နစ်မြုပ်ခါနီး သင်္ဘောမှ ထိုင်းသင်္ဘောသား များအား မြန်မာ သင်္ဘောသားများက ကယ်တင်နိုင်ခဲ့

toyoDecember 7, 20101min550

မြန်မာသင်္ဘော ကပ္ပတိန် ဦးဆောင်သည့် M.V SAIPAN VOYAGER သင်္ဘောမှ သင်္ဘောသားများက ပင်လယ်ထဲသို့ နစ်မြုပ်ခါနီး ငါးဖမ်းသင်္ဘောမှ ထိုင်းနိုင်ငံသား ၁၄ ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

မလေးရှားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းနှင့် အနောက်ဘက် ကမ်းရိုးတန်းမြို့များအား ပြေးဆွဲနေ သည့်ကွန်တိန်နာတင်သင်္ဘော M.V SAIPAN VOYAGER သည် စက်တင်ဘာလအတွင်းက မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ကူချင်း မြို့နှင့် မိုင်၅ဝအကွာ ပင်လယ်ပြင်တွင် ပင်လယ်ထဲသို့ နစ်မြုပ်ခါနီး အဆိုပါငါးဖမ်းသင်္ဘောအား ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့သင်္ဘောနဲ့ မိုင်ဝက်လောက် အကွာအဝေးမှာ သင်္ဘောတစ်စီးလုံး ပင်လယ်ထဲနစ်နေပြီး ဦးပိုင်းပဲ ရေပေါ်မှာေ ပါ်နေတာကို မြင်ရပါတယ်။ သင်္ဘောသားတွေက လာကယ်ဖို့ အချက်ပြတာကို တွေ့ရတယ်။ သူတို့နားကို ကျွန်တော်တို့ သင်္ဘောရောက်အောင် သွားရတယ်။ ပြီးတော့မှ အသက်ကယ်လှေကိုချပြီး တစ်ယောက်ချင်းကို ကယ်တင်ခဲ့တယ်”ဟု M.V SAIPAN VOYAGERသင်္ဘောမှ ကပ္ပတိန်ထွန်းဝင်းက ဆိုသည်။

၎င်းတို့အား ကယ်ဆယ်ပြီး နောက် မလေးရှားနိုင်ငံမှ သက်ဆိုင် ရာအဖွဲ့အစည်းများသို့ အကြောင်းကြားခဲ့ကာ မလေးရှားနိုင်ငံ KOTAKIN- ABALU မြို့သို့ ပို့ဆောင်ပေးခဲ့ပြီး၊ ယင်းသင်္ဘောသားများအား ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာအေးဂျင့်က လာရောက်ခေါ်ဆောင် သွားခဲ့သည်ဟု သိရသည်။