စီးပွါးရေး .. ရင်းနှီးမြှုပ်နှံ ..စဉ်းစားရန် ….

fattyDecember 7, 20101min17315

ဒီကနေ့မြန်မာနိုင်ငံက ပြည်သူများ ဘာလုပ်စားကြမလဲ .. ဘာစီးပွါးရေးလုပ်ရင်ကောင်းမလဲ .. ရှိတဲ့ငွေလေး ဘယ်မှာ မြှုပ်နှံ ထားရရင်ကောင်းမလဲ .. ဘယ်မှာထည့်ထားရရင်
ကောင်းမလဲ …နဲ့ ဦးနှောက်စားနေရသောကာလဖြစ်ပါသည် ..။
ဒါက စီးပွါးရေးလုပ်မဲ့သူတွေအတွက် … ။ တနေ့လုပ်စာတနေ့စားရသူများအတွက်က .. လုပ်ငန်းတော့ပါးလာသည် ဝင်ငွေတော့ရနေသေးသည်။
နိုင်ငံတော်ကြီးနှင့်ချီပြီး ကိုယ့်နိုင်ငံစီးပွါးရေးအတွက် မဟာစီးပွါးရေး ဗျူဟာကြီးများ ချမှတ်နေရသူများအတွက်ကား … ဆိုဘွယ်မရှိ ..။
မည်မျှ ခက်ခဲလိုက်မည်နည်း …။ နိုင်ငံတော်အတွက် မည်သည့်ကုန်ထုတ်လုပ်မှုမျိုး လုပ်ကြမည်နည်း …။

စက်မှုဇုံများဖေါ်ထုတ်ကြ၏။ စက်ရုံကြီးများမှာ ဧကပေါင်းများစွာ ကျယ်ဝန်းလှပေ၏။ ထုတ်လုတ်သည့်ပစ္စည်းမှာ မဘုတ်ဆုံတံဆိပ် ငြုပ်သီးမှုန့်၊ ခေါက်ဆွဲခြောက်၊
ဂျုံမှုန့်စက်ရုံ၊ စက်ရုံသာရှိသည် ကြက်ကျော်ရောင်းရန်ဂျုံမှုံ့ကို ယိုးဒယားမှ တင်သွင်းနေရသည်။
ကျနော်တို့မြန်မာနိုင်ငံတော်သည် ကုန်ထုတ်လုပ်မှုအပေါ် သိပ်အားထားချင်သေးပုံမရ ..။ ပဲကြီးဟင်းစားပြီး မော်တော်ကားများထုတ်လုပ်နေ၏။

အင်ဂျင်အစ မူလီအဆုံး နိုင်ငံခြားမှ တင်သွင်းပြီး တပ်ဆင်ခြင်းလုပ်ငန်းကို ကုန်ထုတ်လုပ်ငန်း စာရင်းထဲ ထည့်သွင်းနေကြသည်။
နိုင်ငံခြားမှ ပူးပေါင်းလုပ်လိုသူများ ရောက်လာလျှင် ရိုက်စားလုပ်ရန် စောင်းစားလျှက်သာရှိကုန်၏။
ရိုက်စားနည်းမှာကလည်း … သူ့ဘက်က နည်းပညာ စက်ပစ္စည်း တန်ဖိုးညှိကြရာဝယ် .. ဒီဘက်ကပြစရာ မည်မည်ရရ မရှိတော့
မြေတန်ဖိုးကိိုမြှင့်တင်ပြီး သူ့တန်ဖိုးနည်းပါးရအောင် ဆွဲယူကြရသည်။ ပြီးတော့ .. 40% .. 60% ရှယ်ယာခွဲမှု လိုမျိုး လုပ်ကြပြန်သည်။

ကုန်ထုတ်လုပ်မှုကို အမှန်တကယ်အားပေးပါက အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လောက်ပွင့် လိုက်မလဲ။
မြန်မာနိုင်ငံအား ပါတ်ကြည့်ပါက အရှေ့ရိုးမ အနောက်ရိုးမ ကချင်ပြည်နယ် … ရှိရှိသမျှ တောင်ကတုံးများသာတွေ့ရတော့သည်။
သစ်တွေကုန်ပြီ။ အချောထည်များသာ တင်ပို့ရန် အလွန်ကောင်းသော ဥပဒေ ထွက်လာဘူးပါသည်။ သို့သော် မိမိအားထောက်ခံသူများအား
ချီးမြှောက်ရန် သစ်အလုံးလိုက် တင်ပို့မှု အထူးပါမစ် လုပ်ပေးရာက .. ထောက်ခံသူ စီးပွါးရေးသမားများ ကပ်ရပ်စားသူများလာတော့
ပါမစ်တွေက ပလူပျံကုန်ရပြန်ပါ၏။

