မြန်မာမိန်းခလေး များသတိထားစေချင်ပါသည်။ သတိပြုစေချင်ပါသည်။

BayoteApril 8, 20101min32834

နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် မြန်မာအမျိုးသမီး အချို့ကို အခမဲ့ပို့Wednesday, June 17, 2009ရန်ကုန်မြို့တွင် အခြေစိုက်သည့် နာမည်ကျော်ကြားခြင်းမရှိသေးသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီအချို့မှာ ၎င်းတို့ထံ နိုင်ငံရပ်ခြား အလုပ်အကိုင်အတွက် လာရောက်စုံစမ်း မေးမြန်းသည့် အမျိုးသမီးငယ်အချို့ကို သီးသန့်တွေ့ဆုံ၍ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နိုင်ပါက အခမဲ့ ပို့ဆောင်ပေးမည်ဟုပြော၍ စည်းရုံး ကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ထဲတွင် အခြေစိုက်သည့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဧဂျင်စီတစ်ခုတွင် သွား ရောက်အလုပ်အကိုင် စုံစမ်းလျှောက်ထားသည့်
အမျိုးသမီးနှစ်ဦး၏ ပြောပြချက်အရ စင်္ကာပူ နိုင်ငံတွင် အလုပ်ရရှိရန်အတွက် ကိုယ်ရေးအချက်အလက်များပါပေးကာ၊ သွားရောက် စုံစမ်း ပြီးနောက်
သုံးရက်အကြာတွင် ထိုဧဂျင်စီမှ တာဝန်ရှိ သူအမျိုးသမီးတဦးက သူမ၏ ဧဂျင်စီ သို့ ပြန်လည်ချိန်းဆို၍ စင်္ကာပူရှိ လိင်ဖျော်ဖြေရေးလုပ်ငန်း တခုတွင်
အလုပ်လုပ်ကိုင်နိုင်မ လား ဟု မေးမြန်းခံခဲ့ရသည်ကို သိရသည်။

ထိုကဲ့သို့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွင် အလုပ်ရရှိရန်အတွက် ကမ်းလှမ်းခံရသော အမျိုးသ မီး တဦးက “ကျွန်မတို့ CV တွေ သွားတင်ပြီး
သုံးရက်လောက်ကြာတော့ အဲဒီ ဧဂျင်စီက ဖုန်းဆက်ပြီး လှမ်းခေါ်တယ် အလုပ်ကိစ္စတဲ့ ရုံးကို လှမ်းခေါ်တယ်။ ဟိုရောက်တော့ အမျိုးသ မီး တယောက်ပဲ သီးသန့်ခန်းထဲမှာ နှစ်ယောက်ချင်းတွေ့တော့ သူက စိတ်မရှိနဲ့နော် စင်္ကာပူ က သူဋ္ဌေးတွေလာတဲ့ ကလပ်တွေမှာ အလုပ်လုပ်ပေးနိုင်မလား မေးတယ်၊ ညီမက ဘာအ လုပ်လဲ ဆိုတော့ သူက ဓာတ်ပုံတွေပြတယ် ယောကျင်္ားတွေနဲ့ အတူတွဲပြီး ကနေတဲ့ ကောင်မ
လေးတွေပုံလေးတွေ၊ သူက ဆက်ပြောတယ် တစ်နေ့ကို စရိတ်ငြိမ်း စင်္ကာပူဒေါ်လာ နှစ်ရာ အနည်းဆုံး ရမယ်တဲ့ ” ဟု သူမ တွေ့ကြုံ ရပုံကို ပြန်ပြောင်း ပြောပြသည်။

သူမ ကဲ့သို့ပင် ထို ဧဂျင်စီတွင် အလုပ်လာရောက် လျှောက်ထားသော အခြား အမျိုးသမီး နှစ်ဦးမှာလည်း ထိုကဲ့သို့ပင် မေးမြန်းခံရသည် ဟု သိရသည်။

၂၀၀ဝ ပြည့်နှစ် နှောင်းပိုင်းမှစ၍ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဧဂျင်စီ အချို့ကို စစ်အစိုး ရမှ တရားဝင် လုပ်ပိုင်ခွင့်များ ချပေးထားသော်လည်း အများစုမှာ စစ်အစိုးရ အရာရှိများနှင့် နီးစပ် သူများသာ ဖြစ်သောကြောင့် ထို မိန်းကလေး နှစ်ဦးမှာ ထို ဧဂျင်စီ ၏ အမည်ကို ဖေါ် ပြရေးသားရန် ငြင်းဆန် ခဲ့ကြသည်။

