မထင်ရှားခဲ့သော မြန်မာ အတတ်ပညာရှင်တယောက်(ဓါတ်ပြားစက်ကိုတီထွင်သူ)

နေ ဘုန်းလျံDecember 5, 20101min842

ကျွန် ဘဝနဲ့ကြုံခဲ့သမျှတွေရယ် အတွေး တွေ စုမိတာတွေရယ် ပေါင်းပြီး စာရေးဖို့အချိန်တွေ ယူပြီးဆက်ရေးသွား ပါ မယ် .ဘာကြောင်လဲဆိုတော့ အချက်တွေရှိပါတယ် (၁)ကိုကြုံတွေ့ ရသောအဖြစ် အပျက်တွေ ကိုလေ့လာပြီး စာဖတ်သူတွေ ဆောင်ရန်ရှောင်ရန်(၂)ဂေဆက်မှပြင်ပတွင်နေသော စာမူများအား ပွိုင့်တွေရရှိစေပြီး ပြည်တွင်း အလှုငွေအဖြစ် လှုဒါန်းနေကြောင်း သိရလိုပါ(၃) စာရေးရင်း ကုသိုလ်ရရှိစေရန် လို့အကြမ်းအရ ပြောပါရစေ..။ ကျွန်တော် ကို အီလက်ထရောနစ်ပညာ သင်ကြားပေးခဲ့သော ဆရာတယောက်အကြောင်း
…………………………………………………………………………………………………………..
…………………………………………………………………………………………………………….
ဆရာကြီး သည် ဧရာဝတီတိုင်းသား မျိုးချစ်တဦးဖြစ်ခဲ့သည်။အမည် ကား သခင်ဦးဖြစ်ပါသည်။ဂျပန်ခောတ်၊အင်္ဂလိပ်ခောတ်များတွင် လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့သော သခင်တဦးဂျပန်တော် လှန်ရေး ကာလတွင် ဗမလက်ရုံး တပ်တွင် စစ်တီးဝိုင်း ခေါင်းဆောင် အဖြစ်ပါဝင်ပြီး..ပထစ အစိုးရခောတ်တွင် နိုင်ငံရေး ကို စွန့်လွှတ်ခဲ့ပြီး အီလက်ထရောနစ် ပညာသို့ကူပြောင်း အာရုံစိုက်ခဲ့လေသည်.။အကြောင်း ကား လွတ်လွပ်ရေး ရပြီးသောကြောင့်ဖြစ်ပါသည်။မြို့မကျောင်းထွက်တဦးလည်းဖြစ်ခဲ့သည်..။သူ၏ အတွေ့ အကြုံတွေအရ ကြမ်းတမ်းလှကြောင်း ကို အမြဲတမ်း သင်ခန်းစာယူစေသည်..။အရင် က မော်ကွန်းဝင် အဆင့်ပေးတာတွေရှိခဲ့သော်လည်း မမက်မေါခြင်းမရှိခဲ့ လျှေက်ယူခြင်းလဲ မလုပ်ခဲ့ ပါ..လေးစား စရာအချက် တခုပါလေ..။ဓါတ်ပြားခောက်တ ခောတ်ဆန်းသောကာလမှာ ဓါတ်ပြားခုတ်ခြင်လျှင် ဂျပန်သို့ ပေးပို့ပြုလုပ်စေရကြောင်း ဆရာကြီးကပြောပြပါသည်..။ဒီအခက်အခဲတွေကြောင့်ဆရာကြီး သည် ကိုပိုင်သဘောတရား များ ကို ရရှိစေရန် ငွေကုန်ခံလူပင်ပန်းခံပြီး ဆောင်ရွက်မှု့ကြောင် ဓါတ်ပြားခုတ်စက်ကိုပြည်တွင်းတွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ဒီအပြင် အသံဖမ်းစက်ကိုလည်း ကိုယ်တိုင်တီထွင်ဖန်တီးပြီး တေးသံသွင်းလုပ်ငန်းတွင်ထင်ပေါ်ကျော်ကြားဘူးခဲ့သည်။မှတ်မိသလောက် ပြောရလျှင်အကော်ဒီယံအုန်းကျော်၊ဒေါ်မာမာအေး၊ဝင်းဦး၊တွံတေး သိန်းတန်စသည် တို့ အတွက်ကိုပိုင်တီထွင်သော အသံဖမ်း ဖမ်းစက်ဖြင့်ဖမ်းယူခဲ့သည်။ဒေါ်မာမာအေးရဲ့ပြောစရာတွေ အများကြီးရှိသေးတယ် ပရိုဂရမ်တွင်ဒေါ်မာမာအေး မှဂုဏ်ပြုပြောဆိုထားသည်များကိုနားထောင်မိလိုက်ပါသည်။ဘုန်းကြီးတရားတော်များ၊ဇတ်လမ်းခွေများပါ အသံသွင်းရသည်အထိ ဆရာကြီး၏ ကိုယ်ပိုင်ဖန်တီးမှု့မှာအောင်မြင်ခဲ့ရသည်။လွတ်လပ်ရေးရစ စက်များတည်ဆေက်မှု့မှာင်္မီးသီး စနစ်ဖြစ်ခဲ့ပြီး ၁၉၈ဝ ဝင်းကျင်လောက်တွင် ထရန်စစ်ဆာခောတ်သို့ကူးပြောင်းလာခဲ့ပြီး ယနေ့ အိုင်စီခေါ် မိုက်ခရို ဆားကစ် ခောတ်သို့တိုးတက်ပြောင်းလဲလာခဲ့သော်လည်း မီးသီးခောတ်၊ထရန်စစ်ဆာခောတ်များတွင် ဆရာကြီးကိုပိုင်တီထွင် အနိုင်ယူဗိုလ်ဆွဲခဲ့သောလည်း ကျွန်တော်တိုရဲ့ နိုင်ငံအခြေအနေရ အီလက်ထရွန်းနစ်စနစ် ပညာရေးစနစ်သိပ်ထွန်းကားမှု့မရှိသေးသောကြောင့် ဆရာကြီးမှာ မထင်ရှားခဲ့ပါ..။စာရိတ္တ အရ ချီးကျူးစရာ တခုရှိပါသေး၏ ဝင်းဦးအင်္ဂလန်မှပြန်လာအပြီး တေးသံသွင်း စပ်တူလုပ်ရန် စက်များကို ဆရာကြီး ဆီ ထံအပ်နှံခဲ့သော်လည်း ဝင်းဦးမှာအူကင်ဆာနှင့်ဆုံးပါးသွားရလေသည်..။ဦးဝင်းဦး ၏ မိသားစုထံကာလ တန်ဖိုး အတော်တန်သော စက်ပစ္စည်းများအား အကုန်ပြန်ပေးလိုက်သည်..။ထိုအချိန် မင်းသားဝင်းဦးမှ မှုံရွှေရည် ဇတ်ကား ရိုက်ကူးနေချိန်ဖြစ်ပြီးဇတ်ကားအတွက် ဇတ်ဝင်သီချင်းများ ကို အယ်လဘန် ၈ခုစာ ဆရာကြီး ထံတွင် ရှိနေသေး၏…။မင်းသားနှင့်စာချုပ်စာတန်း ဘာမှမရှိ ဘယ်သူမှမသိဘဲ အပ်နှံထားခဲ့ သည်များကို ပြန်လည်ကာ မင်းသားမိသားစုအား ပေးအပ် လိုက်မှု့ကြောင့် ထို အသိုင်းဝိုင်းတွင် ဆရာကြီးကို ချီးကျူး ခဲ့ ကြသလို တုံးသည်ဟူသော အသံများလဲထွက်ပေါ်လာခဲ့သေး၏..။၎င်း အယ်ဘန်ကို ယင်းမာတေး သံသွင်း သို့ ရောင်း ရခဲ့သော မိသားစုမှာ အကျိုး ကျေးဖူးတပုံတပင်ရခဲ့သေး၏..။ဆို လိုခြင်သည်မှာ ၎င်းအယ်လဘန်များမှာ အတော် ကိုတန်ကြောင်း စာဖတ်သူများသဘောပေါက် လောက်ပါပြီ..။ယခုအခါတွင် ဆရာကြီးသည် အသက်၉ဝ ကျော်ခန့်ရှိနေပြီ ဆရာကြီးနှင့်မတွေရသည်မှာ ၅နှစ်ရှိခဲ့လေပြီ ဆရာကြီး၏သီလ၊သိဏ္ခာ ရှိမှု့တို့အားဂါရဝပြုလက်အုပ်ချီ မိုး ရှစ်ခိုးလိုက်ပါသည် အဝေးတနေရာမှ……။

