မင်းတုန်းမင်းပြန်လာပြီ

jmaungmgDecember 9, 20101min17412
မင်းတုန်းမင်းပြန်လာပြီ

ခင်ဗျားတို့ထင်နေတာမင်းတုန်းမင်းသေသွားပြီလို့ လေ အမှန်ကမသေဘူးဗျ နန်းတွင်းသမားတော်ကြီးဆရာခဲ တီတွင်ဖော်စပ်ထားတဲ့ဆေးကိုသောက်ပြီး သေချင်ယောင်ဆောင်သွားတာ အခု2010 ခုနှစ်ဒီဇင်ဘာလ၅ရက်နေ့မင်းတုန်းမင်း့မနက်မှာကြောင်တောင်တောင်နဲ့ သူအုပ်ဂူထဲကနေထွက်လာခဲ့တယ် သူထွက်ထွက်လာချင်းစဉ်းစားမီ့တာက့သူ့နန်းတော်ပဲ ဒီအချိန်မှာသူနန်းတော်ကြီးဘယ်လိုများဖြစ်နေမလဲလို့လေစိတ်တွေပူပြီးဒုန်းဆိုင်းပြေးတော့

တာပဲဘေးပတ်ဝန်းကျင်ကိုလည်းသတိမထားမိတော့ဘူးနန်းတော်လည်း ရောက်ရောသူတော်တော်အံ့ဩသွားတယ် ဘာလို့လည်းဆိုတော့နန်းတော်ကြီးတစ်ခုလုံး တိတ်ဆိတ်နေတယ် မိဖုရားတွေလည်းမတွေ့ဘူး အမတ်တွေ

တွေလည်းမရှိအခြားမင်းညီမင်းသားတွေလည်းရှာလို့မရ သေချာအောင်နန်းတော်ပေါ်တက်ကြည့်လိုက်တယ်ဆိုရင်ပဲ`ဲဟိုက်´နန်းတော်ကြီးက အတုကြီးဟလို့လန့်အော်မိတယ်သူနေခဲ့တဲ့ပုံစံအတိုင်း ပြန်ဆောက်ထားတာကိုတွေ့တော့

ကုတ်ချောင်းချောင်းပြန်ဆင်းလာခဲ့တယ်ဒီနေရာမှာသူနေလို့မရတော့ဘူး ဆိုတာသဘောပေါက်လိုက်တယ်ဝမ်းနည်းစွာနဲ့ပဲ ခြေဥိးတည့်ရာတွက်လာခဲ့တယ်ဒဲ့ဒီမှာပြသနာတက်တော့တာပဲ မင်္ဂလာတံခါးအပေါက်ဘက်လည်းရောက်ရော

တပ်ထိန်းနှစ်ယောက်နဲ့တွေ့တော့ဒါပဲဟေ့လူလာစမ်း ဒီနေရာကအရပ်သားတွေ အဝင်အထွက်လုပ်ရတဲ့နေရာမဟုတ်ဘူးဆိုတာ မသိဘူးလားဆိုပြီးနရင်းကို နှစ်ချက်ဆင့်ရိုက်တာဘာမှာကိုရှင်းပြချိန်မရလိုက်ဘူးသူလည်း

ဘုရင်တယောက်ရဲ့မန်တွေတက်လာပြီးတပ်ထိန်းနှစ်ယောက်ကိုသေချာစိုက်ကြည့် လိုက်တယ်အင်းလူတွေကတော့သူခိုးဂျပိုးရုပ်တွေအစိမ်းရောင်ဆင်တူတွေလည်းဝတ်ထားတယ်ဆိုတော့ဘာကောင်တွေမှန်းမသိတာနဲ့

ဘာမှမပြောတော့ပဲလှည့် ထွက်ခဲ့တယ်နန်းတွင်းအပြင်ကိုရောက်တော့မြန်မာနှိင်ငံမဟုတ်တော့ဘူး တရုတ်ပြည်ဖြစ်နေတာကိုတွေ့လိုက်ရတယ်စိတ်ညစ်ညစ်နဲ့ရှေ့မှာတွေ့တဲ့အင်တာနက်ဆိုင်ထဲကိုဝင်သွားလိုက်တယ်

[မင်းတုန်းမင်းငယ်ငယ်ကသင်ခဲံ့တဲ့ပညာတွေထဲမှာအိုင်တီနည်းပညာတွေပါတယ်] ဒီတော့မှအဖြစ်မှန်တွေကိုသိလိုက်ရတော့တယ် သူကိုရိုက်တဲ့သူခိုးဂျပိုးရုပ်နဲ့အစိမ်းရောင်ဝတ်တွေကစစ်သားတွေဆိုတာကိုပေါ့နောက်

