Couples in China တရုတ်စုံတွဲများ ..

weiweiDecember 6, 20101min15920

ပြီးခဲ့တဲ့ နွေရာသီတုန်းက အဖေ အမေတို့နဲ့ အတူတူ တရုတ်ပြည်ထဲလျှောက်လည်ရင်း အမေ့ကို စိတ်ဝင်စားစရာတစ်ခု ပြခဲ့ဖူးတယ်။ လူစည်ကားရာ စူပါမတ်ကတ်တွေ၊ လမ်းဘေးပလက်ဖောင်းတွေနဲ့ ဘက်စ်ကားတွေပေါ်မှာ တရုတ်စုံတွဲတွေ အများကြီး တွေ့ရတယ်။ အမေ့ကိုပြောပြလိုက်တယ် … သူတို့ကိုကြည့်တာနဲ့ လက်မထပ်မှီလား လက်ထပ်ပြီးလားဆိုတာ သိနိုင်တယ်လို့ဆိုတော့  အမေက စိတ်ဝင်စားသွားတယ် …

ခွဲရတာ သိပ်လွယ်ပါတယ် … အမျိုးသမီးကိုင် စလင်းဘတ်အိပ်ကို အမျိုးသားကလွယ်ထားမယ်၊ အထုပ်အပိုးတွေအားလုံးကို ကိုင်ထားမယ်၊ အမျိုးသမီးလက်ထဲမှာတော့ စားစရာမုန့်တစ်ခုပဲ ရှိမယ်ဆိုရင် သမီးရည်းစားပါလို့ …. အဲဒါနဲ့ ပြောင်းပြန်ဆိုရင်တော့ လင်မယားပါပဲ …

အဲဒီလို အမြင်မတော်အောင် စလင်းဘတ်အိတ်လွယ်တဲ့ ယောက်ျားတွေက တရုတ်ပြည်မှာ အလွန်ပေါပါတယ် … တရုတ်မသူငယ်ချင်းတစ်ယောက်ကိုမေးကြည့်တော့မှ ပိုဆိုးတော့တယ် … တရုတ်ကောင်လေးတွေက ရည်းစားထားရင် ကောင်မလေးကို အစွမ်းကုန် အလိုလိုက်ရတယ်တဲ့ … မနက်စာမုန့်ဝယ်ပြီး အဆောင်ကို သွားပို့ပေးရတယ် … အတန်းတူရင် ကျောင်းအတူတူသွားရတယ် .. စာတွေကူးပေးရတယ် .. အိမ်စာလဲ လုပ်ပေးရတယ် … ဖုန်းအချိန်မှန်ဆက်ရတယ် … ကျောင်းပိတ်ရက် ဈေးဝယ်ထွက်ရင် အကုန်လိုက်သယ်ပေးတဲ့အပြင် ပိုက်ဆံလဲလိုက်ရှင်းရတယ် … အဆိုးဆုံးကတော့ ကောင်မလေးအဝတ်တွေပါလျှော်ပေးရတယ်တဲ့ …

ဒါပေမယ့် လက်ထပ်ပြီးရင်တော့ အားလုံးပြောင်းပြန်ဖြစ်သွားပါတယ် …

ဓါတ်ပုံရိုက်ပြီးမှ ဒီပို့စ်ကို တင်မလို့ စိတ်ကူးပေမယ့် ဓါတ်ပုံထွက်ရိုက်ဖို့ အဆင်မပြေတာနဲ့ ဒီအတိုင်းပဲ တင်လိုက်ပါတယ် …

20 comments

  • weiwei

    December 6, 2010 at 5:33 pm

    တစ်ခုကျန်သွားသေးတယ် … သွားရင်းလာရင်း ညောင်းရင်လဲ ကောင်မလေးကို ကုန်းပိုးရသေးတယ် (ကိုရီးယားကားထဲကလို) …

  • kai

    December 6, 2010 at 10:20 pm

    ဒါပေမယ့် လက်ထပ်ပြီးရင်တော့ အားလုံးပြောင်းပြန်ဖြစ်သွားပါတယ် …တဲ့..။ 🙂

  • cherrywine

    December 7, 2010 at 2:27 am

    သူကြီးကလဲ … ဝမ်းသာတဲ့လေသံကြီးနဲ့ …။ကြည့်ရတာ သူကြီးတို့သမီးရည်းစား
    ဘဝတုန်းကလဲ အဲ့လိုခံခဲ့ရတယ်ထင်ပါတယ် … 🙂

