မြန်မာ ဝီကီလိခ် စတင် ဖွပြီ

BayoteDecember 6, 20101min602

မြန်မာ ဝီကီလိခ် ကို တန်ဆောင်မုန်း လပြည့် ကျော် ၁ဝ ရက် နစ် ၉ဝ ပြည့် အမျိုးသား နေ ့ကျရောက်သည့် ၂၀၁ဝ ခုနှစ် ဒီဇင်ဘာ လ ၁ ရက်နေ ့ ဉ် စတင်ပါသည်။အင်တာနက် စာမျက် နှာကို ယခု နှစ် စက်တာ ဘာလ ၁၂ ရက် Freedom News Group သုံးနှစ် ပြည့်ချိန် တွင် Myanmar i Report နှင့် အတူ စတင်ပါသည် လို. ရေးထားပြီး wikileaks နှင့် အပြိုင် မြန်မာ လျို.ဝှက်သတင်းများ စတင်တာကို ထူးခြားစွာတွေ.လိုက်ရပါတယ်။ http://www.myanmarwikileaks.org/ မှာ ကြည့်ရှုနိုင်ပါတယ်။

2 comments

  • PaukPhaw

    December 7, 2010 at 4:07 am

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေးမှ မန်ယူအသင်းအား ဒေါ်လာသန်းတထောင်ဖြင့် ဝယ်ယူရန် အစီအစဉ်(december 07,2010)

    မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီးသန်းရွှေသည် မန်ချက် စတာ ယူနိုက်တက် ဘော လုံးအသင်းကို ဒေါ်လာ သန်းတ ထောင် (တဘီလီယံ) ဖြင့် ဝယ်ယူဖို့ ၂၀၀၉ ဇန်နဝါရီလ တွင် စဉ်းစားခဲ့ကြောင်း ဝိကီလိခ်မှ ဖွင့်ချသော အမေရိကန်သံတမန် လျှို့ဝှက်သတင်း များတွင် ဖော်ပြထားသည်။

    ဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက် စတာကလပ် ရှယ်ယာများကို ဝယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း လျှို့ဝှက်သတင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ဝါရှင် တန်သို့ ပေးပို့ခဲ့သည်။ ဆိုင်ကလုန်း နာဂစ် ကို နှေးကွေးစွာ ဖြေရှင်းခြင်းအပေါ် ကုလ သမဂ္ဂမှ စိတ်ဆိုးဒေါ်သထွက်မှုများ ရှိနေချိန်တွင် မန်ချက်စတာ ဘောလုံးအသင်းအား ဒေါ်လာ သန်းတထောင်ဖြင့် ဝယ်ယူဖို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ဖိုးလပြည့်မှ အတင်း အကျပ် ပူဆာနေခဲ့သည်။ ဗိုလ်ချုပ်မှုးကြီးက ဘောလုံးအသင်းဝယ်ယူလိုက်လျှင် ဖြစ်ပေါ် လာမည့် နောက်ဆက်တွဲ ပြဿနာများကို စဉ်းစားခဲ့ကြောင်း အသေးစိတ်သတင်း ပေးပို့ မှုတွင် ဖော်ပြထားသည်။

    နာဂစ်ဆိုင်ကလုံးမှာ ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ခဲ့ပြီး လူ ၁၄ဝ ဝ၀ဝ အသက်ဆုံးရှုံးခဲ့ရ သည်။ ဗိုလ်ချုပ်ကြီး မြေးအဖိုး မန်ချက်စတာ ဝယ်ဖို့ စဉ်းစားခဲ့သည်မှာ ၂၀၀၉ ဇန်နဝါရီ လ အစောပိုင်းတွင် ဖြစ်သည်။ ဗိုလ်ချုပ်မှုးကြီးက မန်ယူကို ဝင်ယူလိုက်လျှင် အစိုးရကို ဝေဖန်မှုများဖြစ်ပေါ်ပြီး အဆိုးဖြစ်ပေါ်လာနိုင်သောကြောင့်၊ ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံပြီး မြန်မာ့အမျိုးသားဘောလုံးကလပ်များ ဖန်တီးဖို့ အမိန့်ပေးခဲ့သည်။ ထို အချိန် နာဂစ်မုန်းတိုင်းးဒဏ်မှ အသက်ရှင် ကျန်သူများမှာ အိုးမဲ့အိမ်မဲ့၊ သောက်သုံးရေမဲ့ ဖြစ်နေချိန်ဖြစ်သည်။

    မြန်မာအမေရိကန်သံရုံး အတည်ပြုချက်အရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေဖြင့် ရေနံ သ ဘာဝဓါတ်ငွေ့များမှ ရရှိသော ငွေကြေးဖြင့် မန်ချာစတာ ဘောလုံးအသင်းကို ဝယ်ယူဖို့ ငွေအလုံအလောက်ရှိနိုင်ကြောင်း၊ ဒေါ်လာ တဘီလီယံဖြင့် ဝယ်ယူလိုက်လျှင် မန်ချက်စ တာ အသင်းပိုင် စတော့ရှယ်ယာ ၅၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပေးပို့ ချက်တွင် ပါရှိသည်။

