ပြည်တွင်း အင်တာနက်သုံးသူတို့အတွက် အထူးသတင်း

ဂ်စ္စူDecember 6, 20101min22818

ဟုတ်တာပဲလုပ်လုပ်.မဟုတ်တာပဲလုပ်လုပ်ပေါ့ဗျာ..ဒီအောက်က သတိပေးစာလေးကိုတော့      လျစ်လျူရှုထားလို့မရတဲ့အတွက်ဖော်ပြပေးလိုက်ပါတယ်။အီးမေးလ်မှ ရောက်လာတာကို
မြတ်လေးငုံဘလော့ဂ် (http://myatlayngon.blogspot.com/2010/12/blog-post_929.html)မှပြန်ဖော်ပြထားတာလဲဖြစ်ပါတယ်။

အင်တာနက်သုံးသူတို့အတွက် အထူး သတင်း on ♥ မြန်မာချစ်သူများ ♥မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ key-logger ဟုခေါ်သည့်ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီး လာရောက် သုံးစွဲနေသူတွေအထဲမှာမှ နိုင်ငံရေးနှင့်ပတ်သက်၍ပြည်တွင်း ပြည်ပဆက်သွယ်နေကြတဲ့ ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေမှုများ ရှိနေပြီး ထိုကဲ့သို့တတ်ကြွလှုပ်ရှားသူများအား ဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။

keylogger ဆိုသည်မှာ window စတက် စဉ်ကတည်းက စအလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၎င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် .. ။ ထိုအခါ မိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှ အားလုံးအား ငှင်းဆော့ဖ်ဝဲမှ မှတ်တမ်းတင်ထားပြီးဖြစ်နေ၍ လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများ အစရှိသဖြင့်အစစအရာရာအားအတိအကျပင် ၎င်းကမှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)

ထိုကဲ့သို့သောဆော့ဖ်ဝဲမျိုးအား ကွန်ပျူတာတွင်သွင်းထားပြီး လာရောက်သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအားအတိအကျ ထောက်လှမ်းထား နိုင်၍ မိမိတို့အနေဖြင့် ဆိုင်ဘာကဖီးသို့မဟုတ်တစ်ပါးသူ၏ ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိ အရင်ဆုံးစစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့်လုပ်ထားပါက အကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။ မိမိတို့၏ကိုယ်ရေးကိုယ်တာအချက် အလက်များအား သူတစ်ပါးဆီပါမသွားနိုင်အောင်လုပ်ရမည့်နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ .

ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။ Task manager ဝင်းဒိုးတက်လာပါက Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။ ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။

ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့်ငှင်းလုပ် ဆောင်နေသည့်လုပ်ငန်းတွေအားလုံး ပြီးဆုံးသွားပြီး မိမိလုပ်ကိုင်နေသည်များ ကိုလဲမှတ်ထားတော့မည် မဟုတ်တော့ပါ။ Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီး ခေါ်ယူလဲရပါ်သည်။ အကောင်းဆုံးနည်းလမ်းမှာtask manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ရိုးရိုးယူဆာတွေအနေနှင့် ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကို ရီကော့လုပ်တာလဲဆိုခြင်းကို မသိနိုင်၍အန္တရာယ်ကင်းဘေးရှင်း ၎င်း process tab ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။

အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွှင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။ စိတ်ချရသည့် နည်းပညာပိုင်း အားနည်းသောအင်တာနက်ဆိုင်ကိုသာ သွားရောက်အသုံးပြုစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နည်းပညာအရ အဆင့်အတန်းငှင်းဆိုင်တွင် အသင့်အတင့်မြင့်နေပြီဖြစ်၍ တော်ရုံမဟုတ်တော့ဘူးဟူ၍ ယူဆလို့ရနိုင်နေပါသည်။ ပြီးနောက် keyloggerတွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂျ်မှာတင်လို့ရသည့် keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပါသေးသည်။ ငှင်းတို့အားသုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီး end process ပေးလိုက်လျှင်တောင်မရနိုင်တော့ပါ။

