ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆွမ်းလောင်းလှူမည်

etoneDecember 6, 20101min143

ူးဒ

NLD ရုံးချုပ်မှ သံဃာတော်များအား သဒါ္ဓတရားထက်သန်စွာ ဆွမ်းလောင်းလှူရန် ဖိတ်ခေါ်တဲ့ ဖိတ်ကြားစာလေးပါ ။ အလှူတန်းလုပ်တာကို မသွားရ၊ အလှူမခံရ မလုပ်သင့်ပါဘူးနော် ။ ရွာသားတွေလည်း ဖိတ်စာလေးကို ကြည့်ပြီး သာဓုခေါ် နိုင်အောင် freedom news group က ကူးပြီးတင်ပေးလိုက်တာပါ ။

10 comments

  • mindfulness

    December 6, 2010 at 4:59 am

    good deeds, but be mindful whatever we do

  • seaman

    December 6, 2010 at 5:19 am

    သာဓု သာဓု သာဓု

  • နီလေး

    December 6, 2010 at 8:10 am

    မွန်မြတ်လိုက်တဲ့ကုသိုလ်ကောင်းမှုလေးပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 6, 2010 at 9:37 am

    (အလှူတန်းလုပ်တာကို မသွားရ၊ အလှူမခံရ မလုပ်သင့်ပါဘူးနော် )
    အဲ့ဒါဂျီးက တညိုးယီး
    ဖဲကစားရင်တော့ Ace တစ်ထဲ ဝှက်ဖဲ ဆိုပြီး
    တစ်ခုခုကို ကြောခြင်နေယားတိဝူးနော်
    ( ပြည်ပမှာနေတဲ့ ရွာသဂျီးတို ့ ကိုကိုကြောင်တို ့မြှောက်ပေးတိုင်း လိုက်မလုပ်နေကြနဲ ့ဦး သူတို ့က နုတ်ဘွတ်ကို အိမ်ရှေ ့ကွပ်ပျစ်မှာ
    ချတာနဲ ့ရတဲ့ လိုင်းကနေ ဝင်အော်လို ့ရတယ် အဒူမှန်းတိတာဟုတ်ဝူး ကိုယ့်မှာရှိတဲ့ နက်လိုင်းက လည်ပင်းကို ကြိုးကွင်းစွပ်ထားတာနဲ ့ခပ်ဆင်ဆင်)

  • mG

    December 6, 2010 at 11:55 am

    မိုက်ကယ်ဂျော်နီအောင်ပု > ခင်ဗျာက မြန်မာနိုင်ငံကို မြေကြီးထဲရောက်အောင်လုပ်နေတာလား။ဒီစာကို တင်ထားတဲ့
    စာမူပိုင်ရှင်က မြန်မာလူမျိုးတွေ အနေနဲ့ နိုင်ငံကိုလွတ်လပ်မှုရအောင် လုပ်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ
    အောင်ဆန်းစုကြည် အလှူလုပ်တာကို သာဓုခေါ်နိုင်ဖို့ တင်ပြထားတာပါ . . . ။မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာတရားနဲ့
    နာမည်ကြီးနေတဲ့ ရွှေရောင်နိုင်ငံကြီးဗျ။ခင်ဗျာ ဘုရား၊တရား လုပ်တာကိုတော့ ဝင်အစွပ်ဖတ်စေချင်ဘူး။ . . . .
    ခင်ဗျာလည်း လူကြီး လူကောင်းပါ. . . . ဘာပြောချင်လည်းဆိုကိုတော့ နားလည်မှာပါ။

    ယခုလိုတင်ပြပေးထားတဲ့ ကိုetone ကိုလည်းကျေးဇူးတင်ပါတယ်နော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 6, 2010 at 12:47 pm

    ( ဒီစာကို တင်ထားတဲ့ စာမူပိုင်ရှင်က မြန်မာလူမျိုးတွေ အနေနဲ့ နိုင်ငံကိုလွတ်လပ်မှုရအောင် လုပ်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ
    အောင်ဆန်းစုကြည် အလှူလုပ်တာကို သာဓုခေါ်နိုင်ဖို့ တင်ပြထားတာပါ . . . ။) ဒါက မင်းပြောတာ
    (အလှူတန်းလုပ်တာကို မသွားရ၊ အလှူမခံရ မလုပ်သင့်ပါဘူးနော် ) ဒါက ပို ့စ်တင်တဲ့ ဒေါ်အီးတုံးပြောတာ
    ပယောဂ မှန်ရင် တုန်ဆင်းလာတယ် ဆိုတာ ဒါကို ခေါ်သကွ ငါ့လူရ
    နိုင်ငံရေးအရတော့ သိပ်မပြောခြင်ပါဘူး
    ဘာသာရေးအရ မှာတော့ …………………………………….. 😐
    မင်း
    တော်တော်သနားစရာကောင်းတာဘဲ
    ဘယ်သူက ပွဲဖျက်မယ်ဆိုတာ……..အင်းအင်းအင်း
    မင်းရဲ ့အကြံစည်တွေက မင်းကို နှိပ်စက်နေတယ်ဆိုတာ မြင်အောင်ကြည့်စမ်းပါ ငါ့လူရာ
    ( ဒီအလှူကို မတားမဆီးကြရင်တော့ သာဓုပါ ဗျာ သာဓု)
    နှစ်ခါဘဲ ရမယ် ပြီးသွားမှ ကျန်တဲ့တစ်ခါ ထပ်ခေါ်ပေးမယ်။