  • etone

    December 7, 2010 at 2:27 am

    ဟီးဟီး တရုတ်ပြည်မှာ တောင် ပြောင်းနေချင်လာပြီနော် 😀

  • bigcat

    December 7, 2010 at 2:28 am

    လည်သူ အသူ
    ဤနှစ်လူ
    မည်သူ့အပြစ်
    ပြောမည်နည်း။

  • zawana

    December 7, 2010 at 3:13 am

    တရုပ်ပြည်မှာ မိန်းကလေး ရှားလို့နဲ့ တူပါရဲ့ဗျာ။ ဒါကြောင့် အပြစ်မတင်ရက်ပါဘူး။
    ဒါပေမဲ့ ရန်ကုန်မှာလည်း အဲဒါမျိုးတွေ အများကြီးတွေ့ရတယ်ဗျ။ ကိုကိုတွေက ဘာစိတ်ကူးနဲ့ လုပ်တယ်ဆိုတာ မသိပေမဲ့ ကြည့်လို့ အဆင်မပြေတာတော့ အမှန်ပဲဗျ။
    အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုတာ ဒါမျိုးနေမှာ။
    ဘယ့်နှယ်ဗျာ … မိန်းကလေးတွေ အလှကိုင်တဲ့ ပေါ့ပေါ့ပါးပါးအိတ်ကို လွယ်ပေးရတယ်လို့ပဲ။
    ထမင်းဘူးလေး၊ ရေဘူးလေး သယ်ပေးရတယ်ဆို ဟုတ်တုတ်တုတ်။

  • zawana

    December 7, 2010 at 3:16 am

    wei wei ကိုလည်း ကြိုပြောလိုက်ပါပေရဲ့။ အဲဒါမျိုးလုပ်တာလေး လောက်နဲ့တော့ အယုံအကြည် မရှိလိုက်ပါနဲ့။
    သေချာချင်ရင် အိတ်ကြီးကြီးထဲမှာ လက်တော့ပ် နှစ်လုံးလောက် ပေါင်းထည့်ပြီး စမ်းသပ်ကြည့်ပါ။

  • nwl

    December 7, 2010 at 4:08 am

    လက်ထပ်ပြီးရင်တော့ အားလုံးပြောင်းပြန်ဖြစ်သွားပါတယ် .. ဆိုတော့ လက်မထပ်ခင်လေး တရုတ်ပြည်မှာ ခဏလေးနေပြီး လက်ထပ်ပြီး ဗမာပြည်ပြန်လာရင်ကောင်းမလားမသိဘူးနော်…. ဒီမှာကတော့ အားလုံးပြောင်းပြန်ဖြစ်သွားတာတော့ မဟုတ်လောက်ဘူးထင်ပါတယ် …. 😀

  • char too lan

    December 7, 2010 at 4:52 am

    ခုပုံလေးလဲ မချိုးပါဘူး 😉
    ဒီကနေတလုပ်မလေးတစ်ယောက်လောက် ရည်းစားလှမ်းထားပီး ယူတော့မယ်ဆိုမှ တလုပ်ပြည်လိုက်သွားရင်မကောင်းဘူးလား? 😀

    • အာဖျံ ကွီး

      December 7, 2010 at 5:04 am

      ချာတူူးကတော့ တော်တော်သက်သာချင်တရ် …
      မင်းက မြန်မာပြည်ကနေရည်းစားလှမ်းထားတော့ …
      ဟိုတလုတ်မလေးကလဲ တရုတ်ပြည်ကနေလှမ်းလက်ထပ်နေမှ ….
      သက်သာတာကြီုက်တဲ့ ချာတူးလေး …. ဒန် တန်. တန် 😛 😛 😛

  • weiwei

    December 7, 2010 at 4:54 am

    တရုတ်မလေးတွေ သနားဖို့ကောင်းတယ် … ရည်းစားရဖို့ သိပ်လွယ်တာမဟုတ်ဘူး … လက်ထက်ခွင့်တောင်းခံရဖို့ ပိုလို့တောင်မလွယ်သေးတယ် … ယောက်ျားလေးတွေက အလုပ်ရရေး နေစရာအိမ်ရရေးအတွက် လုံးပန်းရတာ အသက် ၃ဝ လောက်အထိ အထိုင်မကျနိုင်တော့ အိမ်ထောင်ပြုတာ နောက်ကျတယ် …