ထို့အတွက် အများကြီး သတိထားနိုင်ကာမှ တော်ကာကျမည်ဖြစ်ပါသည်။ ယခုပို့စ်လေးကို ရေးပြီးမိတ်ဆွေတို့အားလုံးကို ပို့ရတဲ့အကြောင်းရင်းမှ့ာပြီးခဲ့တဲ့ တစ်ရက်ကပဲ ကျွန်တော့်ကိုပြည်တွင်းမှတတ်ကြွလှုပ်ရှားနေသူ မိတ်ဆွေ တစ်ယောက်မှနေ၍ ရန်ကုန်ုမြို့တာမွေမြို့နယ် ကျောက်မြောင်းအရပ်တွင် ရှိသော အင်တာနက်ဆိုင်တစ်ဆိုင်တင် နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနှင့် အဆက်အသွယ်လုပ်နေကြောင်း တွေ့ရှိရ၍ဆိုကာ အထောက်အထားနှင့်တကွ အဖမ်းခံရတယ်ဟုပြောပြခဲ့၍ အခြားသောပြည်တွင်းမှ တက်ကြွလှုပ်ရှားသူတွေ အနှေနှင့်နည်းပညာပိုင်း အရ ရှောင်လွှဲလို့ရနိုင် တဲ့အချက်လေးတစ်ချက်အဖြစ်နဲ့ တစ်ဘက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေချင်လို့ပဲ ဖြစ်ပါသည်။

18 comments

  • နီလေး

    December 6, 2010 at 8:22 am

    ကျေးဇူးတင်ပါတယ် အခုလိုအသိပေးတဲ့အတွက်

  • nwl

    December 6, 2010 at 9:24 am

    အခုလိုအသိပေးပြီးရေးသားတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် …

  • etone

    December 6, 2010 at 9:50 am

    key logger အကြောင်းကြားဖူးနေတာကတော့ကြာပြီ..။ သူတို့ အင်တာနက်ကနေလိုက်ကြည့်မယ်ဆိုရင် တော်တော်တော့ အချိန်ပေးရမယ် ။ အင်တာနက်သုံးစွဲသူဦးရေက တစ်စစမြင့်တက်လာလို့ပါပဲ ။

  • intro

    December 6, 2010 at 12:35 pm

    တစ်ချို့ဆိုင်တွေက task manager ပိတ်ထားတယ်ဗျ… Command Prompt တွေလဲ သုံးလို့မရအောင် ပိတ်ထားတယ်… အဲဒါဆိုရင် key logger ထည့်မထည့် ဘယ်လိုသိနိုင်ဦးမလဲ ခင်ဗျ…

  • unclegyi1974

    December 6, 2010 at 1:17 pm

    ကိုအင်ကလဲ ပြောထားတာရှင်းပါတယ်
    သုံးမရမှတော့ကြည့်မနေနဲ့တော့လေ
    ကျေးဇူးပါ ပေါက်လေးရေ
    ကိုပေါက်ရှိပြီးသားဆိုတော့ပေါက်လေးပေါ့
    နောင်လဲအခုလိုမျိုးလေးတွေဆက်တင်ပေးပါအုန်း
    အဘတို့ကနည်းပညာနဲ့ဝေးတယ်ကွယ့်

  • yaunglone

    December 6, 2010 at 1:18 pm

    Key logger နောက်တစ်မျိုးရှိပါသေးတယ်။ Task Manager မှာလည်း မတွေ့ပါဘူး။ တခြား ဘယ်နေရာမှမတွေ့ပါဘူး။ Programs file ထဲမှာ လည်း မတွေ့ပါဘူး။ အဲဒါမျိုးဆိုရင်တော့ ကီးဘုတ်ကနေ Ctrl+Alt+Shift+K လေးနှိပ်ပြီးတော့ စမ်းကြည့်ရင် တွေ့နိုင်ပါတယ်။ အဲဒီလို တွေ့ရင်လည်း အဲဒီ ကီးလော့ဂျာက ပိတ်လို့မရပါဘူး ။ ပါတ်စ်ဝါ့ ခံထားတက်ပါတယ်။ အဲဒါမျိုးတွေ့ရင်တော့ ဆိုင်ပြောင်းသုံးဖို့ပဲ တိုက်တွန်းလိုက်ပါရစေ..

  • ViCkY

    December 6, 2010 at 1:21 pm

    *ပြီးနောက် keyloggerတွေထဲမှာပင် လျှင် အွန်လိုင်းဝဘ်ပေ့ဂျ်မှာတင်လို့ရသည့် keyloggerနှင့်hardware keyloggerဆိုပြီးရှိနေပါသေးသည်။ ငှင်းတို့အားသုံးစွဲထားသည့် ကွန်ပျုတာမှဆိုလျှင် taskmanager ခေါ်ပြီး end process ပေးလိုက်လျှင်တောင်မရနိုင်တော့ပါ။*

    အဲ့တာကိုဘယ်လို checking လုပ်လို့ရပါသလဲခင်ဗျာ ??

