော်များများက အဲဒီလို အောက်ဈေးမက်လို့ခံကြရပါတယ်။ ဒါပေမဲ့ အောက်ဈေးမမက်လဲ ဈေးသည်တွေက ဈေးမတရားတင်ပြန်ရောလေ…….

  • char too lan

    December 7, 2010 at 10:18 am

    မှန်တာပြောရင် လူမုန်းအုံးမယ်ထင်တယ် လေးပေါက်ရေ………….

  • kopauk mandalay

    December 7, 2010 at 11:57 am

    မဝေရေ
    လူတူမရှားနာမယ်တူမရှားပါတဲ့ဗျာ။
    ကိုကိုကြောင်ရယ် ကို်ကိုကိုင်ရယ် ကိုကိုဖက်ရယ် ကိုကိုပု ရယ် မန်းလေးကိုလာရင် ကျနော်အိမ်ကို အလည်ဝင်ခဲ့ပါနော်။
    လိုက်ပြပေးခြင်လွန်းလို့ပါ။

  • weiwei

    December 7, 2010 at 12:01 pm

    ကိုပေါက် ဇာတ်လမ်းက ကောင်းပါတယ် … နောက်လဲ လုပ်ပါအုန်း … အားပေးနေပါတယ် …

  • intro

    December 7, 2010 at 12:09 pm

    ဇာတ်ကောင်တွေကလဲ ကြားဖူးနေပါတယ်လို့ ထင်သား၊ နောက်ဆိုရင် ကျွန်ုပ်တို့ ရွာထဲမှာဗျာ ဆိုပြီး အပိုင်းလေးတွေ ထွက်မယ်နဲ့တူတယ်

  • ဆူး

    December 7, 2010 at 12:28 pm

    အိမ်လည် ခေါ်တုန်း တော်ကြာ.. ခွေးတွေ ဆွဲ တာ နင်းမိနေအုန်းမယ်။ လမ်းကြောင်းရှင်းမှ လာမယ်နော်

  • paukpauk

    December 7, 2010 at 12:47 pm

    ကြံဖန်စဉ်းစားတတ်ပါပေ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 7, 2010 at 4:40 pm

    ဟုတ်တယ်ဗျို ့
    ကျွန်တော်က ကောင်မလေးတွေကို တဆိပ် လိုက်နှိပ်တာလေ
    မယုံရင် မေးကြည့်ပါလား အိုက်ဒီအထဲက မမတွေကို 🙂

  • char too lan

    December 8, 2010 at 6:17 am

    ကိုကိုပုတို့များ ရီတတ်လာတော့ ပါးစပ်ကိုမစေ့တော့ဘူးနော် 😀

    • etone

      December 17, 2010 at 8:44 am

      သူများကို မပြောနဲ့ ချာတူးလန်ရယ်တာ သူ့ထက် ပါးစပ်ပိုပြဲတယ် ။ 🙂

      ကိုပေါက်ကလည်း အစကတော့ဟုတ်မလိုလိုနဲ့ အဆုံးကျမယ် ဘယ်နဲ့ ညစ်တီးညစ်ပတ်တွေထည့်ရေးရတာလဲ ။ အခုအဲ့လို စားတဲ့ခွေးတွေမရှိတော့ဘူး … ပေါက်စီဆိုင်ကဖမ်း… အဲ ………စည်ပင်က လိုက်သုတ်သင်နေလို့ ။

  • zin

    December 8, 2010 at 9:02 am

    နောက်ဆို ဒီလိုမျိုးလေးတွေဘဲများများရေးပါကိုပေါက်ရယ်
    မပေါက်စကောင်းတွေ မလွမ်းစကောင်းတွေထက် ဒါလေးတွေကိုပိုကြိုက်ပါတယ်…:)

  • kopauk mandalay

    December 8, 2010 at 11:33 am

    ဒါမျုးိလေးတွေက လိုအပ်တဲ့ကွက်လပ်ကိုဖြည့်ပေးတာပါ။
    ဟိုဟာတွေက ကျနော်စိတ်ကို အဆာဖြေတာပါ။
    အခုရက်တော့ ဒါမျုးိလေးတွေဘဲ တော်တော်များများရေးဘို့စဉ်ထားပါတယ်။

  • manawphyulay

    December 8, 2010 at 11:36 am

    ဆူးရေ ဒီတစ်ခါ ဝယ်ရင် ကိုယ့်ဘာသာ ဝယ်နော် နောက်မှ မနောက ဆရာကြီးလုပ်ပြီးခေါ်လို့ ဝယ်ရပါတယ် ဖြစ်နေဦးမယ်…..

  • kai

    December 17, 2010 at 10:06 am

    ယူအက်စ်ကတီဗီအစီအစဉ်တခုမှာလေ … ရယ်စရာဗီဒီယိုခွေတွေကို ပြပြီးအမှတ်ပေး.. ပထမဆုကိဒေါ်လှ၁သောင်းပေတဲ့အစီအစဉ်ဆိုတာရှိတယ်..။
    အဲဒီဗီဒီယိုကလစ်လေးတွေကအရမ်းရီရတာပါပဲ..။
    ပြောချင်တာက..ကိုပေါက်ရဲ့..အဲဒီအပိုဒ်..
    အိမ်ရှေ့မြေကွက်လပ်ကလေးမှာ အိမ်နားကလေး ဆိုက်စုံက ဆူညံအော်ဟစ်လို့ ကစားနေကြပါတယ်။
    အဲဒီကစားနေထဲ့ ကလေးတွေရဲ့ မလှမ်းမကမ်းမှာ ကလေးချင်းပြန်ပြီးအထိန်းခိုင်းထားပုံရပါတယ် လမ်းလျှောက်တတ်ခါစ ကလေးလေးတစ်ယောက်က ယိုင်ထိုးယိုင်ထိုးနဲ့ လမ်းလျှောက်ပြီးကစားရင်းတန်းလန်းကနေ အီးအီးတွေ ပါချနေပါတယ်။

    အဲဒါကို ခွေးသုံးကောင်က အလုအယက်လို်က်ပြီးစားနေပါတယ်။
    ကိုဗီဒီယိုရိုက်ပြရင် ဆုရမှာအသေအချာပဲလို့..။

  • meelay

    December 18, 2010 at 4:05 am

    လေးပေါက် ဦးခိုင်ပြောတဲ့အပိုဒ်ကို အဲဒီတုန်းက ဗွီဒီယိုရိုက်ထားတာမရှိရင် ဒီရွာထဲက ကလေးတွေကို ခေါ်ရိုက်ပြီး ဦးခိုင်ဆီ ပို့ပေးလိုက်ပါလား 😀

  • kopauk mandalay

    December 18, 2010 at 11:26 am

    ဒါဆိုရင် မီးလေးက ဘယ်နေရာကပါချင်လဲပြောလေ။

Leave a Reply