လူ ၂၅၀ဝ ရရင် ဗမာတွေ အလင်းပွင့်ပြီ

ဂ်စ္စူDecember 6, 20103min16715

မကျနော်က အင်တာနက်အသုံးပြု၍ ကုသိုလ်ယူလိုက်ပါတယ်ဗျာ။
မြန်မာတွေကူညီကြမည်ဟုလဲ ယုံကြည်၍ ဖော်ပြအပ်ပါသည်ခင်ဗျား။

အမြင်အာရုံများစူးရှထက်မြက်စေရန်၊ အမြင်အာရုံများ ကြည်လင်ပြတ်သားလာစေရန်၊ အမြင်အာရုံများအေးမြတောက်ပလာစေရန် ရည်ရွယ်၍ စက္ခုအလင်း မှုန်ဝါးခြင်း၊ တိမ်စွဲခြင်းတို့ကို ကျွန်တော်တို့ နိုင်သလောက် စွမ်းဆောင်ဖေးမကုသပေးခဲ့သည်မှာ (၂၀၀၇) ခုနှစ် မတ်လမှစ၍ ယနေ့အချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း (၁၂၀၀၀) ယောက် ကျော်တို့အားကုသခွဲစိပ် ပေးခဲ့ပြီဖြစ်သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိသုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ပြီးကုသ ပြသကြသော မျက်စိဝေဒနာရှင်များကို စေတနာရှင် မျက်စိအထူးကုဆရာဝန်ကြီးများ၏ အကူအညီဖြင့် စစ်ဆေးစမ်းသပ်၍ ခွဲစိတ်မှုလိုအပ်ပါကသက်ဆိုင်ရာဆေးခန်း၊ ဆေးရုံများသို့ ပို့ဆောင်ခွဲစိတ် ကုသမှုများဆောင်ရွက်ခဲ့ပါသည်။ ခွဲစိတ်ခန်းစရိတ်များကိုသုခကုသိုလ်ဖြစ်ဆေးခန်းမှ အကုန်အကျခံပေးအပ်ခဲ့ပါသည်။ သို့ရာတွင် … လူနာများအနေနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသရသောလမ်းစရိတ်၊ ခွဲစိတ်ရမည်ဆိုပါကသက်ဆိုင်ရာဆေးခန်းဆေးရုံများသို့ သွားရောက်ရသည့် လမ်းစရိတ်၊ စားစရိတ် စသဖြင့် အချိန်ကုန် ငွေကုန် လူပန်းဖြစ်နေရသည်။

ထို့ကြောင့် ဤကဲ့သို့ မလိုလားအပ်သောကုန်ဆုံးမှုများမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခု ကျွန်တော်တို့သည် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် “မျက်စိခွဲစိတ် ကုသခန်း” ကိုဖွင့်လှစ်ရန် ကြိုးပမ်းလိုက်တော့သည်။

ထိုသို့ ကြိုးပမ်းမှုတွင် အလှူငွေများလိုအပ်လျှက်ရှိသည်။

ကျွန်တော်တို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူငွေများရှိသော်ငြားလည်းယခုဈာပနအဆောက်အဦးတည်ဆောက်ရာ၌ များစွာကုန်ကျလျှက်ရှိသည်။ ဈာပနအဆောက်အဦးတွင် ရုံးခန်း၊ ဈာပနာလမ်းကြောင်းလက်ခံခြင်းရုံးခန်း၊ စာကြည့်တိုက်၊ ပညာဒါန (ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး) စသည့် စာသင်ခန်းများလူသားများအတွက် အကျိုးပြုစေမည့် အကျိုးရှိစေမည့် လုပ်ငန်း စဉ်များပါဝင်သည်။

ထို့ကြောင့် ယခုလက်ရှိသုခကုသိုလ်ဖြစ်ဆေးခန်းအဆောက်အဦးတွင် အခမဲ့ ဆေးဝါးကုသမည့် လုပ်ငန်းစဉ်များသာတိုးချဲ့ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

ယင်းအဆောက်အဦးတွင် “မျက်စိခွဲစိတ်ခန်း” အခန်း ပြုပြင်တည်ဆောက်တော့မည် ဖြစ်ပါသည်။ ဤတွင် ခွဲစိတ်ခန်းသုံးအထောက်အကူပြုပစ္စည်းများ ဝယ်ယူရမည့်အကြောင်း ဖြစ်ပေါ်လာခဲ့သည်။