  • winkyawaung

    December 6, 2010 at 2:28 pm

    လုံခြုံရေးအတွက် နည်းများကို သတိ်ပေးကြတဲ့ ဘော်ဒါများကို အထူးကျေးဇူးတင်ပါတယ်။

  • PaukPhaw

    December 6, 2010 at 2:32 pm

    Key-logger ခေတ်စားနေတာတော်တော်ကြာခဲ့ပါပြီဗျာ..
    ဒါပေမဲ့ မျိုးတုန်းသွားတယ်ဆိုတာတော့မရှိသေးပါဘူး..
    ဆရာ့ဆရာတွေရဲ့ Password တောင် Key-logger အသုံးပြုပြီး အခိုးခံရတဲ့အဖြစ်မျိုးတွေရှိတယ်ဂျ..သတိထားကြပါ..
    ဒီကဆရာတွေက Key-Logger တစ်ခုလောက်တာသိကြတာ
    အပြင်မှာ Key-logger လို ဆော့ဖ်ဝဲတွေပေါမှပေါပဲဂျာ..

    ကိုယ်ကသာ ဂိမ်းဆော့နေတာ..
    ဂိမ်းဆော့နေတုန်းသုံးသွားတဲ့ Shortcut key ကအစ ပြန်ပြပေးသေးတယ်ဗျာ
    Key-logger ဆိုရင်တော့ ဖရားဖရား ပဲ…

    ကို Intro အတွက် Taskmgr နဲ ့ပတ်သတ်ပြီး..သိသလောက်လေးကတော့..ဒီအောက်က အတိုင်းပါပဲဂျာ..။

    Manual နည်းတွေအများကြီးရှိတယ်ခင်ဗျ..အနော်လဲ မေ့ကုန်တာနဲ ့..အကုန်အလွယ်ဖြစ်အောင်တွေ ့တာ ရှာပေးတယ်ဂျာ။လိုချင်တဲ့ဟာကို  enable ပေးလိုက်တာနဲ့ ပြန်ပေါ်လာပါလိမ့်မယ် .. Windows control panelTask ManagerStart Menu – RunRegistry ToolsFolder optionsRight click MenuShutdown WindowsLogoff windowsShow Desktop IconsControl Panel – Display optionChange wallpaper 216.87 KB From nyinaymin.comDownload ifile.itDownload mediafireDownload multiupload  တစ်လက်စထည်း..မထူးတော့ပါဘူး..Taskmgr နဲ ့ပတ်သတ်ပြီးသိထားတာလေးတွေ..ပြောပြခဲ့မယ်ဂျာ..။Registry ကနေခေါ်မယ်ဆို.ဒီအောက်ကဟာလေးကို ကော်ပီကူးပြီး notepad ထဲဖြည့်.Filename.reg နဲ ့သိမ်း.။ဒါဆို Registry ကနေပိတ်ထားခဲ့တဲ့ Taskmgr ပြန်ရပြီ..။REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableTaskMgr /fgpupdateGroup policy ကပိတ်တဲ့ဟာဆို ဒီတိုင်းသွားပြင်Run>gpedit.msc>user configuration အောက်က administrative templates မှာ ရှိတဲ့ system အောက်က Ctr+Alt+Del Option မှာ Remove Task Manager ကို Disable လုပ်ပါ။ ပြီး ရင် Run box ထဲမှာ gpupdate ဆိုပြီး group Policy ကို update လုပ်ပါ။ ok..Group policy ကိုသွားဖို ့ run box ကိုပိထားသေးရင် ဒီအောက်က Script တွေကို notepad ထဲကူးပြီး..Filename.vbs နဲ ့သိမ်းပါ..ဒါဆို  run box ရမယ်။Dim cmd cmd = InputBox(“Type Your Command…eg.>>> cleanmgr”,”Run Command Prompt”,”cleanmgr”) Dim ws Set ws = WScript.CreateObject(“WScript.Shell”)  On Error Resume Next ws.Run(cmd) ws.Quitဘာဘာ ဘာမှသိတော့ပါဘူးဂျာ..

