မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း

ဘဘDecember 5, 20101min1016

ယနေ့ ညနေပိုင်းက ဗီယက်နမ်တွင် ကစားခဲ့သည့် စင်ကာပူနှင့် မြန်မာ အသင်းတို့ ပွဲတွင် မြန်မာ အသင်းက ဦးဆောင်ဂိုး ရရှိခဲ့ သော်လည်း စင်ကာပူ အသင်း၏ ချေပဂိုးနှင့် အနိုင်ဂိုးများကြောင့် အုပ်စုအဆင့် ကျော်ဖြတ်ရေး မျှော်လင့်ချက် ဆုံးခန်းတိုင် ခဲ့
သည်။

ဪ သူတို့ လေးတွေ လဲ တော်ကြ ရဲ့ နဲ့ ရှုံး သွားရှာ ပြန်ပြီ။ ဟိုနေ့ ကဗီယက်နမ် ကို ၇-၁ နဲ့ ရှုံးပြီး ခု စင်ကာပူ ကို ၂-၁ နဲ့ ကပ် ရှုံးပြန်ပြီ။ သူတို့ လေး တွေ တော်ကြ ရဲ့နဲ့  ဟင်း……

ဒါနဲ့ အဘ သိပ် မရှင်းတာက မြန်မာ အ သင်းမှာ မိန်းကလေး တွေ ဘာလို့ ဝင်ကန် နေတာလဲ။ အ လယ်တန်း က မျိုးမျိုး ဆိုတဲ့ လူကောင် သေးသေး နဲ့ ပျော့ စီစီ က စားတဲ့ စော် လေး ကချစ်စရာ လေးနော်။ နောက်တန်း က ခင်ခင်ထွန်း ဆိုတဲ့ ဆံပင် အရှည် ကိုဆေးဆိုး ထားတဲ့ စော်ကြီး လဲမိုက် တာပဲ။ အလယ်တန်း ကနောက်ထပ် စော်နှစ် ပွေ ကလဲ တစ် ယောက် တစ်မျိုးSexy ကြတာပဲ။ ကောင်းကြ ပါတယ် ဒီစော်လေး တွေ၊ အဘ က အသက် ကြီး တော့ ခုခတ် အထာ တွေသိပ် မသိတော့ဘူး။ ဆန်းတော့ အဆန်း သား လား ဒီလို ပွဲမျိုးကို ကောင်မလေး တွေနဲ့ ကန်ခိုင်း ရတယ်လို့။

အဘ အမြင် တော့နောက် တခါဆို ဒီကောင်မလေး တွေ ကိုသွား မ ကန်ခိုင်းပဲ ၊တခြား တကယ် ကန်မဲ့သူ တွေပဲ ခေါ် သွားပါလားကွာ။

6 comments

  • unclegyi1974

    December 5, 2010 at 3:45 pm

    ဟုတ်ကဲ့အဘ အခုကန်တဲ့အဆင့်ကနိမ့်လို့
    သူတို့နဲ့အဆင့်ညီသလောက်ဘဲလူထည့်
    လိုက်တာပါ
    နောက်တကယ်ကန်ရမယ့်ပွဲကြီးတွေအတွက်
    လူချန်ထားရလို့ပါ

  • moethidasoe

    December 6, 2010 at 3:03 am

    ဘဘ ရော အန်ကယ်ကြီးရော မှားတယ် .. (အမှန်က မှန်တယ်)
    ဒါပဲရှိလို့ဒီလူပဲ လွှတ်လိုက်တာ .. ဒါ မြန်မာ့ အဆင့်ပဲ ..
    သူတို့က ကလပ်အသင်းအတွက်ပဲ ရေကုန်မီးကုန် ကစားတာ .. တစ်လ အနည်းဆုံး ငါးသိန်းလေ ..
    တိုင်းပြည်အတွက်က ဆုရမှ ငွေရမှာ ဆုမရရင် ငွေ မရဘူး .. ဒါကြောင့် မကျိုးရုံ မပဲ့ရုံပဲ ကစားရတာ ..
    ဆံပင်ရှည်တဲ့ ပြဿနာက ရုပ်တော့ အတော် ဆိုးတာ .. မြန်မာ မပီသဘူး .. လက်ခံတဲ့လူကလဲ ဘယ်လိုမူနဲ့ လက်ခံတာလဲ မသိဘူး ..
    တခြားနိုင်ငံ အသင်းတွေများကြတော့ သပ်ရပ်လိုက်တာ ..

  • cherrywine

    December 6, 2010 at 7:08 am

    မမိုးရေးတဲ့ .. ဒါပဲရှိလို့ ဒီလူပဲလွှတ်လိုက်တာ ဆိုတဲ့ စကားကို အရမ်းသဘောကျပါတယ်။

  • kopauk mandalay

    December 6, 2010 at 8:02 am

    မှားတဲ့အခါလဲမှားပေ မပေါ့ (လူရွေးတာကို ပြောတာပါ)
    ရူံးတဲ့အခါလဲ ရူံးပေမပေါ့ (ဟိုဘက်ကလဲ ခြေထောက်ပါတဲ့ ဥစ္စာ)
    ရတာကိုလဲ ရကြပါစေ (ကို်ယ်မှ သူတို့လောက် ဘော့လုံးမကန်တတ်တာ)
    အလှပြင်တာကိုလဲ ပြင်ကြပါစေ(သူတို့လုပ်နိုင်တာ ဒါလေးဘဲရှိလို့ပါ)

  • The Mandalay Gazette

    December 7, 2010 at 4:38 pm

    လူရွှင်တော်အရိုင်းပြောသလိုပဲပြောလိုက်ချင်ပါတယ်..နောက်မြန်မာဘောလုံးအသင်းကိုဘယ်တော့မှ မကန်ခိုင်းပါနဲ့တော့လို့

  • moethidasoe

    December 8, 2010 at 4:58 am

    သူတို့လဲ သွားကန်တိုင်း ရှုံးမယ် ဆိုတာ သိပြီးသားပါ ..
    ဒါပေမယ့် နိုင်ငံတစ်နိုင်ငံအနေနဲ့ ဘောမှ မရှိရင် သိက္ခာကျတယ် ဆိုပြီး ဖျစ်ညှစ် လွှတ်လိုက်ရတာ ..
    ကမ္ဘာ့ အဆင့်မီအောင် နာမည်တော့ မှည့်ထားပါတယ် .. မိုက်ကယ် အိမ်ကျယ်လို .. တဲ့

Leave a Reply