ယမန် နှစ်က အလုပ်သမား ဦးစီးဌာနမှ တနှစ်လျှင် နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်သ မား ၇၀ဝ ခန့် မပို့နိုင်သော အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီများကို လိုင်စင်သက်တမ်းတိုး မပေး ဟု ခြိမ်းခြောက်ခဲ့မှုကြောင့် အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီများမှာ အလုပ်သမား အထွက်တင်ပြ နိုင်ရေးအတွက် ထိုသို့ မလျှော်ကန်သည့် နည်းလမ်းများကို အသုံးပြုခြင်း ဖြစ်နိုင်ကြောင်း ကျောက်တံတား မြို့နယ်တွင် အခြေစိုက်သည့်
ပြည်ပ အလုပ်အကိုင်ရှာဖွေ ရေး ဧဂျင်စီတခု မှ မန်နေဂျာ တဦးက ပြောသည်။

ရန်ကုန် အချို့စိုက် အလုပ်အကိုင် ရှာဖွေရေးဧဂျင်စီ အချို့ကို စစ်အစိုးရ ဖိနှိပ်မှုအောက်တွင် စားဝတ်နေရေး ကျပ်တည်းကျသော မြန်မာလူငယ် အချို့က အားထားကြသော်လည်း အချို့ အလုပ်ကိုင်ရှာဖွေ ဧဂျင်စီများ၏ တာဝန်မဲ့သော လုပ်ရပ်များကြောင့် နိုင်ငံရပ်ခြားတွင် အဆင် မပြေဖြစ်ကာ ဘဝပျက်ကြရသော အလုပ်သမားများ လည်းရှိသည်။

ဘဝပျက်၍ ပြည်တော်ပြန်လာကြသော အလုပ်သမားများ က ၎င်းတို ့ကို အခကြေးငွေယူ၍ စေလွှတ်ပေးသော ဧဂျင်စီများအား တရားစွဲ ဆိုမှုများပြုပါက အာဏာပိုင်များနှင့်ပေါင်းက ထို အလုပ်သမားအား ပြန်လည် မတရား အမှုဆင်မှုများ ရှိသည်။

ရန်ကုန်မြို့ရှိ အလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီများသည် ယခုနှစ်အတွင်း ကမာ္ဘ့စီးပွားရေး ကျဆင်းမှုကြောင့် နိုင်ငံခြားသို့ အလုပ်သမားများ
ယခင်နှစ်ကကဲ့သို့ မပို့ဆောင်နိုင်တော့ ကြောင်းသိရသည်။

မြန်မာအမျိုးသမီးများအား လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန်အ တွက် ပို့ဆောင်ပေးသော ဧဂျင်စီ လေးခုခန့်ရှိပြီး
ထိုဧဂျင်စီများမှာ မှတ်ပုံတင်မထားသော ဧဂျင်စီများ ဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေး ဧဂျင်စီမှာ ဝန်ထမ်း တဦးက ပြောသည်။

မြန်မာအမျိုးသမီးအများစုအား လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန် အများဆုံးပို့လွှတ်သော နိုင်ငံများမှာ ထိုင်း၊ စင်္ကာပူ၊
တောင်ကိုရီးယား နှင့် ပင်လယ်ကွေ့ နိုင်ငံများ ဖြစ်သည်။တစ်နေ့ကို စရိတ်ငြိမ်း စင်္ကာပူဒေါ်လာ နှစ်ရာ အနည်းဆုံး ရမယ်ဆိုသော
စကားရပ်မှာ ယုံနိုင်ဖွယ်မဟုတ်သော မက်လုံးမျှသာဖြစ်ပါသည်။ ဒီလခနဲ ့ဆိုရင် အသားတင် တစ်လကို အနည်းဆုံး S$ ၅၀၀ဝကျော်နေပြီ ဖြစ်ပါသည်။ ဒေါ်လာ ၅၀၀ဝဆိုသောပမာဏမှာmanagerlevel၊CEO level စသော အဆင့်များသာ ရရှိနိုင်သော လခဖြစ်ပါသည်။

အလုပ်သမား အထွက်တင်ပြ နိုင်ရေးအတွက် ထိုသို့ မလျှော်ကန်သည့် နည်းလမ်းများကို အသုံးပြုခြင်း ဖြစ်နိုင်သော် လည်း မြန်မာမိန်းခလေး
များသတိထားစေချင်ပါသည်။ သတိပြုစေချင်ပါသည်။ မြန်မာမိန်းခလေးများရဲ့ ဂုဏ်ကို တန်ဖိုးထားစေချင်ပါသည်။ ဒီမေးကိုလည်း ကျေးဇူးပြုပြီး ဖြန့် ဝေပေးစေလိုပါသည်။ ။

Ref: http://mysing.ning.com/profiles/blogs/2316969:BlogPost:39387

34 comments

  • အဖ

    April 9, 2010 at 12:59 am

    အဲဒါပြောတာပေါ့ နအဖ ဆိုတဲ့ကောင်တွေတကောင် မှမကောင်း နအဖ ဖင်လျှက်ခြင် တဲ့ကောင်တွေ ဒီမှာဖတ်ကြ….ရှီး နဲ့မကောင်တွေ….။

