စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူကြောင့် ဖြစ်ရသော Accident

Zaw WonnaDecember 7, 20101min680

ဒီဇင်ဘာ ၂ ရက်နေ့က အသက် ၃ဝ အရွယ် မြန်မာနိုင်ငံသား ဒေါင်စိုင်ဆင်းသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ဦးတည်သော အဝေးပြေးလမ်းပေါ်တွင် လမ်းဖြတ်ကူးမှုကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကာ သူအပါအဝင် အခြား လူ ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒါဏ်ရာရရှိခဲ့သည်။

ဒေါင် လမ်းဖြတ်ကူးသော နေရာနှင့် အနီးဆုံးသော လူကူးတံတားမှာ မီတာ ၄၀ဝ ခန့် ကွာဝေးပြီး ၅ မိနစ်ခန့် လမ်းလျှောက်လျင် ရောက်နိုင်သော ခရီးဖြစ်သည်။ ဒေါင်သည် Viva ဗင်ကားနှင့် ဦးစွာ အတိုက်ခံရပြီးနောက် Hilux ပစ်ကပ်ကားနှင့် ထပ်မံ အတိုက်ခံရခြင်း ဖြစ်ကာ ပွဲခြင်းပြီး သေဆုံးသွားခဲ့သည်။

Hilux ကားမှာ ဒေါင်အား ရှောင်ရန် ကြိုးစားရင်း အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်ခဲ့ရသည်။ ကားပေါ်တွင် ပါလာသူများအနက် မလေးလူမျိုး Muhammad Yurusyahmi Mohd Yusob (၂၁ နှစ်) နှင့် မြန်မာနိုင်ငံသား ထက်လွင်ဇော် (၂၉ နှစ်) တို့မှာ ကားအပြင်သို့ လွင့်စင်ထွက်သွားပြီး သေဆုံးခဲ့သည်။ Hilux ယာဉ်မောင်းဖြစ်သူ Thomson Meldy Gondipar (၂၃ နှစ်)၊ Suzemcy Soimin (၂၂ နှစ်) နှင့် မြန်မာနိုင်ငံသား ကျော်ကျော်လင်း (၃ဝ နှစ်) တို့မှာ ဒါဏ်ရာရရှိသွားပြီး
Viva ဗင်ကားမောင်းသူမှာ လွတ်မြောက်ခဲ့သည်။

လူတစ်ယောက်၏ စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုကြောင့် လူများစွာ ဒုက္ခရောက်ကြရသည့် အဖြစ်အပျက် တစ်ခုအဖြစ် ဆင်ခြင်သင့်ပေသည်။

Ref; The Malay Mail,
Fatal accident could have been avoided if Myanmar national used pedestrian bridge, by THASHA JAYAMANOGARAN.

If only he had bothered to walk five minutes to the nearest pedestrian bridge, Myanmar national Dong Siang Sin would have survived crossing the Federal Highway early yesterday morning. The victim, in his 30s, died following a foolhardy attempt to dash cross the busy highway. . . . . . . . . .