ကမ ္ဘာကျော် ..NIKE ကုမ္ပဏီကြီးကို ကြည့်ရအောင် …..

fattyDecember 8, 20101min591

အားကစားဖိနပ်ဆိုရင် သိကြတဲ့အတိုင်း NIKE ကို အကြိုက်ကြဆုံး။
ရောင်းအားအကောင်းဆုံး ဖိနပ် အမျိူးအစားလည်းဟုတ်တယ်။ NIKE ကုမ္ပဏီကြီးကလည်း အထင်ကရ နာမည်ကြီးလှတယ်။
ဒါပေတဲ့အံ့ဩ ဘွယ်က အဲဒီ NIKE မှာစက်ရုံနဲ့စက်ပစ္စည်း ပိုင်ဆိုင်မှု လုံးဝမရှိပါဘူး …။

သူတို့ပိုင်ဆိုင်တာက အသိဉာဏ်ပညာသာဖြစ်ပါတယ် …။ ဒီဇိုင်းသာပိုင်ပါတယ် ..။ ဖြန့်ဖြူးရေးကွန်ယက်ကို ဖန်တည်းထားနိုင်ပါတယ် …။
အရှေ့တောင်အာရှမှာ … NIKE ထုတ်လုပ်တဲ့စက်ရုံတွေအများကြီး ရှိပါတယ်။ အဲဒီစက်ရုံတွေဟာ Production partner များသာဖြစ်ပါတယ် ..။
အများစုက NIKE ကုမ္ပဏီမှာ စက်ရုံတွေအများကြီးပိုင်တယ်လို့ထင်ကြပါတယ် ..။
အမှန်က အဲလိုမဟုတ်ပါ ..။ NIKE ရဲ့ လုပ်ငန်းစစ်စစ်က အကြံဉာဏ်များ သဘောတရားများကိုရောင်းချခြင်းသာဖြစ်ပါတယ် ..။

ကုမ္ပဏီရဲ့ အဓိက ဆောင်ရွက်ချက်တွေကတော့ … ဒီဇိုင်းကိစ္စ ၊ ဈေးကွက်ဖြန့်ဖြူးရောင်းချမှု တွင်ကျယ်ရးကိစ္စတွေဘဲဖြစ်ပါတယ် ..။
ကုန်အမှတ်တံဆိပ် တည်မြဲအောင် ဆက်လက်ထိမ်းသိမ်း ထားနိုင်ရေး လဲပါပါတယ် ..။

ဖိနပ်ရောင်းရငွေဟာ .. ဖိနပ်ထုတ်လုပ်တဲ့ စက်ရုံတွေထက် ပိုပြီးတောင် ဝင်ငွေကောင်းတယ်လို့ဆိုပါတယ် ..။
စားသုံးသူတို့ အထာ ကိုကောင်းကောင်းနားလည်မှုကြောင့် NIKE အောင်မြင်လာပါတယ် ..။
အခြားကုမ္ပဏီတွေကလည်း အတုခိုးလာကြပါတော့တယ် ..။

စီးပွါးရေးပညာရှင်များကတော့ ၂ဝ ရာစုဟာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုရျိမှ ဂုဏ်တင့်သူတို့ခေတ်ဖြစ်ပြိး …
၂၁ ရာစုကတော့ အခွင့်အလမ်းကို လက်ရဆုပ်ကိုင်ပြီး အသုံချတတ်သူ ၊ ချည်းကပ်မှု အထာ ကျွမ်းသူတို့ ခေတ် ဖြစ်လာမယ်လို့ဟောကိန်းထုတ်ကြောင်းပါ …။

One comment

  • unclegyi1974

    December 8, 2010 at 2:36 pm

    အခွင့်အလမ်းကို လက်ရဆုပ်ကိုင်ပြီး အသုံချတတ်သူ ၊ ချည်းကပ်မှု အထာ ကျွမ်းသူတို့ ခေတ် ဖြစ်လာမယ်လို့ဟောကိန်းထုတ်ကြောင်းပါ …။
    သူတ်ို့က ၂၁ ရာစုမှ လို့သုံးသပ်တဲ့ပညာတွေကို
    မြန်မာမှာ ၂ဝ ရာစုကတည်းကသုံးနေပါတယ်လို့
    ကမ္ဘာသိအောင်ပြောချင်ပါတယ်
    ယုံရဲ့လားကိုဖက်

Leave a Reply