NIKE ကုမ္ပဏီ ကို ကြည့်ရအောင် …

fattyDecember 8, 20101min676

အားကစားဖိနပ်ဆိုရင် သိကြတဲ့အတိုင်း NIKE ကို အကြိုက်ကြဆုံး။
ရောင်းအားအကောင်းဆုံး ဖိနပ် အမျိူးအစားလည်းဟုတ်တယ်။ NIKE ကုမ္ပဏီကြီးကလည်း အထင်ကရ နာမည်ကြီးလှတယ်။
ဒါပေတဲ့အံ့ဩ ဘွယ်က အဲဒီ NIKE မှာစက်ရုံနဲ့စက်ပစ္စည်း ပိုင်ဆိုင်မှု လုံးဝမရှိပါဘူး …။

သူတို့ပိုင်ဆိုင်တာက အသိဉာဏ်ပညာသာဖြစ်ပါတယ် …။ ဒီဇိုင်းသာပိုင်ပါတယ် ..။ ဖြန့်ဖြူးရေးကွန်ယက်ကို ဖန်တည်းထားနိုင်ပါတယ် …။
အရှေ့တောင်အာရှမှာ … NIKE ထုတ်လုပ်တဲ့စက်ရုံတွေအများကြီး ရှိပါတယ်။ အဲဒီစက်ရုံတွေဟာ Production partner များသာဖြစ်ပါတယ် ..။
အများစုက NIKE ကုမ္ပဏီမှာ စက်ရုံတွေအများကြီးပိုင်တယ်လို့ထင်ကြပါတယ် ..။
အမှန်က အဲလိုမဟုတ်ပါ ..။ NIKE ရဲ့ လုပ်ငန်းစစ်စစ်က အကြံဉာဏ်များ သဘောတရားများကိုရောင်းချခြင်းသာဖြစ်ပါတယ် ..။

ကုမ္ပဏီရဲ့ အဓိက ဆောင်ရွက်ချက်တွေကတော့ … ဒီဇိုင်းကိစ္စ ၊ ဈေးကွက်ဖြန့်ဖြူးရောင်းချမှု တွင်ကျယ်ရးကိစ္စတွေဘဲဖြစ်ပါတယ် ..။
ကုန်အမှတ်တံဆိပ် တည်မြဲအောင် ဆက်လက်ထိမ်းသိမ်း ထားနိုင်ရေး လဲပါပါတယ် ..။

ဖိနပ်ရောင်းရငွေဟာ .. ဖိနပ်ထုတ်လုပ်တဲ့ စက်ရုံတွေထက် ပိုပြီးတောင် ဝင်ငွေကောင်းတယ်လို့ဆိုပါတယ် ..။
စားသုံးသူတို့ အထာ ကိုကောင်းကောင်းနားလည်မှုကြောင့် NIKE အောင်မြင်လာပါတယ် ..။
အခြားကုမ္ပဏီတွေကလည်း အတုခိုးလာကြပါတော့တယ် ..။

စီးပွါးရေးပညာရှင်များကတော့ ၂ဝ ရာစုဟာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုရျိမှ ဂုဏ်တင့်သူတို့ခေတ်ဖြစ်ပြိး …
၂၁ ရာစုကတော့ အခွင့်အလမ်းကို လက်ရဆုပ်ကိုင်ပြီး အသုံချတတ်သူ ၊ ချည်းကပ်မှု အထာ ကျွမ်းသူတို့ ခေတ် ဖြစ်လာမယ်လို့ဟောကိန်းထုတ်ကြောင်းပါ …။

6 comments

  • fatty

    December 8, 2010 at 2:18 pm

    ီDear Admin

    Please kindly cancel this one. I repeated it because of condition, sorry.

  • bigcat

    December 10, 2010 at 1:56 am

    ထောက်ခံပါတယ်။ ကျနော်လည်း အိုင်ဒီယာတွေကိုပဲ ကိုခိုင်ရဲ့ဂေဇက်ပေါ်မှာ တင်ပါတယ်။ သူတော်သလား ကိုယ်ညံ့သလားဆိုတာ သိပါရစေ။

    • windtalker

      September 24, 2011 at 9:04 pm

      ဟုတ်ပါတယ် ဗျို ့
      အနော် လဲ
      အနော့် အိုင်ဒီယာတွေ ကို
      သူကြီးဆီ မှာ
      လာရောင်းစားနေတာ
      အခုထိ
      သူ ့ပေးဈေးပဲပေါ့ဗျာ

  • နီလေး

    December 10, 2010 at 8:44 am

    ၂ဝရာစုနဲ့၂၁ရာစုတော့ဟုတ်ပါပြီ ၂၂ရာစုအတွက်ကော

  • kai

    December 10, 2010 at 10:57 am

    အခုခေတ် စီးပွားရေးသဘောအရ..
    အိုင်တီ။ အီလက်ထရေနစ်လျှပ်စစ်ပစ္စည်းတွေ အားလုံးလိုလို … တရုတ်ပြည်..ထိုင်ဝမ်၊ ကိုရီးယားမှာ လုပ်နေကြတာပါ..။
    ယူအက်စ်က ဒီဇိုင်းနဲ့.. နည်းပညာပဲ အကန့်အသတ်နဲ့ ပေးတယ်ဆိုပါတော့ ..။
    အဓိကကိုင်ထားတာက.. မူပိုင်ခွင့်ဖြစ်ပါတယ်..။ ဒါကြောင့်.. အကျိုးအမြတ်တွေရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ .. မူရင်းမူပိုင်ဆိုင်တဲ့သူဆီပဲ ပြန်လာကြတာပေါ့..။

    နိုက်ကီလဲ.. အဲဒီအတိုင်းပါပဲ..။ အဲဒီတံဆိပ်လေးကို ..ယူအက်စ်က ကုမ်မဏီက ကိုင်ထားပါတယ်..။
    အဲဒီဖိနပ်ထုတ်နေတဲ့ ကုမ်ပဏီက … တဖက်လှည့်နဲ့..ချွတ်စွပ်ဖိနပ်ကို ..တခြားတံဆိပ်ကပ်ပြီး ထုတ်တယ်ဆိုပါတော့ ..။ နိုက်ကီလိုတန်ဖိုးထားပြီးဘယ်သူမှ ဝယ်မစီးပါဘူး..။
    ဆိုတော့…
    အမှတ်တံဆိပ်မူပိုင်ခွင့်က .. တော်တော်အဓိကကျလာတယ်ထင်ပါကြောင်း…။

  • fatty

    December 10, 2010 at 1:19 pm

    Kai တယောက် ၁ ရက်လောက်ပျောက်သွားတာ သတိထားမိလိုက်တယ် ..တုပ်ကွေးများဖြစ်နေသလားလို့ ..။

Leave a Reply