ယင်းပစ္စည်းစာရင်းမှာ –

 Digital Slit Lamp 5704 US$ (လက်ရှိပေါက်ဈေး)

 KeratoRefractometer 10025 US$ (လက်ရှိပေါက်ဈေး)

 Biometry Machine 7698 US$ (လက်ရှိပေါက်ဈေး)

 OT Table (EYE) 4480 US$ (လက်ရှိပေါက်ဈေး)

 Surgeon Chair 101 US$ (လက်ရှိပေါက်ဈေး)

 Spot Light 2439 US$ (လက်ရှိပေါက်ဈေး)

 Cataract Surgical Set (4 – Set) 1724 US$ (လက်ရှိပေါက်ဈေး)

 Eye Minor Surgical Set (4 – Set) 1752 US$ (လက်ရှိပေါက်ဈေး)

 Operatin Microscope (Motorized) 12348 US$ (လက်ရှိပေါက်ဈေး)

ယင်းပစ္စည်းများအနက် Digital Slit Lamp နှင့် Operatin Microscope (Motorized) တို့အားအလှူရှင် ကိုဝင်းထွန်း + မပေါက် (သိဂီရွှေဝါပိုးထည်) က ဝယ်ယူလှူဒါန်းပြီးဖြစ်ပါသည်။ ကျန်ရှိနေသောပစ္စည်းများအတွက် အလှူငွေ 28219 US$ ခန့် လိုအပ်လျှက်ရှိပါသည်။

ထို့ကြောင့် လူသားတို့၏ စက္ခုအမြင် ကြည်လင်ပြတ်သားရန်၊ စူးရှထက်မြက်လာရန်၊ အေးမြတောက်ပလာရန်အတွက် လျင်မြန်စွာကုသိုလ်ဖြစ် အခမဲ့ ခွဲစိတ်ကုသပေးလိုပါသဖြင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် တက်အားသ၍ လျင်မြန်စောလျှင်စွာကုသိုလ်ယူကြပါရန် နှိုးဆော်လိုက် ရပါသည်။

ပြည်တွင်း/ပ ရှိ မြန်မာလူမျိုးများအနေဖြင့်လည်းတစ်ဦးလျှင် 10 US$ (တစ်ဆယ်ဒေါ်လာ) လှူဒါန်းကြပါကလူအယောက် (၂၅၀၀) ဦးဆိုပါကလိုအပ်သောမျက်စိခွဲစိတ်ခန်းသုံးကရိယာပစ္စည်းများ ဝယ်ယူနိုင်ပါတော့မည်ဖြစ်ပါကြောင်း … ထို့ကြောင့် တစ်ဦးလျှင် တစ်ဆယ်ဒေါ်လာလူ ၂၅၀ဝ ဆိုလျှင် ဗမာတွေ အလင်းပွင့်တော့မည် ဖြစ်ပါသည်။

(ကျော်သူ)

အညာနွေတမာမြေ မှ တစ်ဆင့်ကူးယူဖော်ပြပါသည်။

ကုသလိုလ်ယူချင်သူများအတွက် ဆက်သွယ်ရန်လိပ်စာကတော့

အောက်က ကို zawana ရဲ့ Comment မှပဲကူးယူဖော်ပြပါတယ်ခင်ဗျာ။

စိတ်ဝင်စားကြသောစေတနာရှင်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

အဝေးမှကူညီလှူဒါန်းလိုသူများနီးစပ်ရာလူကြုံငွေပို့စနစ်တို့ဖြင့်ပေးပို  ့

လှူဒါန်းနိုင်ပါကြောင်းနှင့်ဆက်သွယ်လိုပါက…

F.F.S.S (Yangon), No. (13-A), Bo Mhu Ba Htoo Road
Yangon, Myanmar, 48th Quarter (U-9), North Dagon Township
Phone:, 581363, 580133, 583514, 09.5148452 ကိုဆက်သွယ်နိုင်ပါသည်။

မျက်စိအလှူ နဲ ့ပါတ်သက်ပြီး စင်္ကပူ က လှူဒါန်းလိုသူတွေ အောက်ပါ စာနာသူများအဖွဲ ့မှစေတနာရှင်များထံ စိတ်ချ ယုံကြည်စွာလှူဒါန်းနိုင်ကြောင်း
(ကျော်သူ)
Donation Collectors

Names
…Contact No.
(1) Kyaw Zin Latt 9383 7924
(2) Thu Rain Nyunt 9337 5590
(3) Aung Phyo Maung 9185 6851
(4) Aung Than Naing 9771 6436
(5) Ko Kyaw Moe 9059 4838