  • အဖမျိုးချစ်

    April 9, 2010 at 1:02 am

    အဲဒါပြောတာပေါ့ နအဖ ဆိုတဲ့ကောင်တွေတကောင် မှမကောင်း နအဖ ဖင်လျှက်ခြင် တဲ့ကောင်တွေ ဒီမှာဖတ်ကြ….ရှီး နဲ့မကောင်တွေ….။
    သူတို အမေနဲ့သမီးတွေ ညီမတွေ ကို သာပို့လိုက် ပါတော့…။မြန်မာမိန်းခလေးတွေ ရင်နာမိတယ်……။

  • Foreign Resident

    April 9, 2010 at 4:13 am

    Firstly, I want to admit that I don’t want my Myanmar girls to become commercial sex worker.
    But I want to correct the true information,
    200 $/day is not overestimate,
    beautiful CSW can get more than that income.
    Trust me, beautiful CSW salary can easily beat the ordinary executive officer.
    That’s all.

  • parparazi

    April 9, 2010 at 4:19 am

    How we can stop these agents? anyone have idea?

  • Shwemannmay

    April 9, 2010 at 6:53 am

    ဒီလို အေးဂျန် ့တွေဆိုတာတော့ ရှိနေမှာပဲ ဘာလို ့ဆိုတော့ လူတွေက စားဝတ်နေရေးကျပ်တည်းကြတယ်လေ၊ ဘယ်သူမှတော့ ဒီလိုအလုပ်လုပ်စားမယ်လို ့သံဓိဌာန်ချမထားကြပေမယ့် အခြေအနေအရ ရွေးချယ်စရာမရှိတာမျိူးတွေလည်းရှိတတ်ပါတယ်၊ နှမချင်းစာနာတတ်ကြဖို ့က အရေးကြီးတယ်လို ့ထင်ပါတယ်

  • banban

    April 9, 2010 at 7:46 am

    မြန်မာမိန်းခလေးတွေကလည်း ဘယ်လောက်ပဲ စားဝတ်နေရေးခက်ခဲ..ခက်ခဲ… ဒါမျိုးတော့မလုပ်ဘူးဆိုတဲ့… ခိုင်မာတဲ့ဆုံးဖြတ်ချက်မျိုးကို ခိုင်ခိုင်မာမာ ချမှတ်ထားရမယ်။ ရှိတာလေးနဲ့လှအောင်ဝတ်၊ ရတာလေးနဲ့စားတတ်ရင် ဒီလိုမျိုးဘဝတွေနဲ့ကြုံတွေ့စရာ မရှိတော့ပါဘူး။

  • Rain girl

    April 9, 2010 at 7:48 am

    စားဝတ်နေရေးကတော့ ပြောမနေပါနဲ့ လူတိုင်းလိုလို ကျပ်တည်းတာပဲ။ ဒါပေမယ့် ကိုယ့်သိက္ခာ ကိုယ်တေ့ာ ထိန်းလေ။ ခိုင်မာ ရင့်ကျက်တဲ့ စိတ်ကလေးပေ့ါ။ နိုင်ငံခြားဆိုတိုင်းလဲ အားမကျသင့်ပါဘူး။ သွားမယ်ဆိုလည်း သေချာ စဉ်းစားပေါ့။ အေးဂျင့်ရှာရင်လည်း သေချာစိစစ်ပြီးမှ ရှာသင့်တယ်။ မထူးဇာတ်တွေတော့ မခင်းစေချင်ဘူးဗျာ။ စေတနာပါ ဗျာ။

  • အဖမျိုးချစ်

    April 10, 2010 at 3:44 am

    ကောင်း လိုက်တဲ့ မြန်မာ့ စိတ် ကောင်းတယ် ဒါမှ မြန်မာ မျိုးချစ်ညီ အကို တို့….
    ဒီcomment တွေ ဖတ် ရတာ စိတ်ထဲ အရမ်းကျေနပ် တယ်…..။မြန် မာ မိန်း ကလေး တွေ အ တွက် ကာကွယ်ရ မယ်……။အြ့ကံ
    ပြုကြ ပါ ….။လေး စားစွာ နဲ့….။

  • Foreign Resident

    April 10, 2010 at 2:10 pm

    Every Myanmar citizen whether live in Myanmar or in foreign,
    they don’t want to see Myanmar girl as prostitute or house mate especially in foreign country.

    But dear Myanmar fellow,
    We have to face or accept the true fact.
    If our country is still poor by this way,
    our girl cannot avoid from this tragedy or
    There is no way to protect prostitution of Myanmar girls ( trust me )
    Don’t blame to poor prostitute girls nor Agents.

    So, first thing we have to do is make our country rich.
    If our country is rich,
    It means every family gets enough for eating, clothing, staying, education & medical security,
    then you cannot find a single Myanmar prostitute.

    For example ( my true knowledge ),
    After world war II, about 1950,
    Singapore was damaged by war & very poor,
    then Singaporean girls were becoming prostitute,
    that time they entertained mostly to US soldiers,
    even for a prices of 1 or 2 soap ( lux ).
    But you cannot blame neither Singapore girls nor Mar Mar San nor US soldier,
    only you can blame is poor economy.