မြန်မာပြည်တွင်း လှပစွာစီးဆင်းနေသော မြစ်ကြီးဧရာဝတီ ပေါ်တွင် တံတားများစွာ ဆောက်ကြပြန်တော့ အင်ဂျင်နီယာများ ဝမ်းသာကြကုန်၏။
တံတားချဉ်းကပ်လမ်း ဖေါက်လုပ်ဆဲ … ရန်ကုန်မှာတိုက် ၃ လုံးလောက်က အရင်ပြီး၏။
ဧရာဝတီလဲ မခံနိုင် သောင်တွေထွန်းကုန်ပြီ .. လင်းပိုင်တို့ အသက်ရှုကျပ်ကုန်ကြလေပြီ။
ဒီကြားထဲ ဧရာဝတီ ဇက်ခွပြီး ရေအားလျှပ်စစ်ဆောက်ရန်က ပေါက်ဖေါ်ကြီးတို့၏ အကျိုးသယ်ပိုးရပြန်၏။
သဘာဝ ဓါတ်ငွေ့တွေ အလကားတွေ့တာဘဲ အရင်းအနှီး စိုက်ရတာမှတ်လို့ .. ယိုးဒယားနှင့် တရုပ်ကို အလွယ်တကူထုတ်ရောင်း
အိနိ္တယကလဲအပြိုင်ဝယ် …။

သူတို့ဆီကဘာတွေပြန်ဝင်တုန်း ကြည့်လိုက်တော့ …. တရုပ်စက် .. တရက်နှင့်စုတ်သည်များသာ ..။
မဟာရင်းနှီးမှုများတွင် အမှန်စဉ်းစားသင့်သည်က …အီဂျစ်တို့၏ ပိရမစ်များ ..၊ အင်ဒိုနီးရှား၏ ဘောရောဗုဒ္ဓဘုရား ..၊
ကန်ဗောဒီးယား၏ အန်ကောဝပ် …တို့ကိုထည့်သွင်းစဉ်းစားသင့်သည်။
မြောက်ဦးက ရှေးဟောင်းနယ်မြေဖျက်စီးပြီး မီးရထားလမ်း ဖောက်မည်တဲ့ … ငါတို့မြန်မာတွေ၏ အသိဉာဏ်သည် … ဒီမျှမတုန်းတန်ရာ ..။

ရုပ်ဝတ္ထုပစ္စည်းများ ပိုင်ဆိုင်လာမှု့ကြီးထွားလာခြင်းသည် အမှန်တယ်လိုအပ်ပါသော်လည်း ထိုအပေါ်၌ ကြည်နူးပျော်မွေ့ခြင်းသည်
ထာဝရမဟုတ်။ ကြာလာလျှင်ရိုးအီလာအုံးမှာပင် ..။ ဘာသာရေး အတွေးအခေါ် ခ့စားမှု အာရုံ … စသည့်အချက်များအပေါ်
ရင်းနှီးမှုများကိုလည်း စဉ်းစားကြရပေအုံးမည်။

ဘီလ်ဂိတ် ဘယ်လိုချမ်းသာလာသလဲ … မြေမရှိ ရွှေမရှိ ရေနံတွင်းမရှိ အဆောက်အဦတွေမရှိခဲ့ပါ။ သူရှိတာက အသိဉာဏ်သာဖြစ်၏။
ယခင်က အသိဉာဏ်ကြောင့် ထူးထူးခြားခြားကြွယ်ဝသူ သမိုင်းတွင်မရှိခဲ့ပါ ..။ ယခုအခါ အသိဉာဏ်ပညာဖြင့် ဘီလျံနာတွေဖြစ်ကုန်ပြီ။
ခွန်အားဖြင့်ကြီးပွါးရန်မရနိုင်သဖြင့် အသိဉာဏ်ပညာရှာပြီး ကျွမ်းကျင်မှုဖြင့်ပူးပေါင်းပါက အောင်မြင်ဖွယ်ဖြစ်ပါမည့်အကြောင်း တင်ပြလိုက်ပါသည်။