    ဖိုးလပြည့်ရဲ့ ပူဆာမှုကို အစားထိုးပေးဖို့ ဗိုလ်ချုပ်မှုးကြီးက မြန်မာဘောလုံးအသင်းများ ထူထောင်ရန်၊ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန်၊ နိုင်ငံခြားကစားသမားများ ခေါ် ယူရန်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီး ရှစ်ဦးကို ငွေအလုံအလောက် ချပေးခဲ့သည်။ ထိုစီးပွားရေးလုုပ်ငန်းရှင်များမှာ တကယ့် ဘောလုုံးကလပ်အသင်း ပိုင်ရှင်များ မဟုတ် ကြောင်း၊ ဘောလုံးသမားလစာ၊ အားကစားဝတ်စုံ၊ အသင်းကြော်ငြာ၊ သယ်ယူပို့ဆောင် ခ စတဲ့ကုန်ကျမှုကို မိမိတို့ဖာသာ အကုန်ကျခံရမည်ဖြစ်ကြောင်း အမိန့်ပေးပြောဆိုခဲ့ သည်။ ၂၀၁၁ ခုနှစ်တွင် ထိုစီးပွားရေးလုပ်ငန်းရှင် ရှစ်ဦးက မိမိတို့ တိုင်းနှင့်ပြည်နယ် အ သီးသီးတွင် ဒေါ်လာတသန်းတန် ဘောလုံးကွင်းများ တည်ဆောက်ဖို့ သတင်းပေးပို့ချက် တွင် ပါရှိသည်။

    မကွေးအသင်းမှာ တလလျှင် လစာငွေ ဒေါ်လာ ၁၅၅ ဝ၀ဝ ကုန်ကျသည်။ ဘဏ်လုပ် ငန်းနှင် ဆက်စပ်နေသော ကမ္ဘောဇအသင်းမှာ ၂၀၀၉ ဘောလုံးရာသီအတွက် ဒေါ်လာ ၂ သန်း ကုန်ကျခဲ့သည်။ ရန်ကုန်ယူနို်က်တက် ဘောလုံးအသင်းမှာ အာဖရိကမှ ကြေး စား ဘောလုံးသမား ၅ ဦး၊ ဒယ်လ်တာ ယူနိုက်တက်မှာ အာဂျင်တီးနားမှ ဘောလုံးသ မားများစွာ ခေါ်ယူခဲ့သည်။

    အမေရိကန်သံရုံး ဖော်ပြချက်တွင် ‘ဒီလောက် ငွေကုန်ကြေးကျများတဲ့လုပ်ငန်းကို အကျိုး အမြတ်မရှိဘဲ ဘာကြောင့်လုပ်နေကြတာလဲ ဟုမေးသောအခါ၊ အားလုံးမှာ ရွေးချယ်စရာ မရှိပါဘူး။ ဗိုလ်ချုပ်မှုးကြီးက ခိုင်းရင် အားလုံး စောဒက ပြန်တက်ခွင့်မရှိပါဘူး’ ဟု ဖြေ ကြားကြောင်း ပါရှိသည်။

    ထိုစီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ဆောက်လုပ်ရေးကန်ထရိုက်များ၊ ကျောက်မျက်ရ တနာနှင့် မိုင်းတွင်းများ၊ သွင်းကုန်လိုင်စင်များကို အစိုးရထံမှ ရရှိနေသူများဖြစ်သည်။ ၂၀၀၉ မေလတွင် စတင်ခဲ့တဲ့ မြန်မာနို်င်ငံ ဘောလုံးအဖွဲ့ချုပ်ရှိ ကလပ်များပိုင်ရှင်များတွင် ဖိုးလပြည့်အား ကလပ်ဘောလုံးလုပ်ငန်း အသေးစိတ်အစီစဉ်ဆွဲပေးသူ ခေတ်ပျက် သူ ဋ္ဌေး ဇော်ဇော် လည်းပါရှိသည်။ ဇော်ဇော်မှ ဖိုးလပြည့်အား သူတည်ထောင်ထားသော ကလပ်အသင်းတွင် လာရောက်ဆော့ကစားဖို့ ပြောဆိုသည်။

    ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ၂၀၁ဝ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုများနှင့် စီးပွားရေး လူမှု ရေးပြဿနာများကို လမ်းကြောင်းလွှဲဖို့လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ် ငန်းရှင်များက ပြောဆိုကြောင်း ဖော်ပြသည်။

    မန်ယူအသင်း ဝဘ်ဆိုဒ် ချက်ချင်းတုန့်ပြန်ချက်မှာ မြန်မာအာဏာပိုင်များက ဝယ်ယူခဲ့ လျှင်ပင် ရောင်းချမည်မဟုတ်ကြာင်း၊ ပရိတ်သတ်များက အပြင်းအထန် ဆန့်ကျင်သွား ကြမည်ဖြစ်ကြောင်း၊ မန်စီးတီးအသင်းလိုမျိုးမဟုတ်ဘဲ မန်ယူအသင်းကို အကျင့်ပျက် အာဏာရှင်များအား လုံးဝ ရှယ်ယာများခွဲဝေ ရောင်းချမည်မဟုတ်ကြောင်း ချက်ချင်းတုံ့ ပြန်ဖော်ပြခဲ့သည်။

    သတင်း Guardian

    မူရင်းသတင်း Source : http://www.guardian.co.uk/world/us-embassy-cables-documents/212931

Leave a Reply