    But they got or choose the great leader ( lee Kuan Yu ).
    then after some decades, Singapore is rich now.
    There are no Singaporean prostitute,
    instead they import prostitute & house mate from Philippine, China, Myanmar, Indonesia & etc..
    All Singaporean ( Girls or Boys ) are now proud crazy because of that.

    So my dear Myanmar fellows,
    If you don’t want to see Myanmar prostitute,
    Do emphasis only to make our country rich.
    If our country is rich, sure 99% of all problems will vanish.

    • mickylay

      April 19, 2010 at 2:42 am

      Foreign Resident ရဲ့ Idea ကို သဘောကျတယ်။ အရမ်းကို အပြုသဘောဆောင်ပါတယ်။ အဓိက ကတော့ ဘယ်သူ့ကိုမှ အပြစ်ပြောမနေပဲ မိမိကိုယ်သာ ကောင်းအောင်လုပ်ကြပါ။

      • twitty

        September 2, 2010 at 12:29 pm

        ဟုတ်ပါတယ်… မိမိကိုယ်ကောင်းအောင်လုပ်ဖို. သာအရေးကြီးဆုံးပါ…

  • susunosuki

    April 15, 2010 at 2:12 pm

    အမှန်ကတော့ မိန်းကလေးထု အနေနဲ့ အခက်အခဲကြုံဦးတော့ မိမိက မိန်းကလေးဖြစ်တယ်ဆိုတဲ့အသိအမြဲရှိရမယ်
    ဆိုလိုတာ က မိန်းကလေးဆိုတာ ထိခိုက်လွယ်တယ်မို့လား
    အယုံမလွယ်သင့်ပါဘူး
    မရဲတင်းသင့်ပါဘူး

  • susunosuki

    April 15, 2010 at 2:16 pm

    ကျွန်တော် တလောလေးကပဲ နိုင်ငံခြားကိုပို့မယ် ဆိုပြီး
    မိန်းကလေးမိဘတွေဆီက ငွေကြိုယူ နေတဲ့ အေးဂျင့်ဆိုသူတွေကို တွေ့ခဲ့ရတယ်
    မိဘတွေကိုယ်တိုင်က ဒီလောက် ဒုက္ခ ရောက်နေပါတယ် ဆိုတာကို လျော့တွက်နေကြတာခက်တယ်ဗျ
    ပြောပြန်ရင်လည်းမနာလိုလို့ထင်မယ်ဗျ
    ကိုယ်နဲ့ရင်းနှီး တဲ့သူတွေကိုတော့ အတတ်နိုင်ဆုံး ရှင်းပြပေးတယ်

  • kopainglay

    April 22, 2010 at 8:59 am

    တခုလောက်တော့ ဝင်ပြောချင်တယ်ဗျာ အဲဒါလုပ်စားရတာကိုကြိုက်တဲ့လူတွေလဲရှိတယ်ဗျ အားလုံးကိုမဆိုလိုပါဘူး တိကျတဲ့သတင်းလေးတခုကိုပြောပြမယ် မြောက်ဥက္ကလာ က သုနန်ဒါ ဘက်မှာ အမေကမကောင်းတာလုပ်စားတယ် သူ့သမီးကိုလဲအဲလိုင်းထဲကိုသွင်းတယ် ဘယ်လိုစိတ်တွေလဲတော့မသိပါဘူး။ ပြီးတော့ပြောသေးတယ် ယောကျာ်းယူလဲခံရမှာပဲတဲ့ ဘားမှမစမ်းဘူးတဲ့ စိတ်ဓါတ်ကိုတော့ကြိုက်ပီဗျာ

  • Ayuu

    April 23, 2010 at 2:45 am

    အကောင်းဆုံးက ပညာရေး၊စိတ်ဓါတ်ရေးတွေမြင့်တင်ပေးနိုင်ဖို့ပါပဲ။ နိုင်ငံတော်လူကြီးတွေအားလုံးမှာ တာဝန်အရှိဆုံးပါ။

  • chitkoko

    April 24, 2010 at 8:58 am

    မိန်းခလေးတွှေပျတ်ဆီးသွှားတာ…..ဖျတ်ဆီးခံရတာဟာ………တခိူ.ကငွှေကြောင့်……..တခိူ.ကျတော.နှမခြင်း(သို.)အမေခြင်မစာနာတဲ့လူတခိူကြောင်.ပါ။
    ဘာပဲဖြစ်ဖြစ်ငွှေရှာနေတဲ.မိန်းခလေးတွှေကိုစာနာဖို.တောင်းဆိုလိုပေမဲ.ကျွန်တော်တို.အစိုးရအဖွှဲ.ဝင်တွှေကိုယ်တိုင်ကိုကစံပြလုပ်ပြနေတော့ရှင်းရခတ်ပါတယ်။
    ဒီနအဖဆက်လက်အုပ်ခူပ်နေမယ်ဆိုရင်ကျွန်တော်တို.တစ်နိူင်ငံလုံး(ဖာ)ဖြစ်လိမ်.မယ်…..
    အနာဂါတ်အမိူးကောင်းသားသမီးတွှေဟာသူတို.ရဲ.တမြေ.မြေ.ချွေချခြင်းကိုခံရနိူင်ပါတယ်….
    ဒါကြောင်.တို.လူငယ်တွှေညီညွှတ်ဖို.လိုပါပြီလို.

