ရန်ကုန်၌ အများပြည်သူသို့ လျှပ်စစ်မီး ဖြန့်ဝေပေးမှု အပေါ် နေပြည်တော်မှ စစ်ဆေးရေးအဖွဲ့ လာရောက် စိစစ်

BayoteApril 8, 20101min1458

ရန်ကုန်၌ အများပြည်သူသို့ လျှပ်စစ်မီး ဖြန့်ဝေပေးနေမှုအပေါ် နေပြည်တော်မှ စစ်ဆေးရေးအဖွဲ့လာရောက်ကာ ဧပြီလဆန်းပိုင်းမှစ၍ စိစစ်ပေး လျက် ရှိနေသည်ဟု သတင်းရရှိသည်။ “ပုဂ္ဂလိကလုပ်ငန်းတွေကို ဓာတ်အား ဖြန့်ဝေပေးပုံတွေ လိုက်လံစိစစ်ပေးတာ တွေ့ရတယ်။ နေပြည်တော် က စစ်ဆေးရေးအဖွဲ့ လာရောက်ပြီး ရန်ကုန်မြို့အများပြည်သူမီးဖြန့်ဝေပေးတဲ့အနေအထားကို စိစစ်ပေးတာလို့ပြောပါတယ်။ လျှပ်စစ်မီး ရရှိမှုက လည်း အချိန်ပိုင်းန ဲ့ပဲရနေတဲ့ အချိန်ဖြစ်လို့ ဖြန့်ဝေပေးမှုပိုင်းမှာ လုပ်ငန်းသုံး၊ အများပြည်သူ သုံးမျှတစေဖို့ အခုလိုစိစစ်တာလို့ သိရပါတယ်။ ကျွန်တာ်တို့ ကုမ္ပဏီမှာ ထိုင်ထားတဲ့ ထရန်စဖော်မာလည်း လာရောက် စစ်ဆေးတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။ မတ်လ အတွင်းက အများပြည်သူအနေဖြင့် လျှပ်စစ်ဓာတ်အား ရရှိမှုမှာ အလွန်နည်းပါးခဲ့ပြီး မီး မရရှိမှုကြောင့် နောက်ဆက်တွဲ အခက်အခဲ တစ်ရပ် အဖြစ် ရေပြဿနာကိုပါ ကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။ ဧပြီလဆန်းပိုင်းမှစ၍ လျှပ်စစ်မီးရရှိမှုမှာပျက်ချိန်၊ လာချိန် အနည်းငယ်ပုံမှန် ပြန်ဖြစ်လာခဲ့ ပြီး ရေပြဿနာကြုံတွေ့ရမှုမှာလည်း လျော့ကျသွားခဲ့ပြီဟု ရန်ကုန်မြို့နေ ပြည်သူများက ဆိုသည်။ “ပိုက်လိုင်းပြင်ဆင်မှု လုပ်နေလို့ ကျန်ခဲ့တဲ့ လပိုင်းက မီးရတာလျော့ကျခဲ့တာပါ။ အခုတော့ အများပြည်သူကို မီးပိုပေးနိုင်ပါပြီ။ ရန်ကုန်မီးအဝင် ဓာတ်အားပမာဏပေါ်မှာ ချိန်ညှိပြီး ဖြန့်ဝေပေးရတာဖြစ်တဲ့အတွက် ဓာတ်အားအဝင်များရင် မီးရရှိမှုကောင်းမယ်၊ အဝင်နည်းရင် မီးရရှိမှုလျော့နည်းသွားနိုင်တာမျိုးတော့ ရှိနိုင်ပါတယ်” ဟု မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် တွင် ဖော်ပြထားပါသည်။

8 comments

  • အဖမျိုးချစ်

    April 10, 2010 at 3:30 am

    ကျွန်တော် တို့ကျောင်း က လေ့ လာရေး ပုဂံ ကို သွားချိန် က တူးရွင်းတောင် ဖက်ရောက်တော့ မိုး မရွာ တဲ့ရပ် ဝန်း
    မှာ ငွေတွေ အများကြီး အကုန် ခံပြီးဆောက်ထား တဲ့ ဆည်ကြီး ကိုတွေရ တယ်….နွားတွေမြက်စားနေ ကြတယ်…
    တိုင်း မှူးကြီး ရှန်ပိန်သောက်နေ ခဲ့ တယ် နွေနေ တွေ ဆက် ပူနေမြဲ အ ခုထိတိုင်..
    တာ၊တမံတွေ ပြီးရင် လျှပ်စစ်ဝပ်အားအများကြီး ထွက်မယ်ဆို ဘဲ အခုတိုင် ရန်ကုန် နဲ့မြန်မာပြည် အနှံ့အပြားမှာဖယောင်း
    တိုင်တွေရောင်းကောင်းနေမြဲဘဲ။။။။။။ ဒါများငါ တို့ချုပ်ချုပ်ကြီး ကို မထိ နဲ့အော်နေတဲ့ လူတွေရှိနေ သေးပေါ့။။။။။။
    ဟီ ဟိ ရီရတယ်……….။

