ပန်းကလေးများ flowers

weiweiDecember 4, 20104min22312

ထူးဆန်းတဲ့ ပန်းတွေ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ယူနန်ပြည်နယ် ကူမင်းမြို့ကို သွားလည်တုန်းက လမ်းဘေးက ပန်းကလေးတွေနဲ့ ပန်းခြံထဲက သစ်ခွပန်းတစ်ချို့ကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။ လမ်းဘေးကပန်းကလေးတွေလဲ သူ့အလှနဲ့သူ လှပါတယ်ဆိုတာကို ပြချင်လို့ပါ။  ပန်းနံမည်တွေတော့ မသိပါဘူး။

12 comments

  • ဆူး

    December 5, 2010 at 2:31 pm

    ပန်းကလေးတွေ လှလိုက်တာ.. ဘွဲ့ယူမဲ့ မိန်းခလေးတွေ ပွဲတက်မဲ့ အမျိုးသမိးကြီးတွေ မင်္ဂလာဆောင်မဲ့ အမျိုးသမီးတွေ ပန်းသွားဝယ်ဖို့ လွတ်လိုက်မယ်။ ဟီးဟီး.. ;P နောက်တာနော်..

  • naywoonni

    December 5, 2010 at 3:30 pm

    ဆူးမရေ
    ညည်းဖို့မှာလိုက်ပါ့လား
    နဲနဲလောက်ခူးခဲ့ပါလို့

  • ဆူး

    December 5, 2010 at 3:47 pm

    ခက်တာက ပွဲမရှိသေးလို့ပေါ့.. ဦးနီရဲ့.. ဟီးဟီး.. ပွဲရှိရင် မှာဘူး.. ကိုယ်တိုင် စိတ်ကြိုက် သွားရွေးအုန်းမှာ 😉

  • unclegyi1974

    December 5, 2010 at 4:14 pm

    ပန်းမြို့တော်ဆိုတဲ့အမည်နဲ့လိုက်အောင်
    လမ်းဘေးကပန်းတွေကိုကလှပါပေ့ဗျာ
    ရာသီဥတုကလဲကောင်းတာကိုး
    ဒါထက်မဝေ ကိုုနဲနဲမေးရအုန်းမယ်
    ၁ဝ ပုံမြောက် ပုံက အုန်းလက်တွေမှတ်တယ်
    ကူမင်းမှာအုန်းပင်ရှိသလား

  • weiwei

    December 5, 2010 at 4:17 pm

    အုန်းလက်မဟုတ်ပါဘူး … လမ်းဘေးက ပန်းအိုးထဲက အလှစိုက်ထားတာ … စတိုးဆိုင်ရှေ့မှာ တွေ့တော့ အရွက်ကလေးတွေ လှတယ်ဆိုပြီး ရိုက်ထားတာ … ကူမင်းမှာ အုန်းပင်မတွေ့မိဘူး …

  • saunghnin@gmail.com

    December 6, 2010 at 3:37 am

    ပန်းဆိုတဲ့အတိုင်း လမ်းဘေးကပန်းတွေလည်း သူ့သဘာဝနဲ့သူ လှသာပါပဲနော်။

  • MaMa

    December 7, 2010 at 9:51 am

    ဖိုးလမင်းလည်း သူ့အဆင်းနှင့်အချင်းနှင့်
    မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်
    ဆိုတဲ့ ကဗျာလေး သွား သတိရတယ်။
    `လမ်းဘေးပန်းလည်း သူ့အဆင်းနှင့်လှပတင့်´ လို့ ကဗျာ ဆက်ပေးလိုက်မယ်။

  • char too lan

    December 7, 2010 at 10:31 am

    အဲဒီအုန်းလက်လိုကြားက အစိမ်းတွန့်တွန့်အဝိုင်းလေတွေနဲ့က အပွင့်လား အရွက်လား မမြင်ဖူးဘူး လှတာတော့ တော်တော်လှတယ်

  • အာဖျံ ကွီး

    December 7, 2010 at 10:54 am

    ပန်းလေးတွေကလှလိုက်တာ … ပန်းဆိုတာနဲ.တင်ကိုလှနေတော့တာပဲ။ 😛
    ဟဲဟဲ …. မျက်နှာဖုံးနည်းနည်းခွာလိုက်မရ်။ (အား … နာလိုက်တာ)
    အာဖျံကွီးရဲ.နာမယ်အရင်းမှာ “ပန်း” ပါတရ်။ ဟဲဟဲဟဲ 😛 😛 😛

  • ဆူး

    December 7, 2010 at 3:57 pm

    မျောက်ပေပန်း ဆိုရင်တော့ ယူရီးယား ဓါတ်မြေဩဇာ အမြောက်အများရပြီး ပွင့်တဲ့ ပန်းဖြစ်ရမယ်။

Leave a Reply