  • etone

    April 28, 2010 at 1:48 am

    နိုင်ငံရပ်ခြားကိုရောက်ရင်ပြီးရောသွားမှာပဲဆိုတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား မမများဖတ်မိကြပါစေ ။
    မြန်မာနိုင်ငံမှာလည်း ဘီယာဆိုင်တွေမှာ အမျိုးသမီးဝန်ထမ်းတွေအရက်ရောင်းတာကလည်း တော်တော်မျက်စိစူးစရာပါပဲ ။ ဘာစတန့်ထွင်တယ်မသိပါဘူး Tiger ဘီယာက ကောင်မလေးတွေကို restaurant တွေမှာ ထားတာကလည်း အမြင်မတော်ပါဘူး ။ အတုမြင်အတတ်သင်အရွယ်လေးတွေကလည်း ဘီယာဆိုင်က သီချင်းဆိုတဲ့ (လစာကောင်းတဲ့ မမများ)ကို အားကျသွားလို့ကတော့ မခက်ပေဘူးလား ။

  • xxxTiger

    April 28, 2010 at 7:20 am

    နိုင်ငံရပ်ခြားကိုရောက်ရင်ပြီးရောသွားမှာပဲဆိုတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား မမများဖတ်မိကြပါစေ ။အတုမြင်အတတ်သင်အရွယ်လေးတွေကလည်း ဘီယာဆိုင်က သီချင်းဆိုတဲ့ (လစာကောင်းတဲ့ မမများ)ကို အားကျသွားလို့ကတော့ မခက်ပေဘူးလား ။Tiger ဘီယာက ကောင်မလေးတွေကို restaurant တွေမှာ ထားတာကလည်း အမြင်မတော်ပါဘူး ။
    အကောင်းဆုံးက ပညာရေး၊စိတ်ဓါတ်ရေးတွေမြင့်တင်ပေးနိုင်ဖို့ပါပဲ။ နိုင်ငံတော်လူကြီးတွေအားလုံးမှာ တာဝန်အရှိဆုံးပါ။အဓိက ကတော့ ဘယ်သူ့ကိုမှ အပြစ်ပြောမနေပဲ မိမိကိုယ်သာ ကောင်းအောင်လုပ်ကြပါ။စားဝတ်နေရေးကတော့ ပြောမနေပါနဲ့ လူတိုင်းလိုလို ကျပ်တည်းတာပဲ။ဘယ်သူမှတော့ ဒီလိုအလုပ်လုပ်စားမယ်လို ့သံဓိဌာန်ချမထားကြပေမယ့် အခြေအနေအရ ရွေးချယ်စရာမရှိတာမျိူးတွေလည်းရှိတတ်ပါတယ်၊ နှမချင်းစာနာတတ်ကြဖို ့က အရေးကြီးတယ်လို ့ထင်ပါတယ်

  • Exit

    May 1, 2010 at 6:14 pm

    Dear All,

    Why did you write like that ?
    I m one of overseas employment agency in Myanmar, If you don’t know like that agency name , you don’t put it , Pls try to know like that agency name & if you knew the name ,pls inform to Ministry & Ministry of Home Affairs, They will be withdraw the employment licence & will be do by their process,

  • laypyay

    May 2, 2010 at 1:52 pm

    အင်း ဒါလည်း ခက်တာပဲ ခင်ဗျာ သွားကြတဲ့ မိန်းကလေးတွေ ကို အပြစ် မဆိုသာပေမဲ့ လုပ်ရက်တဲ့ Agency တွေ ကိုတော့ စက်ဆုပ်မိပါတယ်.. ဒီသတင်းလေးကကြားမိတာကြာပါပြီ . ကိုဝမ်းရေးတောင် ကိုယ် အနိုင်နို်င်ကျောင်းနေရတဲံ နိုင်ငံမှာဆိုတော့ လဲ ဘယ်သူကိုအပြစ်တင်ရမယ်တောင် မသိတော့ပါ ဘူး..။