ဘယ်မှာရင်းနှီးကြမလဲ …. အသိဉာဏ်နှင့်ယှဉ်ပြီးစဉ်းစားနိုင်ကြပါစေ ….။

15 comments

  • naywoonni

    December 7, 2010 at 3:23 pm

    နှစ်လုံးဒိုင်လုပ်မယ်
    ဘောလုံးပွဲဒိုင်ကိုင်မယ်
    သုံးလုံးရောင်းမယ်
    ကျန်တာဘာမှလုပ်စရာမလိုဘူး
    နိုင်ငံခြားသွားရတာထက် မြန်မာပြည်ကငွေရှာရတာလွယ်တယ်
    သိလဲသိပဲနဲ့

  • ကြယ်လေး

    December 7, 2010 at 3:33 pm

    ကြိုက်တယ် ဦးဖက်တီး ရေ
    ဒါမျိုး စာတွေ များ များ ထွက်လာ တာ ကောင်း တယ်

  • unclegyi1974

    December 7, 2010 at 3:36 pm

    ရင်းနှီးမှရတယ်ဆိ်ုတာ ဟိုးရှေးခေတ်ကပါ ကိုဖက်
    အခုခေတ်ကအရင်းမလိုပါဘူး
    အရင်းမရှိဘဲငွေဝင်အောင်လုပ်နိုင်မှ သိတယ်နော်

  • kopauk mandalay

    December 7, 2010 at 3:49 pm

    ပြောရအုံးမယ်ကိုဖက်တီးရေ
    ဆိုပြီး တပုဒ်လောက်တော့ ရေးလိုက်ပါအုံးမယ်၊

  • winkyawaung

    December 7, 2010 at 4:00 pm

    မြန်မာတွေ နှစ်လုံးထီနဲ့သာ အချိန်ကုန်နေပါတယ်။ နှစ်လုံးကိစ္စကတော့ ကျွန်တော်၊ယနေ့ ဂေါပကရုံး တစ်ရုံးကို ရောက်ခဲ့ပါတယ်။ လူကြီးငါးယောက်ရှိတာ ဒိုင်တစ်ဦးဝင်လာတယ်။ ငါးယောက်လုံးက နှစ်လုံးထီကို ဝိုင်းထိုးနေကြတယ်ဗျာ…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 7, 2010 at 4:07 pm

    ကောင်းတယ်ဗျာ
    ပင်လယ်ထဲကထွက်တဲ့ ဂက်စ်တွေကို
    မြန်မာပြည်သူတွေရဲ ့အိုးအိမ်တွေကို ဖျက်ပြီး ပိုက်လိုင်းသွယ်
    သူများနိုင်ငံကို ရောင်းတာ အမုန်းဆုံးဘဲ
    ရေအားလျှပ်စစ်တွေကို ကိုလည်းဒီအတိုင်းဘဲ
    နေရာထိုင်ခင်းတွေ ဆုံးရှုံးသွားတဲ့ ပြည်သူတွေရဲ ့မျက်ရည်တွေ ….
    ဒီကောင်တွေကို သီးခံဘို ့ လုံးဝမဖြစ်နိုင်တော့ဘူး
    ဒီနေ ့အချိန်ထိ တိုင်းပြည်တွက်ဆို ဘာတစ်ခုမှ မရှိတော့ဘူး