  • အဖမျိုးချစ်

    April 10, 2010 at 3:34 am

    ကျွန်တော် တို့ကျောင်း က လေ့ လာရေး ပုဂံ ကို သွားချိန် က တူးရွင်းတောင် ဖက်ရောက်တော့ မိုး မရွာ တဲ့ရပ် ဝန်း
    မှာ ငွေတွေ အများကြီး အကုန် ခံပြီးဆောက်ထား တဲ့ ဆည်ကြီး ကိုတွေရ တယ်….နွားတွေမြက်စားနေ ကြတယ်…
    တိုင်း မှူးကြီး ရှန်ပိန်သောက်နေ ခဲ့ တယ် နွေနေ တွေ ဆက် ပူနေမြဲ အ ခုထိတိုင်..
    တာ၊တမံတွေ ပြီးရင် လျှပ်စစ်ဝပ်အားအများကြီး ထွက်မယ်ဆို ဘဲ အခုတိုင် ရန်ကုန် နဲ့မြန်မာပြည် အနှံ့အပြားမှာဖယောင်း
    တိုင်တွေရောင်းကောင်းနေမြဲဘဲ။။။။။။ ဒါများငါ တို့ချုပ်ချုပ်ကြီး ကို မထိ နဲ့အော်နေတဲ့ လူတွေရှိနေ သေးပေါ့။။။။။။
    ဟီ ဟိ ရီရတယ်……….။ အနော်ရထာ ကို တု ပြီး ဆည်တွေဆောက် တာနဲ့ တူရဲ့…။မတူရင် တု လို့ချီးပန်းနေ တာ
    နှစ်တွေကြာ လို့ ပြည် သူတွေ ဒုက္ခတွေ ခံ ရတာ……..အား…..မကောင်းတော့ ပါ…။

  • susunosuki

    April 17, 2010 at 8:23 am

    စစ်ဆေးတာကောင်းပါတယ်
    အထက် နဲ့အောက် ကွာခြားချက် ကျဉ်းသွားတာပေါ့
    ဒါကြောင့်များလားမသိဘူး
    ကျွန်တော်တို့ရပ်ကွက် ခါတိုင်းထက် ခုတလောမှာ မီးနည်းနည်း ပိုလာသလိုပဲ
    မီးအားတော့နည်းတယ်

  • nyi

    April 19, 2010 at 9:32 am

    မီးအားနည်းရင် မီးအားမြုင့်စက် ဝယ်ထားကိုလူရေ…။
    မီးအားကောင်းကောင်း ရဖိုမစဉ်စားနဲ…။
    ပိုက်ဆံ များများပေးနိုင်မှာ မီးအားကောင်းကောင်း ရမယ်…။
    မီတာက အခွန်လဲဈေးတက်နေပြီး…။
    သိပ်ပြီးတောင်ဆို မူတွေမများစေနဲ…။
    အကြံပေးတာပါ…စိတ်တော့မဆိုးနဲ..။

  • သာမိညောင်

    April 24, 2010 at 5:48 pm

    မိုင်ထောင်ချီပြီး ဂက်စ် ပိုက်တွေး သွယ်တန်းသတဲ့ နိုင်ငံခြားကို
    မြို ့ရွာတွေ ဖျက်ပြီးတော့လည်း ရေအားလျှပ်စစ်တွေ ဆောက်သတဲ့ နိုင်ငံခြားတွက်
    အာလည်းမခံဝန် ့ပါဘူး တော်လည်း မလှန်ရဲပါဘူး
    ဒို ့ရွာမှာ မီးတိုင်လည်း မရှိတဲ့အတွက် မီးမလာတာက ဒို ့နဲ ့မဆိုင်
    လျှပ်စစ်ဆိုတာ ဘာလည်းဟင် ?

  • laypyay

    May 5, 2010 at 7:11 am

    အကောင်းတော့ မထင်နဲ့ လျှော့ချ ရေး စီမံကိန်းလာဆွဲတာ စိတ်ချ ရန်ကုန် မြို့ ပြုတ် အော်ငနဂိုကထဲက ကြံစည်နေတာ ..ဘယ်လာ အကောင်ပေါ်လာမှာလဲ ..ဘာမှ ဖြစ်မလာဘူး အဆိုးပဲပေါ်လာမှာ .။

  • htethtet

    June 8, 2010 at 11:26 am

    အမှန်တွေသိပ်မပြောမနေကြနဲ့အုံးနော်
    ညဖယောင်းတိုင်မီးမထွန်းရ ဆို ခက်နေမယ်

  • gar

    July 7, 2010 at 4:58 am

    ရန်ကုန်၌ အများပြည်သူသို့ လျှပ်စစ်မီး ဖြန့်ဝေပေးမှု အပေါ် နေပြည်တော်မှ စစ်ဆေးရေးအဖွဲ့ လာရောက် စိစစ်
    ပြီ လျှပ်စစ်မီး များ ဖျတ် ရန် စီ ဆင်

Leave a Reply