ဆက်ကြည့်တယ်ကြည့်နေရင်းနဲ့မင်းတုန်းမင်းမျက်နှာဟာတဖြေးဖြေး နီလာတယ်နီရာကညို  ညိုရာကမည်းလာတယ် တဖြေးဖြေးနဲ့နှတ်ခမ်းမွေးတွေထောင်လာတဲ့ထိ ဒေါသ တွေထွက်လာတယ်သူတွေ့ နေရတာကတော့ဖုရားသားတော်ရဟန်းတွေကိုသေနတ်နဲ့ ပစ်တုတ်နဲ့ရိုက်စစ်ဖိနတ်နဲ့ကန်နေတာကိုပေါ့ ဒါနဲံ့သူတဖြေးဖြေးကြောက်လာတယ်ဒီအတိုင်ဆက်နေ

လို့တော့မဖြစ်ဘူးငါ့အုတ်ဂူဆီပြန်မှဆိုပြီးပြန်သွားလေရဲ့အုပ်ဂူ ရောက်တော့အထဲပြန်ဝင်ပြီး တကယ်သေတဲ့အဆိပ်ကိုသောက်လိုက်ပါတော့တယ်

12 comments

  • နေ ဘုန်းလျံ

    December 9, 2010 at 3:35 pm

    စိတ်ကူးလေးက လန်းပါတယ်

  • BM

    December 10, 2010 at 4:48 am

    မင်းတုန်းမင်းကြီးက အဲဒီနေ့မှာ ချိန်ကိုက်မီးလောင်းဗုံးတလုံးထားခဲ့လို့ မုန်ကုတ်အရူးကြီး ဘိုသင်ဒန်းဆင်းပွဲအသွား ခနဝင်နားမယ့်နေ့မှာ မန်းတိုင်းမှူးအိမ်တောင် မီးလောင်သွားသေးတယ်ဗျ။

  • etone

    December 10, 2010 at 8:54 am

    မင်းတုန်းမင်းက နန်းတော်အတုကိုမြင်ပြီး ဝမ်းနည်းပက်လက်အသက်ထွက်သွားသင့်တာ ဟီးဟီး 😛 😛

  • kai

    December 10, 2010 at 10:17 am

    မင်းတုန်းမင်း(1853–1878) လက်ထက်… အောက်မြန်မာနိုင်ငံမှာ ..အင်္ဂလိပ်တွေသတင်းစာထုတ်ကြတော့ ..သူလည်းအားကျမခံ သတင်းစာတစောင်ထုတ်ခိုင်းပါတယ်..။
    သူတည်ထောင်တဲ့ မြို ့တော်မှာပေါ့..။
    အဲဒါ ..မန္တလေးဂေဇက် -ရတနာပုံနေပြည်တော်သတင်းစာပေါ့..။

    စစ်ရေးထဲ..ဘာသာရေးကိုရောမွှေစဉ်းစားပြီး .. ရေမြုတ်ဗုံးစမ်းသပ်နေတာကို ရပ်ခိုင်းတာရယ်..။
    မိဖုရားတွေမတရားယူလွန်းလို့ .. ထွက်လာတဲ့ ..သားသမီးတွေမထိန်းနိုင်ဖြစ်ပြီး .. အချင်းချင်းသတ်ကုန်ကြတာရယ်..။
    ထင်ရှားတဲ့ အမှတ်တရ ဖြစ်စရာတွေပါ..။
    သူ့ပုံကြည့်ပြီးစဉ်းစားမိတာက… တရုတ်နဲ့တူသလိုပဲ…လို့..။
    သေချာပြောမယ်ဆို ..မွန်ဂိုတွေလိုလို… ဘာလိုလို..။
    သမိုင်းဓါတ်ပုံမှားများနေသလားပဲ..။ 🙂

  • ဆူး

    December 10, 2010 at 11:58 am

    မင်းတုန်းမင်းကလည်း သတ်သေမဲ့တူတူ မှတ်ပုံတင်မှ မရှိတာ တခြားနည်းနဲ့ သေတာ မဟုတ်ဘူး.. အုတ်ဂူထဲ ပြန်ဝင်ပြီး အဆိပ်သောက်ရတယ်လို့.. မသတ်သေခင် တာလီဘန်မှာ သင်တန်း သွားတတ်သင့်တယ်

  • naywoonni

    December 10, 2010 at 3:16 pm

    သူ့ကိုယ်သူသတ်သေတာစောသွားတယ်
    သူ အကုန်တွေ့မသွားရသေးဘူး

  • HayMonChan

    December 10, 2010 at 5:42 pm

    လန်ထွက်နေတာပဲ
    ဟိဟိ
    အားပေးတယ်ဂျ
    တက်ရေး
    သီပေါမင်းကောဘယ်လိုနေလဲနတိဘူးနော်

  • ဆူး

    December 10, 2010 at 6:15 pm

    သီပေါမင်း ကော ဆိုလို့.. သီပေါမင်းက ဝက်သားဟင်းကြိုက်လို့ ဝက်ခြံထဲ စိတ်ရောက်ပြီး ဝက် ဖြစ်နေပြီ..

Leave a Reply