ခင်ခင်မင်မင် နေဘုန်းလျှံ

2 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 5, 2010 at 6:40 pm

    သမာသမတ်ကြတဲ့ ကိုယ်ကျင့်တရားဆိုတာ လူတိုင်း ကျင့်နိုင်ခဲတယ်ဗျ
    ခေတ်ကာလကြီး ဆိုးဝါးတယ် ဆိုတာ အဲ့သည် သမာသမတ်ကြတဲ့ ကိုယ်ကျင့် တရားတွေ ခေါင်းပါးကြလို ့ပါဘဲ
    လူတွေအားလုံးကို သမာသမတ်ကြသော ကိုယ်ကျင့်တရားမှာ တည်နေစေဘို ့ဆိုတာလည်း မလွယ်နိုင်ဘူး
    သိ၊ နားလည် သည့်တိုင်အောင်ကျင့်နိုင်ခဲတယ်
    ဘာဖြစ်ဖြစ်ပါ အဲ့သည်လို သမာသမတ်ကြ တဲ့ ကိုယ်ကျင့်တရားရှိသူ
    မည်သူ ့ကိုမဆို လေးစားတယ် တတ်နိုင်သလောက်လဲ ကျင့်ကြံတယ်
    ( တစ်ခါတစ်လေ ခပ်မူးမူးလေးနဲ ့မကျေနပ်တဲ့ လူကို လိုက်ဆဲတာ မပါပေါ့ဗျာ 🙂 )

  • cherrywine

    December 6, 2010 at 6:51 am

    တကယ်တော်တဲ့လူဆိုတာ .. အဲ့လိုလူမျိုးတွေကိုပြောတာ။
    ရှိတော့ရှိတယ် …. ရှားတယ်ဆိုတာမျိုးပေါ့ ။

Leave a Reply