စီးပွါးရေးအသိဉာဏ်

fattyDecember 8, 20101min390

စီးပွါးရေးရာတွင် အသိဉာဏ်အရေးကြီးကြောင်း ဆိုခဲ့ပြီးပါပြီ။
ထိုသီု့ အရေးပါလာသည်နှင့်အမျှ အသိဉာဏ်ပညာဆိုင်ရာ မူပိုင်ခွင့် ပြဿနာကလည်းဒွန်တွဲပါလာသည်။
ဓနကိုတိုးပွါးစေသော အဓိကအင်အားမှာ အသိဉာဏ်ပင်ဖြစ်တော့သည်။
သို့ကြောင့် အသိဉာဏ်ပညာကိုအခြေခံသော စီးပွါးရေးအဆောက်အအုံ အသွင်သို့ မြန်မြန်ဆန်ဆန်ကူးပြောင်း
န်ုင်ဖို့ အရေးကြီးသည်။

ဒီမှာက .. လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အခုထိကူးပြောင်းလို့ မပြီးသေး ..။
မဆလ တခေတ်လုံး ကူးပြောင်းနေ၏။ နအဖ တခေတ်လုံးလည်း ကူးပြောင်းနေ၏ ..။
ကူးပြောင်းဆဲကာလ (သို့) အသွင်ကူးပြောင်းဆဲ ကာလမှာ တသက်လုံးဟုပြောရမလိုဖြစ်နေသည်။
နောက်ဆုံး အချိန်အတော်ကြာ ကူးပြောင်းပြီးသော်…. ထရော်လာဂျီများသာထွက်လာသည်။

ခေတ်မှီသော လယ်ထွန်စက်ကြီးမျာ … သူများနိုင်ငံတွင် ကိုယ်တိုင်မောင်းရန် မောင်းသူမလို။
computer ထဲတွင် အလျှားအနံ အနက်မည်မျှလိုချင်သည် မည်မျှ ယာမြေကိုညက်လိုသည်
တို့ကို ရိုက်ထဲ့ပြီးသည်နှင့် computer က ထိန်းချုပ်ရျ် မောင်းနှင်သွားသည်။

ီဒိမှာကတော့ ဧရာဝတီ တိုင်းအတွင်း လယ်ထွန်စက်ကြီးများဆင်းရန် မဖြစ်သေး …။
လယ်ယာမြေပိုင်ဆိုင်မှုက အမျိုးမျိုးဖြစ်နေသည်။ တဦးက စမူဆာပုံပိုင်သည် .. တဦးက ဗဟုဂံပုံပိုင်သည်။
လယ်ထွန်စက် မောင်းလို့မရ။ နွားနှင့် ကျွဲကိုသာအားထားရတုန်း …။

မြန်မာပြည်တွင် စပါးများရိတ်သိမ်းခြင်း ရိတ်သိမ်းပြိး အစေ့ခြွေခြင်း ခြွေပြီးစပါးစေ့များ အိပ်တွင်းသို့ထည့်သွင်းခြင်း
တို့ကို တပြိုင်ထဲလုပ်ပေးနိုင်သော စက်များ အစီး ၃ဝ ခန့်ရှိသည်။ ဆက်လက်ရျ် နည်းပညာတိုးတက်အောင်မည်သူမျှ အားမထုတ်။
ယခုဆိုလျှင် ချောင်ထဲရောက်နေလောက်ပြီ။ အလွယ်ကူဆုံး နည်းကိုသာ အသိဉာဏ်မြင့်မားစွာ စီစဉ်ကြလေတော့သတည်း။
ဗီယက်နမ်များ လာကြလိမ့်မည် ..။ ကိုရီးယားများ ရော်ဘာ လာစိုက်လိမ့်မည် ..။ လယ်ယာမြေများကိုသိမ်းပြိး
ရောင်းစားလိုက်ရုံပင် …။ အသိဉာဏ် ကိုထိထိမိမိ အသုံးပြူနိုင်မှုဟုပင်ယူဆရမည်လော …။