ဖိလစ်ပိုင်တို့ ပထမဆုံး ဆီမီးဖိုင်နယ် တက်စေခဲ့သည့် အုပ်စု နောက်ဆုံးပွဲစဉ် ~ မြန်မာ ဝ-ဝ ဖိလစ်ပိုင်

ဘဘDecember 8, 20101min611

ပြိုင်ပွဲမ စခင်က မြန်မာ နည်းပြ ချုပ် ဦးတင်မြင့်အောင် မှ မြန်မာ၊ ဗီယက်နမ် ၊ စင်ကာပူ တို့ပါ ဝင်သောအုပ်စု (ခ) တွင် ဖိလစ်ပိုင် အ တွက် အခွင့်အရေးမရှိဘူး ဟုပြောကြား(လေထွား) ခဲ့ သော်လည်း ဖိလစ်ပိုင် အသင်းမှ နှစ်ပွဲ သရေ တစ်ပွဲနိုင် စုစု ပေါင်း ၅ မှတ် ရခါ အုပ်စုဒုတိယ ဖြင့် ပထမဆုံး ဆီမီးဖိုင်နယ် ပွဲစင် ကို တက် ရောက် သွား ပြီ ဖြစ် ပါတယ်။

မြန်မာ အသင်း ၏ အုပ်စု ပထမ ပွဲ စင် တွင် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် မတွေ့ စုံ ခင် က မြန်မာ နည်းပြ ချုပ် ဦးတင်မြင့်အောင် မှ ” ကျွန်တော့် ကစားသမား ေ တွရဲ့ ကစားပုံအပေါ် ယုံကြည်မှု အပြည့် ရှိပါတယ်။ မြန်မာနဲ့ ထိပ်တိုက်တွေ့တဲ့ အသင်းတိုင်းဟာ ချောင်မှာ မဟုတ်ပါဘူး။ ” ဟု ဟာသ ဆန်ဆန် ပြော ကြား ခဲ့ သော်လည်း  အ ဆိုပါ ပွဲ တွင် မြန်မာ အသင်း က ဗီယက်နမ် အသင်း ကို ရ ဂိုး ၁ ဂိုး ဖြင့် ဂိုး ပြတ် ၊ ခြေ ပြတ် ၊ မရှူ မ လှ ရှုံး နိမ့် ခဲ့ ပါတယ်။

အုပ်စု ဒုတိယ ပွဲ စင် မတိုင် ခင် က လဲ ဦးတင်မြင့်အောင် မှ” တစ်ပွဲ ရှုံး တိုင်း နောက် ပွဲ တွေ ရှုံး ရမယ် လို့ မ ဟုတ်ပါ ဘူး၊ နောက်ပွဲ တွေ အနိုင်ကန် ပါ့မယ်” ဟု ပြော ခဲ့ ပြန်သော် လည်း
စင်ကာပူ အသင်း ၏ နောက်ကျ အနိုင် ဂိုး ကြောင့် ၂ ဂိုး ၁ ဂိုး ဖြင့် ရှုံး နိမ့် ကာ မြန်မာ အသင်း တိုးတက် လာမည် လား ဟူသော မျှော် လင့် ချက် ဖြင့် ပြည်တွင်း Club အ သင်းပွဲ စင် များ ကို ငွေ ကုန် ကျေးကြခံ ၊ ပင်ပန်း ခံ ၍ ရန်ဖြစ် သည်ထိအား ပေးခဲ့ သော မြန်မာ အသင်း ပရိတ်သတ် များ ၏ ဆီမီးဖိုင်နယ် ပွဲစင် တက် ရောက် နိုးနိုးမျှော် လင့် ချက် ပါးပါး လေး ကို ပြက်ပျား စေခဲ့ ပါ တယ်။

အဆိုပါ ပွဲစင် အပြီး တွင် ယခင် က လည်းသို့လော သို့လော ကြားနေ ရ သည့် မြန်မာ ကစား သမား များ ၏ အ သင်းအုပ်ချုပ်သူ၊ နည်းပြ များ ၏ ညွန်ပြ မှူကို နားမ ထောင် ခြင်း၊ ညအချိန် မတော် အထိ လောင်းက စား လုပ် နေမှူ များ၊ အရက်သေစာ သောက် စား နေမှူများ၊အစားအစာကို စနစ် တကြမ စားမှူများ၊ အပျော်အပါး လိုက် စား နေမှူ များ ၊ လိင် ကိတ်စ အရှုတ် အ ထွေးများ အ ကြောင်း ပွင့်အံ လာပါတယ်။

ယနေ့ အုပ်စု နောက် ဆုံး ပွဲ စင် ကို ”ကံကြမ္မာရဲ့ ဖေးမမှုကို ရရင် ဂုဏ်သိက္ခာ အတွက် အဲဒီ့ပွဲကို အနိုင်ကစား နိုင်ပါလိမ့်မယ်” ဟု ထပ်မံ ပြောကြားကာ ကစား ခဲ့ ပြီး ခြေစွမ်း ခြေစ ၊ စည်းကမ်း ပိုင်း ၊ ထောက် ပံ့မှူ စ သည် ဖြင့် အ ဖက်ဖက်မှ ဖိလစ်ပိုင် အသင်း ကို မယှဉ် နိုင် သော်လဲ မြန်မာ အသင်း မှ ဂိုးမရှိ သ ရေ ကြသည် အထိ က စား သွား ကာ အသင်း လေး သင်း ပါဝင်သော အုပ်စု (ခ) တွင် နံပါတ် လေး ကို ထိုက်ထိုက် တန်တန် ရ ရှိ ၍ အ မိ မြန်မာ ပြည် ကို ပြန် လာတော့ မည် ဖြစ် ပါတယ်။

မြန်မာ အသင်း ၏ ပွဲစင်များ ကို လဲ အုပ် စု ပထမ ပွဲစင် မှ လွဲ ၍ နောက်ပွဲစင် များ ကို နှလုံး ရောဂါ ရှိသူများ ၊ သွေးတိုး ရောဂါ ရှိ သူ များ အား မကြည့်မိ စေ ရန် ရုပ်မြင် သံကြားစက် များ ကို ပိတ် ထား ခြင်း၊ လျှပ်စစ်မီး ခေတ်တ ဖြတ် တောက် ထာခြင်း များ ပြု လုပ် ထား ကြောင်း လဲ သိရှိရပါတယ်။

အခြား အုပ်စု (ခ) ပွဲ စင် တပွဲဖြစ် သော ဗီယက် နမ် အသင်း နှင့် စင်ကာပူ တို့ ပွဲ စင် တွင်အိမ်ရှင် ဗီယက်နမ် အ သင်း က မွေးစား သားများပါဝင် သော စင်ကာပူ အသင်း ကို တစ်ဂိုးဂိုးမ ရှိ ဖြင့် အနိုင် ယူ ကာ အိမ်သို့ ပြန်စေ ခဲ့ ပါ တယ်။

အုပ်စု (က) တွင် အင်ဒို နီးရှား အ သင်း ကကိုး မှတ် ၊ မလေးရှား အသင်း က လေးမှတ် ရရှိကာ ဆီမီးဖိုင်နယ် ပွဲ စင်များသို့ အသီးသီး တက် ရောက် သွား ပါတယ်။

One comment

  • moethidasoe

    December 10, 2010 at 5:16 am

    တော်သေးတာပေါ့ .. တစ်မှတ်ကြီးများတောင် ရသွားလို့ .. နို့မဟုတ်ရင် .. ဗလာနဲ့ ပြန်လာရမှာ ..

Leave a Reply