  • naywoonni

    December 7, 2010 at 4:48 pm

    ဘောလုံးပွဲကောမလောင်းကြဘူးလားဗျ

  • karlanakar

    December 7, 2010 at 5:18 pm

    တရုတ် ကလဲအချဉ်မဟုတ်ဘူးလေ မြစ်ဆုံက ရွှေရတာကို ဒီကိုပိတ်လိုက်တော့ ရေထဲကနေ ဆယ်မှာပေါ့။ စီမံကိန်းက နဲနဲ သစ်ပင်ကများများ ခုတ်ရမှာပေါ့။ နောက်ဆို ဧရာဝတိ ဆိုတာ အသားထဲဖြစ်တော့မှာ လူမျိုးရေ ခွဲခြားခြင်း
    မရှိဘူးဖြစ်တော့မှာပေါ့။ အခုတောင် ရေအတော် ခန်းနေပြီ။ ကိုယ်ကက ကုန်ကြမ်းကို ကိုယ်မှာပြန် ထုက်ပြီ ဒီကိုပြန်ရောင်းကြမှာပေါ့။ နဲနဲဆို တရုတ် တို့က ကာကွယ်နေတာ။
    ကောင်းရောင်းကောင်းဝယ် လုပ်စားလဲ ပေးရတာပဲ သူငယ်ချင်းတို့ ရေ …………
    မဟုတ်တာသာလုပ်စားတော့ ။ ပေးရတာ ချင်းတူတူ။ လိုင်းစင်ရှိလဲ ပေးရတာပဲ။ မထူးဘူး။
    🙂

  • MaMa

    December 8, 2010 at 12:38 am

    အသိဉာဏ်ကို ပညာကနေရမယ်။ ပညာသင်တဲ့လူငယ်တွေ နိုင်ငံခြားမှာ။ ပညာတတ်တဲ့ သူတွေ တိုင်းပြည်ပြန်မလာဘူး။ ဘယ်လိုဆက်လုပ်ကြမလဲ။
    ဘီလ်ဂိတ်ထက် ရှေ့ရောက်အောင် အေဂိတ်လို့ နာမည်မှည့်လိုက်မှာပေါ့။

  • maungmoenyo

    December 8, 2010 at 2:13 am

    မြန်မာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာ(၁၉၉၀)ဝန်းကျင်လောက်ကထွက်လာပါတယ်။ ဝင်လာတဲ့ direct investment ဆိုတာတွေဟာအမည်ခံပွဲစားတွေသာများပါတယ်။ မူရင်းစီးပွားရေးကုမ္ပဏီကြီးတွေကချက်ချင်းမဝင်ပါဘူး (ဒီနေ့အထိဆိုပါတော့)။ ငွေကြေးစနစ်နဲ့နိုင်ငံရေးစနစ်တည်ငြိမ်မှုမရှိသေးသရွေ်ကဝင်လာသမျှတွေက ပွဲစားတွေဆိုတာအသေမှတ်ထားကြပါ….ရောင်းရင်းတို့။
    မြန်မာနိုင်ငံရဲ့ရေမြေသဘာဝနဲ့အကြောင်းရင်းခံတွေကသိပ်ကောင်းတာအမှန်ပါ။ အနောက်နဲ့အာရှကျားတွေကသိပ်မျက်စိကျကြပါတယ်။ ဒါပေမဲ့စနစ်နဲ့အစိုးရကိုမယုံပါဘူး…။
    ဥပမာတခု (တကယ်ဖြစ်ခဲ့တာပါ) ပြောပြပါမယ်။ စင်္ကာပူကိုအခြေခံတဲ့အမေရိကန်ပွဲစားကုမ္ပဏီတခုကအဲ့ဒီအချိန်လောက်က mobile timber machine ကို အခြေခံတဲ့စီးပွားရေးလုပ်ငန်းသွင်းလာပါတယ်။ သိပ်ကောင်းတဲ့စနစ်ပါ၊ သစ်တောနဘေးမှာတင်သစ်လုံးကနေပရိဘောကပစ္စည်းအဆင့်ကိုတိုက်ရိုက်ထုတ်နိုင်တဲ့အပြင်နေရာရွှေ့ပြောင်းလို့ရတဲ့အတွက်စရိတ်နဲဝန်ကျင်းတဲ့ technology ကိုသုံးပါတယ်။ အဲ့ဒီလုပ်ငန်းကိုတောင်ငူသစ်တောဒေသမှာ အထက်မှာဖေါ်ပြတဲ့ဥပဒေအရ နှစ်(၃၀)အစိုးရကပြည်သူပိုင်မသိမ်းပါဘူးဆိုတဲ့(သူတို့ထုတ်ထားတဲ့ဥပဒေနဲ့) အစိုးရကခွင့်ပြုလုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ နိုင်ငံကို အဲ့ဒီစီးပွားရေးလုပ်ငန်းကရတဲ့အကျိုးအမြ်တ်ကရတ(ဲ့၆၀%)သောခံစားခွင့်ကိုခွဲဝေပေးတဲ့အပြင်နည်းပညာနဲ့သင်တန်းကိုလွဲပြောင်းပေးဘို့သဘောတူချက်မှာပါပါတယ်။ လက်ရှိဗိုလ်ချုပ်မှူးကြီးကအဲ့ဒီလုပ်ငန်းလုပ်တဲ့လုပ်ငန်းခွင်ကိုတိုင်းခန်းလှည့်လည်ချိန်ရောက်တော့ “ဒီလောက်ကောင်းတဲ့နည်းပညာတိုင်းရင်းသားတွေလက်ထဲမှာထားရင်မကောင်းဘူးလား”ဆိုတဲ့မှတ်ချက်တခုတည်းနဲ့နေ့ချင်းညချင်း (ဥပဒေမှာပါတာတောင်ဂရုမစိုက်တော့ဘဲ) ဗိုလ်ချုပ်မှူးကြီးနဲ့အလွမ်းသင့်တဲ့သူလက်ထဲကိုဝကွက်အပ်လိုက်ရပါတယ်။ အဲ့ဒါဥပမာများစွာထဲကတခုပါ။ အဲ့ဒိလုပ်ငန်းရှင်နိုင်ငံခြားသား(စင်္ကာပူက)ကရန်ကုန်မှာရောက်နေတဲ့အဲ့ဒီအချိန်က စင်္ကာပူကဒုဝန်ကြီးချုပ် (လက်ရှိဝန်ကြီးချုပ်) လီဆင်လျောင်းကိုတင်ပြတော့ဒီကိစ္စတွေကြားပြီးတဲ့လီကဒီလိုမှတ်ချက်ပြုအဖြေပေးလိုက်ပါတယ်…
    “Don’t swim in the shallow water”..တဲ့။ ဘာမှအကျိုးမရျိတဲ့နေရာမှာအချိန်သိပ်အကုန်ခံမနေနဲ့လို့ပြောလိုက်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟောတခုဟောတခုနဲ့ထွက်သွားလိုက်ကြတာ…..။
    သွားလေသူရုပ်ရှင်မင်းသမီးကြီးဒေါ်မြလေးပြောပြောနေတဲ့……..”ပြောကို..မပြောချင်တော့ပါဘူး”…ရယ်လို့။