    • အာဖျံ ကွီး

      December 7, 2010 at 5:10 am

      အန် … မကြီးဝေပြောတာ တစ်ကယ်ကြီးလား ??? :O
      ဒါတောင် ရတဲ့ရည်းစားကို အသေနှိပ်စက် …
      အင်း … တရားနဲ.ဖြေ … တရားနဲ.ဖြေ … 🙂

  • weiwei

    December 7, 2010 at 5:22 am

    ကွီးကွီးကလဲနော် … ဘယ်လိုရှင်းပြရမှန်းတောင်မသိတော့ဘူး ..
    ဒီလိုလေ …
    ဆူးပေါ်ဖက်ကျလဲ ဖက်ပေါက် … ဖက်ပေါ် ဆူးကျလဲ ဖက်ပေါက် …
    အဲဂလိုတွေရှိတော့ အဲဂလောက်တော့ နှိပ်စက်ပေမပေါ့ …. 🙂 🙂

    • ဆူး

      December 7, 2010 at 7:26 am

      မဝေ ကိုတော့ မတော် မတရား နာမည် အလွဲသုံးစားမှု နဲ့ တရားစွဲမှ ဖြစ်တော့မယ်။ စားလုံးပေါင်း ပြင်ပေါင်းပါ။ 😉

    • အာဖျံ ကွီး

      December 7, 2010 at 9:57 am

      အန် … မဝေ စာလုံးပေါင်းမမှားလောက်ဘူးထင်တရ်နော်။

      ဆူး(မဆူး) ပေါ်ဖက်(ဦးဖက်တီး) ကျလဲ ဖက်ပေါက် … ဖက်(ဦးဖက်တီး)ပေါ် ဆူး(မဆူး) ကျလဲ ဖက်(ဦးဖက်တီး)ပေါက် …

      စကားမစပ် … ဦးဖက်တစ်ယောက် အသက်ကြီးမှ ပေါက်ရတာ သနားပါတရ် 😀 😀 😀

  • ဆူး

    December 7, 2010 at 9:00 am

    တရုတ်ပြည်မှ မဟုတ်ဘူး.. ညန်မာပြည်မှာလည်း တခုကိုရီးယားကားတွေ ခေတ်စားနေလို့.. ဒဂုံစန်တာ (မြေနီကုန်း) မှာ ဒူးထောက်ပြီး ချစ်ခွင့်ပန်တယ်ဆိုလား.. တလောက ကြားမိတယ်။
    ဒီလိုပါဘဲ.. ရူးပြမှာ ကြိုက်တဲ့ လူနဲ့ ရူးချင်နေတဲ့ လူနဲ့.. တွေ့ကြတော့.. အဲလို အဖြစ်လေးတွေ ပေါ်လာကြတာ။

  • kopauk mandalay

    December 7, 2010 at 4:01 pm

    တော်သေးတာပေါ့ ဒီလောက်အလုပ်မရှုပ်တဲ့ခေတ်က မိန်းမယူထားမိပေလို့ဘဲ။
    တော်ကြာ လူစည်ကားတဲ့ လမ်းမပေါ်မှာ ကင်းမြီးကောက်ထောင်ပြီး 9999 ကြိမ်ချစ်ခွင့်ပန်ပါဆိုလို့ကတော့ ဒွတ်ခဘဲ။

  • ဆူး

    December 7, 2010 at 4:18 pm

    လေးပေါက်ကြီး စိတ်မပူနဲ့ .. အခု ဘဝ လုပ်ခွင့် မကြုံရလည်း နောက်ဘဝတော့ အဲဒီလို မျှော်မှန်းလို့ ရပါတယ်။

  • လင်းဝေကျော်

    December 20, 2010 at 8:47 am

    တရားကျစရာပါ။
    ီနိုင်တုန်းက စွတ်နိုင်တော့ ယောကျာင်္းတွေပြန်နိုင်ရရော ပြောင်းပြန်ဖြစ်တာပေါ့။
    မျှမျှတတပဲ ကောင်းပါတယ်။

Leave a Reply