Bank Account to transfer donation
(1) DBS saving Plus 020-5-064104 (Aung Phyo Maung)
(2) DBS saving Plus 020-7-071956 (Thu Rain Nyunt)
(3) DBS Saving Plus 020-9-071048 (Aung Than Naing)

15 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 6, 2010 at 1:56 pm

    ဒီအစီစဉ်လေးကတော့ အောင်မြင်မှာသေခြာတယ်ဗျို ့
    BOX နံပါတ်လေး ထည့်ပေးပါ
    တတ်အားသရွေ ့ပါဝင်ပါမည်။

  • ကြယ်လေး

    December 6, 2010 at 2:20 pm

    ကျနော်လဲ တနိုင်တပိုင် ပါ ချင်ပါတယ်

    သူငယ်ချင်းတွေလဲ လက်ဆင့်ကမ်းလိုက်ပါမယ်

    နိုင်ငံရပ်ခြားမှလှူဖို့ လမ်းညွှန်လေးပေးရင်ကောင်းမယ်

    • zawana

      December 7, 2010 at 2:54 am

      မျက်စိအလှူ နဲ ့ပါတ်သက်ပြီး စင်ကပူ က လှူဒါန်းလိုသူတွေ အောက်ပါ စာနာသူများအဖွဲ ့မှစေတနာရှင်များထံ စိတ်ချ ယုံကြည်စွာလှူဒါန်းနိုင်ကြောင်း
      (ကျော်သူ)
      Donation Collectors

      Names
      …Contact No.
      (1) Kyaw Zin Latt 9383 7924
      (2) Thu Rain Nyunt 9337 5590
      (3) Aung Phyo Maung 9185 6851
      (4) Aung Than Naing 9771 6436
      (5) Ko Kyaw Moe 9059 4838

      Bank Account to transfer donation
      (1) DBS saving Plus 020-5-064104 (Aung Phyo Maung)
      (2) DBS saving Plus 020-7-071956 (Thu Rain Nyunt)
      (3) DBS Saving Plus 020-9-071048 (Aung Than Naing)

    • zawana

      December 7, 2010 at 2:56 am

      Thank everyone so much for your interest in donating for the people in need. Thank Ko Gyi for posting direct donation contact of FFSS on behalf and you can also donate to the group called Sympathizers in Singapore mentioned in earlier and also in the note. They have been collecting donation in Singapore and send money over to FFSS every month. Thank you so much for you help, Sympathizers in Singapore. (Kyaw Thu)

      Facebook ပေါ်က ကိုကျော်သူ fanpage မှာ တွေ့ရလို့ပါ။

    • zawana

      December 7, 2010 at 2:58 am

      စိတ်ဝင်စားကြသောစေတနာရှင်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အဝေးမှကူညီလှူဒါန်းလိုသူများနီးစပ်ရာလူကြု ံ၊ငွေပို ့စံနစ်တို ့ဖြင့်ပေးပို ့လှူဒါန်းနိုင်ပါကြောင်းနှင့်ဆက်သွယ်လိုပါက… F.F.S.S (Yangon), No. (13-A), Bo Mhu Ba Htoo Road
      Yangon, Myanmar, 48th Quarter (U-9), North Dagon Township
      Phone:, 581363, 580133, 583514, 09.5148452 ကိုဆက်သွယ်နိုင်ပါသည်။

  • ဆူး

    December 6, 2010 at 2:45 pm

    ပြည်တွင်းပြည်ပ က လူတွေ တယောက်ကို ဒေါ်လာ ၁ဝ လှူရင် ဆိုတဲ့ စာသားနဲ့ စိတ်ကူးလေး ကောင်းပါတယ်။ ဒီမှာ စာရေးတာ ဒေါ်လာ ၁ဝ မက ရနေပါပြီ။ တဆင့် ကိုယ်စား စုပေါင်း လှူပေးမဲ့ သူ ရှိရင် ဆူး လည်း ဒီက ပွိုင့်ကို လှူ ချင်ပါတယ်။ သူကြီးရေ အဆက်အသွယ်ရှိရင် စာရင်းထဲက နုတ်ပြီး အလှူ ထည့်ပေးပါလား။

