စိတ်ဝင်စားစရာ ကောင်းလို့ မျှဝေလိုက်တာပါ…

introApril 7, 20103min951

Forward Mail ကနေ Copy   လုပ်ပြီးတင်ပေးထားတာပါ ။ မူရင်းရေးသူကိုတော့မသိပါ ။

ကျွန်ုပ်တို့ဧ။် ရည်မှန်းချက်
===============

တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာမှ ရရှိလာသောအတွေ့အကြုံများမှလေ့လာရန်။
အချင်းချင်း ရိုင်းပင်းကူညီ၍ တစ်ဦးထံမှတစ်ဦးလေ့လာသင်ယူရန်။
သဘောထားကွဲလွဲခြင်း ဧ။်တန်ဖိုးကို သိရှိစေရန်။

မိမိဧ။် သဘောထားများကို ဖော်ပြရာတွင် –

– ရိုးသားပါ။
– တစ်ဦးနှင့် တစ်ဦးရည်မွန်စွာ ပြောဆိုဆက်ဆံပါ။
– တစ်ပါးသူ တစ်ဦးစိတ်ထိခိုက်စေမည့် အကြောင်းအရာများကို ရှောင်ကျဉ်ပါ။
– သဘောထားကွဲလွဲမှု ကို လက်ခံပါ။
– စိက်ကူး စိတ်သန်းများ၊ ဆက်ဆံရေးများ အဆင့်ဆင့် တိုးတက်လာ ခြင်းကို တာဝန်သိစွာ လက်ခံပါ။
– အပြုသဘောဆောင်သော ထင်မြင်ချက်များ၊ မှတ်ချက်များကိုသာ ပေးပါ။

အငြင်းအခုံ
=======
– ငြင်းခုံခြင်းဆိုသည်မှာ အကျိုးအကြောင်း ညီညွတ်သော တောင်းဆိုချက်တစ်ခုကို တောင်းဆိုခြင်း ဖြစ်သည်။
– အငြင်းအခုံ တစ်ခုတွင် အကြောင်းအကျိုး ညီညွတ်စွာ ဆင်ခြင်စဉ်းစားထားသော သက်သေ နှင့် တောင်းဆိုချက်(သို့) ထင်မြင်ချက် ကို ဖော်ပြသည်။
– ငြင်းခုံမှု တစ်ခုတွင် သက်သေသာဓက နှင့် တောင်းဆိုချက်(သို့) ထင်မြင်ချက် ဟူ၍ အပိုင်း(၂)ပိုင်းပါဝင်သည်။
– တောင်းဆိုချက် (သို့) ထင်မြင်ချက်ကို ၎င်းအငြင်းအခုံဧ။် နိဂုံး ဟုခေါ်သည်။
– ၎င်းနိဂုံးကို ထောက်ပံ့ပေးသော သက်သေ ကို အကြောင်းပြချက်ဟုခေါ်သည်။

အငြင်းအခုံ (၂) မျိုး
============
– ထုတ်ယူဆင်ခြင်ခြင်း(Deductive) – ခိုင်မာသော အကြောင်းပြချက် ကြောင့်ဖြစ်ပေါ်လာသော နိဂုံး ပါရှိလျင် ထုတ်ယူဆင်ခြင်ငြင်းခုံမှု ဟုခေါ်သည်။
– ခြုံယူဆင်ခြင်ခြင်း(Inductive) – နိဂုံးချုပ်ရန် ခိုင်မာသော အကြောင်းပြချက်မပါ ရှိဘဲ ဖြစ်နိုင်စွမ်းများကို ခြုံယူ ၍ နိဂုံးချုပ်ထားသော ငြင်းခုံမှုမျိုးကို ခြုံယူဆင်ခြင်ငြင်းခုံမှုဟုခေါ်သည်။

