မြန်မာပြည်ရျိ foreign company များမှ ဝန်ထမ်းများ .. ဆေးခန်းအရောက်များ

fattyDecember 5, 20101min714

ယခုတလော ပြင်ပဆေးခန်း GP များသို့လည်းကောင်း အထူးကုဆေးခန်း ကြီးများသို့
လည်းကောင်း နိုင်ငံခြားကုမ္ပဏီများတွင် အလုပ်လုပ်ကြသော ဝန်ထမ်းများ အများစု
လာရောက်ပြသခဲ့ကြသည်ဟု သိရပါသည်။ တွေ့ရှိရသည့်ရောဂါများမှာ သွေးတိုး ..
သွေးပေါင်ကျ နေခြင်းနှင့် နှလုံးရောဂါများစတင်ဖြစ်နေသည့် လက္ခဏာများကို အများ
ဆုံး တွေ့ရသည်ဟု ဆရာဝန်တဦးကဆိုသည်။ အကြောင်းရင်းကတော့ stress တွေ
များနေတဲ့လက္ခဏာပါဘဲ …။ ကုန်သွယ်ရေးလိုင်စင် လျှောက်ရတဲ့ အခက်အခဲတွေ .
ဒေါ်လာနဲ့ ယူရိုငွေ ပြောင်းပြောင်းပြီး ထပ်ခါထပ်ခါ ပြငိလုပ်ရတာတွေ.. ကုမ္ပဏီ boss
များက နင်တို့အစိုးရက ခေါင်းကိုမရှိဘူး ဟိုလိုပြောင်းလိုက်ဒီလိုပြောင်းလိုက် .. မူရယ်
လို့လဲ သတ်သတ်မှတ်မှတ်မရှိဘူး .. အရာရှိတယောက်အပြင်ထွက်သွားလို့ လက်မှတ်ထိုး
ဖို့ကိစ္စ တနေကုန်အောင်စောင့်နေရတယ်ဆိုတော့ ..အချိန်မီလုပ်ရမဲ့ကိစ္စတွေ ဘယ်လို
လုပ်ကြမလဲ .. အဲဒါတွေ မင်းတို့ဝန်ထမ်းတွေတာဝန်ယူရမယ် … အစရှိသဖြင့် နေ့စဉ်
နှင့်အမျှ ဆူပူ ကြိမ်းမောင်းခံနေရခြင်း .. တိုင်းပြည်အား စော်ကားမော်ကားပြောဆိုမှုများ
ကိုနေ့စဉ်ရင်ဆိုင်နေရခြင်း … မိသားစုစားဝတ်နေရေးကြောင့် အလုပ်မထွက်နိုင်သေးသမျှ
အောင့်အီး သီးခံနေကြရသဖြင့် .. တဖြည်းဖြည်း နှလုံး သွေးတိုး ရောဂါများနှင့် စိတ်ဖိစီး
မှုများဖြစ်ပေါ်ခြင်း .. အိမ်တွင်းရေးမသာမယာဖြစ်လာကြရခြင်း … စသည်စသည်တို့ကြောင့်
ဆေးခန်းများသို့ရောက်လာရခြင်းများကြောင်း ထိုဆရာဝန်က သုံးသပ်ပြောကြားသည်။

4 comments

  • နီလေး

    December 6, 2010 at 3:29 am

    မှန်လို်က်တာ နိုင်ငံခြားသားတွေက သူတို့လုပ်ချင်တာပဲသိတယ်လေ နိုင်ငံခြားကုမ္ပဏီမှာလုပ်ရတာ တကယ်ကိုစိတ်ဖိစီးမှုများပါတယ် အထူးသဖြင့်လူမျိုးရေးနှိမ်တာလေးတွေကလဲရှိသေးတယ်လေ

  • mindfulness

    December 6, 2010 at 3:42 am

    That’s right. we are waiting so long every department to sign our document.
    if we don’t get in time, we will get a lot of pressure.

  • meelay

    December 6, 2010 at 4:56 am

    ကုန်သွယ်ရေးမှာ လိုင်စင်လျှောက်ရတာကတော့ မပြောချင်တော့ပါဘူး… သီးခံခြင်းတရားကို လက်ကိုင်ထားရတယ်… စိတ်ဖိစီးမှုများလို့ နှလုံးရောဂါလဲ မြန်မြန်ဖြစ်နိုင်တယ်…..လိုင်စင်တစ်စောင် လျှောက်နေရင်း တန်းလန်းကို အမျိုးမျိုးပြောင်းနေတာ… အရမ်းစိတ်ညစ်ဖို့ကောင်းတယ် 🙁

  • etone

    December 6, 2010 at 9:45 am

    ဟုတ်ပါ့ …။ အခုတစ်မျိုးတော်ကြာ တမျိုး လုပ်တာတောင်မကသေးပဲ တစ်ခါတစ်လေ အလှူခံလည်း လုပ်လိုက်သေးတယ် CO တစ်စောင်ရဖို့ စက်မှူတစ်ရှေ့မှာ စောင့်ရတာလည်း အသက်ထွက် မတက်ပဲ ။ (ကိုယ်တိုင်စောင့်ရတာတော့ဟုတ်ဖူး …) ။

    နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သတ်တဲ့အ လုပ်မှာ လုပ်ရတာ မလွယ်ပါဘူး ..။ ယူထားတဲ့လစာနဲ့တန်အောင် အလုပ်ခိုင်းတော့တာပဲ … …။ stress ကလည်း ရုပ်ကို ကျစေတယ်လေ ။ တစ်ခါတစ်ခါ အိမ်ပြန်ရင်တောင် ဖုန်းဆက်ပြီးပြန်လာဖို့ခိုင်းတာမျိုး … အပြင်မှာ အီးမေးလ် ဝင်ဖတ်ပါ ဖြေရှင်းပါ ဆိုတာမျိုးနဲ့ ခိုင်းနေတော့တာပဲ ..။

Leave a Reply