ထမင်းစားပြီးလေသော အခါ သောက်ခြင်စရာဖက် စိမ်းလေးတွေနှင့်ရွှေပြည်စိုး ဆေးပေါ့လိပ်တွေအား ငေးကာ ယမ်းမီးခြစ် ကိုင်ကောင်းဘွိုင်မင်းသားတယောက် ဟန်ပန်မျိုးနှင့် တောက်ခြစ်ပြီး ဆေးလိပ်တခါမျှမသောက်ခဲ့သော အဆုတ် များသည် စတင် အလုပ်ကြရတော့ မောမောနှင့်အိပ်ပျော်သွားလေတော့၏..။ဟေ့ထစမ်းထစမ်း ငေါ့ငေါက်ကာ ကျွန်နော်ကိုယ်အား လှုပ်နှိုးလိုက်ရာတွင် ကျွန်တော်မဟုတ်ဘဲ တခြားတယောက်ဖြစ်နေသည် ကိုတွေ လိုက်ရတော့ စိတ်ညစ် စွာ ပြေးထွက်လာခဲ့သည် သစ်စေ့လေးများက ပြုံးကာနှုတ်ဆက်ကြသည်..ထန်းမြစ်လိုလို အာတာလွတ်ဥလိုလို တွေ ကလည်း တန်းစီနေကြလေသည်..ရုတ်တရက် ဘာကောင်မှန်း မသိသော အကောင် တကောင်မှ မြန်မာလိုပြောကာ ဟဲလို..ဟောင်းအာယူဒူးရင်း တူဒေးတဲ့? သေသေခြာကြည့်လေ စာပေစိစစ်ရေးက လူလိုလိုဂျာနယ် တခုခုက အယ်ဒီတာလိုလို သေသေချာချာပြူးကြည့်ကာမှ ကျွန်တော် နဲ့သိသောလူတယောက်ဖြစ်မှန်း သိရသောကြောင့် ကြောက် စိတ်နည်းနည်း လျှော့သွားခဲ့၏..။ တွံတေးမြစ်ဝမှရသော မြစ်ရေညှီစို့စို့ အနံ့ လေးနှင့် နန်နံပင် စိမ်းစိမ်းလေးများ၏ရနံ့ သည် ဟယ်ရီဘယ်ရီ၏ကိုယ် သင်းရနံ့ လေးများအလား စိတ်ကိုကြည်လင်စေကုန်ပြီ..ကမ္ဘာကြီးသည် တချက်ပြင်းပြင်းထန်စွာတုန် ခါပြီးအ မှောင်အတိကျသွားလေသည်..။မြေသင်းရနံ့လေးတွေရမှ အနှောက် အယှက်များတဖြေးဖြေး ပျောက်ကွယ်လေကြတော့သည်…….။

ခင်ခင်မင်မင် နေဘုန်းလျှံ

About နေ ဘုန်းလျံ

နေ ဘုန်းလျံ has written 41 post in this Website..

I know that but I don't know everythings