ကိုရဲ ဟာ မကြည်ပြာနှင့်ချစ်ခြင်းနဂ္ဂတ စ်များဝထ္တုနဲ့ ကိုရဲဆိုတဲ့ စာရေးဆရာတယောက်ဖြစ်လာခဲ့ပါတယ်..။ သို့သော် မကွယ်လွန်ခင်စာအုပ်ပေါင်း၁၃အုပ်ကျော်ကိုရေးသားခဲ့ပြီး မရေးဖြစ်ဘဲကွယ်လွန်ခဲ့တာ ကြောင့်ရေးရန်စီစဉ်ထားသော ဇတ်ကွက်များ ပျောက်ဆုံးခဲ့ရလေပြီ…။သူရဲ့အကျင့်တခုက စာမရေးခင်ဇတ်ကြောင်း ကိုပြောပြ ဂရန်းရိုင်ရယ်နှင့်ဇိမ်ခံပြီး လန်ဒန်စီးကရက် ကို လက်ဖျား ကမချ အစီ ခံနားကပ်မှ  စီးကရက်တို ကိုထောင်ပြီး သောက်ထားသောဆေး လိပ်အစီခံများ အား စာပွဲပေါ်စီထားလေ့ရှိသည်။  ရိုက်ကွင်းများတွင် ဇတ်လမ်းကို ပေါ်လွင်စေရန် တခါတလေ ရိုက်ကွင်းသို့ဒါရိုက် မှခေါ်သွားလေ့ရှိသည်..။ ရိုက်ရင်း ဇတ်ညွှန်းရေးတာမျိုးလဲရှိပါသည်။ဘာဘဲဖြစ်ဖြစ် ၂ပတ်မှ၃ ပတ်ကျော်အောင်မည်သူမှရိုက်လေ့မရှိပါ စရိတ်များသောကြောင့်ဖြစ်ပေလိမ့်မည်..။တနေ့တွင် ဇတ်ကားရိုက်ရန်အတွက် ချောင်းသာသို့သွားကြလေ၏ ။နာမည်ကြီးမင်းသားလာသောကြောင့်ချောင်းသာတခွင်မင်း သားကိုကြွေးချင်ကြသောကြောင့် အစားအသောက်များမှာပင်လယ်စာတွေနှင့် အလျှံ အပယ်ရှိနေကြပါသည် မင်းသား၏မိန်းမမှ မစားခိုင်း သဖြင့်ဇတ်ပို့ များမှ ပိုက်ခွေးနမ်းတဲ့အထိပျော်ရွှင်နေကြလေသည်။၎င်း တို့အထဲတွင် အစီအစဉ်ရှိနေသူ ဟာသဇတ်ပို့များမှာစိတ်ကြိုက် အရက်နှင့်ပင်လယ်စာတို့ကို အားရပါးရလွေးကြလေသည် ပြီးတော့ ညရောက်ရင်ဖြေဖြေဖို့ နတ်သမီးလေး တပါးဆင်းသက်ရောက်ခဲ့လေ ပေါ့ ..။ညမှောင် ကြယ်လတွေမဆုံသော ညမှာ အာ မှားလို့တွံတေး သိန်းတန်သီချင်းနဲ့  ……………။ကမ်းခြေလေးဘေး မီးပုံလေးမှာတဖြေးဖြေးမှိန်လာ အမြည်းတွေလဲကုန် ပုလင်းတွေလဲပုံနေပြီ ..ဟေ့ မောင် ဖြူ ငါသွားတော့မယ် မင်းတို့ နောက်မှလိုက် အေ့ …..အေ့…… အင်းအရေးထဲဖိနပ်ကပျောက်နေသေးတယ် တောက်….။အောင် က လည်း မူးရင် ဖိနပ်ခဏခဏပျောက် နေတယ် သွား ညမှောင်နေပြီ ဖိနပ်မလိုတော့ဘူး ..အေး မင်းပြောတာ ဟုတ်ရယ် …အေ့ … အတဲရေး စောင့်နေတာ တူ တယောက် ထဲကျင်း နေရော့ မှာပဲ … တွားမယ်ေ၇ာ်….။ချောင်းသာရဲ့ အလှတွေ အောက် မှာ ယိုင်ထိုးနေတဲ့ ကို အောင် တယောက်ရမ္မက်ဇောတွေဝေပြီး ဘန်ကလိုဆီသို့ဆိုက်မြိုက်စွာရောက် သွားလေတော့ သည်..