  • လူငယ်ခြေကျ

    May 2, 2010 at 10:05 pm

    ပန်းပွင့်တွေကြွေရုံတင်မကပါ ပန်းဖူးလေးတွေပါကြွေကျနေတဲ့ အမိမြန်မာပြည်အတွက် စိတ်မကောင်းဖြစ်မိပါတယ် ဝမ်းနည်းစရာလည်းသိပ်ကောင်းတယ် ဒါအားလုံးခြုံပြောရရင် ဥယဉ်မူးညံ့ဖျင်းတာပဲ ပြည်ထောင်စုဆိုတဲ့ အသီးအညွန့်တွေကို ပိုးစားခြကိုက်နေတာ မြင်ပါရဲ ့နဲ ့လက်ပိုက်ကြည့်နေရက်တယ် ကိုယ့်လူမျိုးတွေကိုဘယ်လိုကာကွယ်စောင့်ရှောက်ရကောင်းမှန်းမသိရှာလေရော့…… ပြောမဲ့တာပြောရပါတယ် ခင်ဗျာတို ့ကျုပ်တို ့ရဲ ့ဥယဉ်မူးကြီးကပေါက်တူးတစ်လက်နဲ ့သုဘရာဇာမဟုတ်ဘူးနော်….သေနတ်ကြီးနဲ ့ဥယဉ်မူးလုပ်နေတော့ဘယ်လိုလာပြီးသုံးရတော့မလဲ တစ်ခါတစ်ခါများဥယဉ်မူဒေါသကြောင့်ထွက်သွားတဲ့သေနတ်သံတွေကြောင့် ပန်းတွေမြေခခဲ့ပေါင်းများပြီ ကျေးဌက်တွေအဝေးသို ့ပြေးခဲ့ရပေါင်းလဲများပြီ…….အပေါ်မှာရွှေညီအစ်ကိုများရေးကြတာလေပြောချင်သေးတယ် မြန်မာမိန်းကလေးတွေအကြောင်းပါ ပြည်ပနိူင်ငံတွေမှာအလုပ်လာရောက်လုပ်ကိုင်ကြတဲ့မြန်မာမိန်ကလေးတွေအကြောင်းကို ကျနော့်ပတ်ဝန်းကျင်မှာမြင်တွေ ့ရတဲ့အတိုင်း အမှန်အတိုင်းပြောပါမယ် ဘယ်သူဘယ်ဝါကိုမှကျနော်မရည်ညွန်းပါ မြန်မာမိန်းကလေးတော်တော်များများပါ အိမ်နဲ ့ဝေးလို ့များအနေအထိုင်တည်ကြည်မယ်မထင်ပါနဲ ့ ပြည်ပမှာအစွယ်စုံထုတ်ပြီး မှော်အစွမ်းတွေထက်နေကြပါတယ် ဒါအမှန်ပါပဲ အထူသဖြင့်မိန်ကလေးများဟာ အမျိုးသားများထက်ပိုမိုလွန်ကဲကြတာတွေ ့မြင်ရတယ် သူတို ့တွေကိုအမြင်မတော်သာလေးများသွားမပြောလိုက်နဲ ့စေတနာဟာ သူတို ့အတွက်အိပ်ကပ်ထဲထည့်လို ့မရတဲ့ခေတ်ပါတဲ့…..အဲ့ဒါပဲကြည့်တော့ ဘာဆက်ပြောဖို ့လိုအုံးမှာလဲ စောင့်ရှောက်ဖို ့ကြံကါရှိသေး ထိုးမဲ့ဆင်ကနောက်တစ်လှမ်းတောင်ဆုတ်ပြီးနေမှပေါ့…….

  • lin kar moe tain

    May 4, 2010 at 8:21 am

    ငွေရရင်ပြီးရောဆိုတဲ့လူတွေအတွက်တော့

  • poeaung6

    May 6, 2010 at 5:32 am

    မြန်မာနိုင်ငံအမျိုးသမီးရေးရာ အနေနဲ့ အင်တိုက်အားတိုက် ဆောင်ရွက်ပေးစေချင်ပါတယ် သက်ဆိုင်ရာလူကြီးများသားမက နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ် အားလုံးဝိုင်းဝန်းတိုက်ဖျက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်…..။

  • kopauk mandalay

    May 7, 2010 at 1:36 am

    ဘယ်သူကြောင်.လိုဆိုတာကြီးနဲ.အပြစ်တင်မဲ.အစား။
    ဘာကြောင်.ဖြစ်ရတာလဲ ဘယ်လိုကာကွယ်မလဲဆိုတာကပိုကောင်းပါတယ်။
    မလုပ်အပ်တာကိုလုပ်နေတဲ.သူကိုတော.ဖယ်ရမှာဘဲ။
    ဒိလိူလုပ်ရင်တောင် ပျောက်မသွားဘူး ရော.ဘဲသွားနိုင်မယ်

  • Shwemannmay

    May 7, 2010 at 6:16 am

    မှန်ပါတယ် လူနဲ ့လူ ့ပတ်ဝန်းကျင်မှာ ဒီလို ကိစ္စတွေပာာအနည်းနဲ ့အများ အမြဲတမ်းလိုလို ဖြစ်ပျက်ကြုံတွေ ့ကြားသိနေရမှာပါပဲ ။ ဒါပာာ တစ်ဦးတစ်ယောက် အဖွ ဲ့အစည်း ၁ခု မှာသာတာဝန်ရှိတာ မပာုတ်ပါဘူး။ မြန်မာယောက်ကျားမြန်မာ မိန်းမ အားလုံးမှာ တာဝန်ရှိပါတယ်၊ မိမိကိုယ်ကိုလည်းထိန်းသိမ်းမယ် သူများကိုလည်းတတ်နိုင်သမျှ စောင့်ရှောက်မယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ ဒီထက်ပိုပြီးလျော ့နည်းသွားနိုင်ဖွယ်ရာရှိပါတယ်။