  • PaukPhaw

    December 6, 2010 at 2:35 pm

    အင်..
    Reply ကဘီလိုဖစ်သွားတာလဲ..ပန်ပေါပေးမယ်နော်

    Registry ကနေခေါ်မယ်ဆို.ဒီအောက်ကဟာလေးကို ကော်ပီကူးပြီး notepad ထဲဖြည့်.
    Filename.reg နဲ ့သိမ်း.။ဒါဆို Registry ကနေပိတ်ထားခဲ့တဲ့ Taskmgr ပြန်ရပြီ..။

    REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableTaskMgr /f
    gpupdate

    Group policy ကပိတ်တဲ့ဟာဆို ဒီတိုင်းသွားပြင်
    Run>gpedit.msc>user configuration အောက်က administrative templates မှာ ရှိတဲ့ system အောက်က Ctr+Alt+Del Option မှာ Remove Task Manager ကို Disable လုပ်ပါ။ ပြီး ရင် Run box ထဲမှာ gpupdate ဆိုပြီး group Policy ကို update လုပ်ပါ။ ok..

    Group policy ကိုသွားဖို ့ run box ကိုပိထားသေးရင် ဒီအောက်က Script တွေကို notepad ထဲကူးပြီး..
    Filename.vbs နဲ ့သိမ်းပါ..ဒါဆို run box ရမယ်။

    Dim cmd
    cmd = InputBox(“Type Your Command…eg.>>> cleanmgr”,”Run Command Prompt”,”cleanmgr”)
    Dim ws
    Set ws = WScript.CreateObject(“WScript.Shell”)
    On Error Resume Next
    ws.Run(cmd)
    ws.Quit

  • mG

    December 6, 2010 at 5:30 pm

    အရမ်းကိုအသုံးတဲ့တယ်ဗျာ။နိုင်ငံထဲမှာလည်း အဲ့လိုတိုးတတ်မှူတွေ ရှိနေပေမဲ့ လူ့စိတ်မရှိ နိုင်ငံရေးလုပ်တယ်ပဲ ပြောနေ
    ပြီးတော့ဖမ်းနေကျတာတွေကတော့ မဟုတ်သေးပါဘူး. . . . ။ကျေးဇူးတင်ပါတယ်နော်။

  • char too lan

    December 7, 2010 at 6:30 am

    နေ့တိုင်းတနေကုန်ရုံးမှာသုံးနေတဲ့အကောင့် ဟိုတနေ့ကဆိုင်မှာသွားသုံးတော့ လော့ကျနေပီဆိုပဲ မြင်လိုက်တာလန့်တောင်သွားတယ် ဒါတွေကြောင့်ဖြစ်တာထင်တယ်နော် 🙁

  • I love Mandalay

    December 7, 2010 at 7:59 am

    ကျေးဇူးတင်ပါတယ်။ ခုလိုပြောပြပေးတဲ့အတွက်။ လိုင်းပေါ်မှာ ခုလိုသူများမသိတာလေးတွေကို ပြောပြပေးတာ အရမ်းကိုလေးစားပါတယ်။

  • R Ga

    December 7, 2010 at 9:50 am

    ဟုတ်ကဲ့ ဒါလေးကတော့ လွန်ခဲ့တဲ့ ၄ ၅ လလောက်တည်းက ကြားရပါတယ်။
    သေချာလည်း ဂရုတစိုက်နဲ့ သုံးနေရပါတယ်။ အခုလိုပြန်ပြောပြလို့လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းက သုံးနေတဲ့လူတွေ ကြောက်ပြီး ဆက်မသုံးရဲဖြစ်မှာကိုလည်း စိုးရိမ်မိပါတယ်။ ဒါပေမယ့် ဆိုင်တစ်ဆိုင်ထဲက စက်တစ်စက်တည်း မသုံးရင် ဘာမှမဖြစ်လောက်ပါဘူး။ လူတိုင်းကိုလည်း သူတို့ ဒီလောက် လိုက်မကြည့်နိုင်ပါဘူး………။နည်းနည်း အနံ့ထွက်တဲ့သူ ဒါမှမဟုတ် နာမည်ကြီးတဲ့သူမှပဲ..သူတို့လုပ်မယ်ထင်တယ်။ အကောင်းဆုံးက ရင်းနှီးတဲ့ ဆိုင်မှာပဲသုံးသင့်ပါတယ။်..။ တစ်နေ့တစ်ဆိုင်ပြောင်းသုံးရင်တော့ အကောင်းဆုံးထင်တယ်။

  • winkyawaung

    December 7, 2010 at 3:39 pm

    အခြားဆိုဒ်တစ်ခုမှာ တဆင့်ကူးယူဖော်ပြခွင့်ပြုပါ ဆရာ။

  • ViCkY

    December 8, 2010 at 7:48 am

    ဟုတ်ကဲ့ပါ… ကျေးဇူးတင်ပါတယ် ကိုပေါက်ဖော်… 🙂

Leave a Reply