လမ်းညွှန်ချက်များ
===========
– ဆွေးနွေးနေသော အကြောင်းအရာကို သာတိုက်ခိုက်ပါ။ ဆွေးနွေးနေသူ ကို မထိခိုက်ပါနှင့်။
– အဆင့်ကျော်၍နိဂုံး ချုပ်ခြင်း ကို ရှောင်ကျဉ်ပါ။
– သံသယဖြစ်ဖွယ် အကြောင်းအရာများ နှင့်တွေလျင် ရှင်းလင်းချက်ကို ရှာဖွေပါ။
– ဆီလျော်သော ကျိုးကြောင်းပြချက်များကို ဖော်ပြပါ။
– အကြောင်းပြချက်တစ်ခုသည် ဆီလျော်မှုမရှိဟု ထင်လျင် အဘယ့်ကြောင့် ဆီလျော်မှုမရှိကြောင်းကို ရှင်းပြပါ။
– ယေဘူယျ ကောက်ချက်ချလွန်းခြင်း၊ ပုံစံတူကူးလွန်းခြင်းများကို ရှောင်ကျဉ်ပါ။
– မည်သူမဆို မိမိဧ။်ထင်မြင်ချက်ကို ဖော်ပြခွင့်ရှိသည် ကို သတိပြုပါ။
– မိမိဧ။်ရပ်တည်ချက်ကို ရှင်းလင်းစွာဖော်ပြပါ။ မိမိဧ။် ထင်မြင်ချက်များသည် မျှတကြောင်း ပြသပါ။
– ခို်င်လုံသော သက်သေ အထောက်အထားများကို ဖော်ပြပါ။
– အခြားသူတစ်ဦး ဧ။်အနေအထားနှင့်ရပ်တည်ချက်များကို နားလည်ပေးပါ။ ကိုယ်ချင်းစာ ပါ။ မိမိဧ။်ပြိုင်ဘက်နေရာမှ စဉ်းစားကြည့်ပါ။
– အခြားသူတစ်ဦး ဧ။် ထင်မြင်ချက်များကို အဆုံးအဖြတ်ပေးရာ တွင် ဘက်မလိုက်ပါနှင့်။

Our Objectives
• to enjoy intellectual discourse through socializing and networking with each other
• to work together to serve one another while learning together
• to appreciate the value of diversity

When expressing ourselves in Reflection and Conversation,
• Be honest and truthful
• Be civil to one another
Respect other people’s sensitivities/ sensibilities
• Celebrate diversity, no one monolithic truth
• Be conscientious to see evolution of ideas/ relationship
• Offer constructive opinions/ comments

Argumentation
• An argument is a claim put forward and defended with reasons.
• An argument expresses an opinion/a claim with the evidence which supports it through a reasoning process.
• An argument is made up of two parts, the opinion/claim and the evidence.
• The opinion/claim is called the conclusion of the argument.
• The evidences provided to support the conclusion are the premises.

Types of Arguments
Deductive – Deductive argument is a type of argument which provides conclusive grounds for its conclusion
Inductive – An Inductive argument is a type of argument which claims that its premises give only some degree of probability but not certainty to its conclusion

Guidelines
• “Attack” the issue, not the person
• Avoid jumping to conclusions
• When in doubt, always seek clarification
• Give relevant justification
• If you think the justification is not relevant, state why
• Avoid over- generalizations and stereotyping
• Remember everybody has a right to his/her opinions
• State your position clearly and justify your opinions solidly.
• Provide supporting evidence
• Understand another person’s position and opinion empathetically – Put yourself in your opponent’s shoes
• Evaluate another person’s opinion without undue bias.

References:
http://www.albion.com/netiquette/corerules.html
Wu H.J. P. (2008) Professional Seminar 2008, NTU, Singapore.

One comment

  • susunosuki

    April 15, 2010 at 2:38 pm

    အခုလိုဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်
    ကျွန်တော် ကျောင်းတစ်တန်းပြီးတစ်တန်းအောင်ခဲ့ပါတယ်
    ဘွဲ့ရပြီးတဲ့နောက်မှာ ကျွန်တော်မကျွမ်းကျင်ဆုံးက ဆက်ဆံရေးဖြစ်ခဲ့တယ်
    ကျွန်တော်တို့အတွက် အကျိုးှရှိစေပါတယ်

Leave a Reply