  • တတ်သိသလောက်လေး ဖော်ပြလိုက်ပါတယ်။ ခေါင်းဆောင်စုဟာ အင်္ဂါသမီးလို့ သိရပါတယ်။ မဟာဘုတ်ဗေဒင်မှာ ဂြိုလ်ဝင်ဂြိုလ်ထွက်ဟာ ဂြိုလ်သက်အတိုင်း လည်ပါတယ်။ အခု ခေါင်းဆောင်စု ဟာ ၆၅နှစ်ဆိုတော့ ၆၆ နှစ်မှာ သောကြာဂြိုလ်ကိုဝင်ပါမယ်။ အခု အဝင်စပါပြီ။ ဂြိုလ်အင်အားက သားသမီးပါ။ သားသမီးအကျိုးပေးပါလိမ့်မယ်။ အချိန်ကြာလေ သားသမီးအကျိုးပေးလေပါ။ ဒါပေမယ့် ဂြိုလ်ရဲ့ဆိုးကျိုးအတွက် အဝင်ခတ်တာမျိုးအတွက် သောကြာထောင့်မှာ ရေလှူတာတို့။ သံဃာတော် တွေကို သင်္ကန်းကပ်တို့ လုပ်ပေးရင်သိပ်ကောင်းပါတယ်။ ဒါသိသလောက် ပြောပြတာပါ။ ဗေဒင်ပညာရှင်မဟုတ်တော့ အမှားပါရင်ခွင့်လွှတ်ပါ။

    • etone

      December 8, 2010 at 4:06 am

      အောင်ပုနဲ့ MG ရေ ..
      . တချို့လူတွေက ကိုယ်သာမလှူတာ သူများလှူရင် ပိတ်ပင်တတ်ကြတယ် နောက်ဘဝ ဗြိတ္တာဖြစ်မဲ့လူမျိုးတွေကိုပြောတာပါကွာ … နေတတ်ရင် ကျေနပ်စရာကြီးပါ ။ တစ်ကယ်ဆို သူများအလှူလုပ်တာ ဘေးကနေမလှူရင်တောင် မုဒိတ္တာပွားပြီးနေကြည့်…တကယ် စိတ်အေးချမ်းတယ် ။ သူများကို လှူပြီး ဆိုကတည်းက ကိုယ့်မှာရှိတဲ့(ကိုယ်ပိုင်ဆိုင်တာကို) စွန့်လွှတ်ရတာ ဖြစ်တဲ့အတွက် အလှူရှင်ရဲ့စိတ်က မြင့်မြတ်ပါတယ် … ။အိမ်သာ ပေါ် ထိုင်ပြီး ငါ့ကျင်းဘယ်သူလာနှိုက်မလဲ ထိုင်ဟောင်နေတဲ့ ခွေးတကောင်ရဲ့စိတ်နဲ့တော့ မိုးနဲ့မြေလိုပဲ ကွာခြားလွန်းလှပါတယ် ။

    • etone

      December 8, 2010 at 7:22 am

      တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦးရေ…
      အန်တီစုက အခုမှလွတ်လာလို့ အခုမှ ယတြာလေးဘာလေး ချေချင်လည်း ချေပါစေပေါ့… ။ ဟို သေခါနီးကြီးတောင် တချိန်လုံး ယတြာပေါင်းစုံ ချေနေတာ .. (အိမ်နားက လက်ကြောမတင်းတဲ့ ငမူးကြီးကိုပြောတာနော် … 😀 )

  • MaMa

    December 8, 2010 at 11:27 am

    အလှူခံတဲ့ ဘုန်းကြီးတွေ အများကြီးဘဲတဲ့။ ဝမ်းသာစရာမြင်ကွင်းလေးတစ်ခုကို မြင်ခဲ့ရပါတယ်။

Comments are closed.