  • nyi

    May 9, 2010 at 4:33 am

    မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီး ကိုယ်ကြိုးတစ်ခုထဲနဲ. သူများနိင်ဂံ စီးပွားရေး ကြီးပွားရေး တိုးတက်ရေး အတွက် သွားရောက် အလုပ်လုပ် နေတယ် မြန်မာမျုးိချစ်ကြီးများ မြန်မာပြည်ကြီးတိုးတက်ဖို မြန်မာယျာဉ် ကျေးမူး
    အစဉ်လာ ထိမ်းသိမ်းဖို မြန်မာလုူမျုးိတွေမှာတာဝန်ရှိပါတယ်။။

  • rat

    May 25, 2010 at 3:33 pm

    ဒါတွေဒီအတိုင်းထိုင်ပြောနေလို.ကတော့ ရမှာမဟုတ်ဘူးဗျ ။ အခုဒီခေတ်မှာ ကောင်းကောင်းမွန်မွန်ရပ်တည်နေနိုင်ဖို.က
    အဓိက ကပိုက်ဆံပဲ ။ အဲဒီ့တော့ပိုက်ဆံကိုဘယ်လိုရှာရမလဲဆိုတာတွေတွေးလာတယ် ။ ရှာတဲ့နေရာမှာလဲ များများနဲ.
    မြန်မြန်ရဖို.က ဒီနည်းလမ်းတွေပဲရှိတာလေ ။ ကျွန်တော်တို.လို ပြည်သူတွေမှာက တစ်နေ.တစ်နေ. ရှာလိုက်ကုန်လိုက်နဲ.ပဲ
    လုံးလည်ချာလည်လိုက်နေတာ ။ မြိုးမြိုးမျက်မျက်လေးရဖို.ကြံမိကြံရာကြံကြရတာ ။ နှစ်လုံးထိုးတယ် ။ ချဲထိုးတယ် ။ ကိုယ့်နိုင်ငံမှာက
    ရှာလို.မှမလောက်တဲ့ကိစ္စတွေကိုး ။ လိုက်လေဝေးလေပဲ ။ အခုကြံ့ဖွတ်ပါတီအာဏာရလာရင်လဲ ဒီအတိုင်းပဲဆက်သွားမှာပဲ ။
    ဘယ်မှာလဲ စည်းကမ်းပြည်.ဝပြီးလွတ်လပ်တဲ့ ဒီမိုကရေစီ ………….

  • nyiminsatt

    June 4, 2010 at 2:27 pm

    For my opinion, every Myanmar lady should care about the nation reputation. But, i believe , most of Myanmar lady,they don’t interest about that kind of job. How ever they give . Right ?

  • shwemoenyo

    June 25, 2010 at 7:17 am

    ကို်foreign resident ပြောသလိုဆိုရင် နိုင်ငံဆင်းရဲရင် ပြည်သူဆင်းရဲလို့ဒီလိုဖြစ်ရတာလား?
    တဖက်ကလည်းဖြစ်နိုင်ပါတယ်။ လီကွန်ယုက သူ့နိုင်ငံကို ဆင်းရဲတွင်းကနေ ဆယ်ထုတ်ပြီး။ ဘဝသစ်တခုကိုပေးနိုင်ခဲ့လို့ သူတို့နိုင်ငံသားတွေပြောင်းလဲခဲ့ရပေမယ့်လည်း …..တို့ဆီက ညီမတွေအစ်မတွေကို ကယ်တင်ပေးမယ့် ခေါင်းဆောင်ဘယ်မှာလဲ ဘယ်တော့လဲ? ဒီတော့လက်တလော လုပ်နိုင်တာက အကြီးအကဲဆိုသူတွေက ကြီးသလောက်မကဲကြဘဲ၊ ကိုယ့်နိုင်ငံသူလေးတွေကို ရောင်းမစားကြစေဖို့အတားအစီးတွေကို ထိထိရောက်ရောက်လုပ်ပေးစေချင်တယ်။ ဒီလူကုန်ကူးမှုတွေကို လုပ်နေတာပဲလေ လုပ်နေတာမှ နှစ်ပေါင်းများနေပြီ ပိုလို့သာဆိုးလာတယ် ၊ လျှော့တယ်ဆိုတာမရှိဘူး ဒါ ထိထိရောက်ရောက်မလုပ်လို့ပေါ့၊ ဒီကိစ္စတစ်ခုတည်းကိုတောင် ထိထိရောက်ရောက်မကာကွယ်မအုပ်စိုးနိုင်တာ၊ ချမ်းသာအောင်လုပ်ပေးဖို့များတော့…..
    မွေးသက္ကရာဇ် ၈၈ ခုနှစ်ဖြစ်တဲ့ကလေးတွေတောင်မှ ဟိုဟာဖြစ်ကုန်ပြီ ဒီမှာက ဒီတိုင်းပါလားနော်……အနော်ရထာရေ၊ ဦးအောင်ဇေယျရေ…..ဒီမှာတော့ ….ဒီလိုတွေဖြစ်ကုန်ပြီ….