။ချောင်းသာရဲ့ နတ်သမီးလေးများအကြောင်း မောင်ဖြူတို့မှာ တွေးရင်းကျန်ခဲ့ပြီ…။   အား အမလေးဗျ ဘာကြီးလဲ ဟလုပ်ကြပါဦးကယ်ကြပါဦး ကယ်ကြပါဦးနံပြား ကနေ ၊အီကြာကွေးဖြစ်သွားလို့ဗျ.. ညနက်ကြီးထဲမှာ အသံနက်ကြီး ဟိန်းထွက်လာပြီး မိတ် ကပ်ဆရာဂျော်ရကီး က ကိုအောင် ပဆိုးကို ကိုနောက်မှနေဆွဲပြီး လိုက်ရာ သစ်ငုတ်ဖြင့်ငြိ သဖြင့် ပုဆိုးကွဲ  ဂျော်ရကီး၏ လက်ထဲမှာကျန်ရစ်ခဲ့လေသည်။၎င်းအဖြစ်အပျက်ကြောင့် လူတွေ အားလုံးနိုးကာ မောင်ဖြူတို့ လည်း အပြေးအလွှား ကိုအောင်ဆီသို့ အပြေးလေးသွားကြလေသည် ..။ထိုအချိန်ရိုက်ကွင်းမန်နေဂျာမှ အဖြစ်အပျက်အား ထိမ်းသိမ်းရန် ရောက်ရှိပြီး ကိုအောင်အား စတင်စစ်မေးလေတော့သည်..။ အင်းအဲ ..ဟိုဟို သူသူ ဘာဘာဘာ ……။ဟေ့ကောင်းကောင်းပြောလေကွာ ဘာမှ ကိုတို့က နးမလည်တော့ဘူး ဟု မန်နေဂျာမှ ပြောလေသည်..။ကိုအောင်လဲ အမူးတော်လေးပြေသွားပုံ နှင့် မာမီ ဟို မာမီ မ ကျွန်တော် အိပ်ယာထဲလာအိပ်နေတယ် ပထမတော့ကျွန်တော်နဲ့ချိန်းထားတဲ့ကောင်မလေးမှတ်လို့ အခုတော့ ဘဝရေ တိမ်နစ်တော့မလို..။ ဟယ်…!!!!!!!!!! ကိုအောင်ရယ် လူများတကာကို လူကြားထဲအရှက်ခွဲတယ်ပေါ့ ဟင် သူများကိုဘယ်လိုအမျိုး အစားထဲကမှတ်လို့လဲ ရှင်ဘဲ ချိန်းတယ် ဒီစာနဲ့လေ ည ဘန်ကလိုကို လာခဲ့ ဆိုလို အခုတော့ မဆော်ကားရတော့တဲ့အပြင် လူတွေပါ သိကုန်ပြီ ရှက်တယ်ရှက်တယ် ရှင် ကိုလုံးဝ မကြေနပ်ဘူး ဟင်းသိမယ်  တနေ့… ။ကိုအောင်နဲ့.မောင်ဖြူတို့  အတွေးမှာနတ်သမီးဘယ်လိုလိင် ပြောင်းသွာသည်ကို အစီမစဉ်မကျတွေးတော်ရင်း တကယ်မိန်းကလေးစစ် စစ် ခေါ်ထားသော နတ်သမီး ဘယ်ရောက်သွားသလဲကို တောက်တခေါက် ခေါက် ဖြစ်နေကြတော့သည်..။အဖြစ်ပျက်၏ နောက်ကွယ်တွင် တယာက်သောဘူတယောက်က တိုင်ကွယ်ပြုံးနေသည်…..။ ကိုရဲ ကို သတိရသောကြောင့် ခံစားပြန်ရေးပါသည်…။ ၎င်း အကြောင်း အရာသည် ဝထ္တုတပုဒ် အဖြစ်မဖြစ်တည်ခဲ့ပါ …ပြန်မရတော့သော မိတ်ဆွေတယောက်ဆုံးရှုံးခဲ့ရသည်…..။

လောကတွင် အချစ်ဆုံးသော၊တော်သော အနုပညာသမားတွေ ဆုံးရှုံးရတာ နှမြောတယ်

About နေ ဘုန်းလျံ

နေ ဘုန်းလျံ has written 41 post in this Website..

I know that but I don't know everythings