  • PaukPhaw

    December 6, 2010 at 2:58 pm

    ဝမ်းသာစရာပဲ.
    အဆင်ပြေမယ်ဆိုတာလဲ သေချာပေါက်ယုံပါတယ်
    ရန်ကုန်ကလူတွေတော့ ဦးကျော်သူရဲ့ ရုံးကိုသွားပြီးလှူလို ့ရတယ်
    နယ်ဝေးရပ်ခြားက လူတွေတော့ အခက်အခဲနဲနဲရှိတယ်ထင်တယ်
    သူ ့ဟာသူ ဖြစ်သွားမှာပါ

  • ဆူး

    December 6, 2010 at 3:36 pm

    ဆူး တွေးမိတာကလေ.. ဒေါ်လှတွေ ပေါင်းပြီး စက်တလုံး အဲဒီက ဝယ်ပေးတာမျိုး လုပ်ချင်ရင် လုပ်လို့ရအောင်ပါ။ ကလေး ဆန်သွားလား မသိဘူးနော်။ ဘာပဲပြောပြော.. ဒီမှာ ဦးဆောင် အလှူခံပေးမဲ့ သူ ရှိရင် ပွိုင့်လှူပေးမယ်။

  • weiwei

    December 6, 2010 at 3:40 pm

    ဒေါ်လှမရှိလို့ ရန်ကုန်မှာပဲ ဗမာငွေနဲ့ သွားလှူလိုက်တော့မယ်နော် … ပွိုင့်တွေကို လှူလို့ရမယ်ဆိုရင်လဲ လှူချင်ပါတယ် …

  • etone

    December 7, 2010 at 2:39 am

    ကျမလည်း လှူချင်ပါတယ် … ဘယ်မှာလှူရမလဲ ပြောပေးပါဦး ။ အစိမ်းတွေ ၊ FEC တွေက ဈေးကျနေတော့ မြန်မာငွေပဲလှူတာပိုကောင်းမယ်ထင်တယ်နော် ။ တခြား ရွာသားတွေလည်း တက်အားသရွှေ့ ကုသိုလ်ယူကြပါလို့ တိုက်တွန်းပါတယ်နော် ။

  • bigcat

    December 7, 2010 at 2:41 am

    ဒေါ်လှမရှိလည်း ဒေါ်ယွရှိရင်ဖြစ်ပါတယ်။

  • zawana

    December 7, 2010 at 3:04 am

    ပြည်ပက MG member တွေ အနေနဲ့ ကိုယ်လှူနိုင်သလောက် ပွိုင့်တွေကို ပြည်တွင်းက Member တစ်ဦးကို စုပြီး လှူလို့ ရရင် ကောင်းမယ်။ ရန်ကုန်က Member တစ်ဦးက လက်ခံပေးနိုင်ရင်ပေါ့။ ကူညီမဲ့ သူများရှိရင် ပြောကြပါ။
    Admin များဘက်ကလည်း အကြံဉာဏ်ပေးကြပါ။

  • moethidasoe

    December 7, 2010 at 11:10 am

    ပစ္စည်းကို ပြည်တွင်းမှာ ဝယ်မှာလား .. ပြည်ပက သွင်းမှာလား ..
    ပြည်တွင်းဆိုရင် ဘယ်သူ တာဝန်ယူပြီး ပွိုင့် စုမှာလဲ .. ပြည်ပ ဆိုရင်ဘယ်သူ့ကို လွှဲရမှာလဲ ..
    လှူချင်ပါတယ် .. ကိုယ်တိုင် တာဝန်မခံနို်င်တာ ခွင့်လွှတ်ပါ ..

  • ဆူး

    December 7, 2010 at 11:36 am

    ပြည်တော်မှာ ဒါမျိုးတွေ မထုတ်လုပ်ဘူးလေ။ ဒေါ်လှနဲ့ ပေါက်ဈေး ပြောထားတာ..
    ပြည်တွင်းမှာတော့.. ဘယ်သူမှ တာဝန်ခံမဲ့သူ မပေါ်သေးလို့.. လှည့်မေးနေကြတာ။

  • sparrow

    December 7, 2010 at 3:25 pm

    မင်္ဂလာ ရှိတဲ့ ပို့စ်လေး တင်ပေးတဲ့အတွက ် ကျေးဇူးတင်ပါတယ်။
    ဂျပန်နိုင်ငံမှ လှူဒါန်းလိုသူ စေတနာရှင် သူငယ်ချင်းတွေအနေနဲ့
    Golden Eagle Store
    phone-0332323468 ကို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နိုးဆော်အပ်ပါသည်။

Leave a Reply