  • bigcat

    December 8, 2010 at 6:19 am

    ဦးဖက်ရယ် ဒါတွေကို တပ်ရှုပ်ကြီးကသိလို့ ရေရှည်စားဖို့ မန်ချက်စတာယူနိုက်တက် ဘော်လုံးကလပ်ကို ဒေါ်လာ၁ဘီလျံ ပေးဝယ်ဖို့ လုပ်တာပေါ့ဗျာ။

  • char too lan

    December 8, 2010 at 10:25 am

    အိမ်နားကလို အဲဗားလူစည်တဲ့
    ဘီယာဆိုင်ဖွင့်မလားလို့ စဉ်းစားနေတုံးပဲဦးဖက် 🙂

  • paukpauk

    December 8, 2010 at 3:21 pm

    စွမ်းအင်တွေကို အားလုံးရောင်းမစားပဲ
    ပြည်တွင်းမှာ လိုနေတဲ့ စွမ်းအင် အရင်ဖြည့်ပြီး ပိုလျှံမှ ရောင်းသင့်တာပါ။
    ပြည်တွင်းစွမ်းအင် ဖူလုံလို့ တိုင်းပြည်တိုးတက်လာမယ့် အရာက ရောင်းစားလို့ရတဲ့ ငွေထက် ၁ဝ ဆ မကပါဘူး။
    အလုပ်အကိုင် အခွင့်အလမ်းပိုရမယ်။
    ကုန်ကြမ်းမှ ကုန်ချောတွေ အများကြီးဖြစ်သွားမယ်။
    အစွန်ဆုံး ပတ်ဝန်းကျင်ညစ်ညမ်းမှုထိ ကာကွယ်ပြီးသားဖြစ်သွားပါမယ်။
    ဘာလို့ မသိကြတာလဲ…?
    သိလျက်နဲ့လုပ်တာဆိုရင်တော့…

  • unclegyi1974

    December 8, 2010 at 3:59 pm

    ပေါက်ရေ ပေါက်လိုက်သမှပေါက်ပေါက်
    ပေါက်ပေါက်နဲ့တောင်နေသေး
    ဟင်းဟင်းဟင်း

Leave a Reply