  • sususan

    July 17, 2010 at 12:48 pm

    အမြတ်ထုတ်နေတဲ့လူကတော့ လုပ်နေမှာပဲ
    အဓိကကတော့နားမယောင်ပဲချင့်ယုံ(တရုတ်နာမည်မဟုတ်ပါ)
    စေချင်ပါတယ်..အရာရာကိုစဉ်းစားချင့်ချိန်နိုင်သောလူသားများ
    ဖြစ်ပါက ခေတ်ပျက်လည်း အပြုံးမပြတ်ပဲ ပျော်ရာမှာမနေတော်ရာမှာ
    နေလို့ နေတဲ့နေရာမှာတော်အောင်ကြိုးစားရင်း ဘဝဆိုတာကြံ့ကြံ့ခံနိုင်မှုရှိရန်
    ကြိုးစားလိုက်ကြပါစို့လားသူငယ်ချင်းပေါင်းတို့

  • unclegyi1974

    September 2, 2010 at 11:45 am

    အရင်းစစ်တော့အမြစ်မြေကတဲ့။
    ဖြစ်နေတာအားလုံးရဲ့အဖြေက Foreign Residenပြောသလိုစီးပွါးရေကိုအခြေခံ
    ဖြစ်နေတယ်လို့မြင်ပါတယ်၊အခြေခံစား၊ဝတ်၊နေ၊ရေးမဖူလုံတော့
    ဖြေရှင်းဖို့ငွေလိုပါတယ်၊
    အဲဒီငွေကိုငါးမျှားချိတ်လုပ်လိုက်တော့အကုန်မိကုန်တော့တာပါဘဲ

    ဆန်စင်ရာကျီပွေ့လိုက်နေရင်ဆန်ဖွတ်လို့ပြီးမှာမဟုတ်ပါဘူး
    အခုဖြစ်နေတာတွေကိုဆေးမီးတိုတွေနဲ့ကုနေရင်တော့ဒီလိုဘဲလုံးလည်
    လိုက်နေမှာပါ၊အကျိုုးကြောင့်အကြောင်းဖြစ်တာပါ၊၊

    ဒီကိစ္စတွေကတဦးချင်းလုပ်လို့မရပါဘူးအစုအဖွဲ့တခုလဲလုပ်လို့မရပါဘူး
    နိုင်ငံတော်ကိစ္စပါ၊ တနိုင်ငံလုံးစီးပွါးရေတိုးတက်အောင်လုပ်ပြီး
    လူတဦးချင်းဝင်ငွေမြင့်မားလာရင်ပြေလည်သွားမှာပါ

    ဒါပေမဲ့ဝမ်းနည်းစရာကောင်တာကကျွန်တော်တို့အစိုးရကသူတို့ကုလားထိုင်
    မြဲဖို့လောက်ဘယ်အရာမှစိတ်မဝင်စားတာဝမ်းနည်းစရာပါ။

  • thargyi

    October 12, 2010 at 6:38 am

    ဒီ comments လေးကိုဖတ်ရတာအရမ်းကောင်းပါတယ်…ကျွန်တော်တို့မြန်မာမိန်းခလေးတွေ စီးပွားရေးအဆင်မပြေလို့ပဲဖြစ်ဖြစ် ဝါသနာပါလို့ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့ လမ်းမှားရောက်နေတဲ့မြန်မာမိန်းခလေးတွေကို ကိုယ့်လက်လှမ်းမှီရာ(ကိုယ့်ပတ်ဝန်းကျင်)မှာပြုပြင်ထိန်သိမ်းပေးရမှာကျွန်တော်တို့တာဝန်ပါပဲ။သူတို့နေရာသူတို့လုနေကြတဲ့အစိုးရကတော့ဒါတွေကိုထည့်တွက်မှာမဟုတ်ပါဘူး ။တစ်ကယ်ဝမ်းနည်းစရာပါပဲ…အဲဒီနေရာမှာ သူတို့တွေရဲ့မိသားစုအသိုင်းအဝိုင်းကဆိုရင်ရော…….???

  • shwemanthar

    October 12, 2010 at 7:13 am

    အင်း………
    စဉ်းစားဖို.ကောင်းပါတယ်။
    နိုင်ငံရဲ.စီးပွားရေးကိုတိုးတက်အောင်လုပ်သင်.ပါပြီ။
    ဒါပေမယ့်
    နေရာလုနေကြတဲ့အဲဒီလူတွေကိုဘယ်လိုပြောကြမလဲဗျာ

  • cruz

    October 12, 2010 at 5:23 pm

    အင်း…….တော်တော်ဆိုးတဲ့ လုပ်ငန်းရှင်တွေပဲ

Leave a Reply