Myanmar Literature Talk Dec 5 2010

mandalay1875December 13, 20101min25116

အဖွင့် http://www.youtube.com/watch?v=Uub8z2SUG0A

ခက်မာ http://www.youtube.com/watch?v=3PWfWe4LgiM
Myanmar writers speech event in Los Angeles Khet Mar <<< mp3 အား Download လုပ်ရန်

မောင်စွမ်းရည် http://www.youtube.com/watch?v=er0Kx6M3YJQ
Myanmar writers(U Swun Yi) speech event in Los Angeles <<< mp3 အား Download လုပ်ရန်

မေငြိမ်း http://www.youtube.com/watch?v=6al_vlIRMEM
May Nyein LA Dec52010 <<< mp3 အား Download လုပ်ရန်

ဦးဝင်းဖေ http://www.youtube.com/watch?v=o6biGqtJx6o
Win Pe LA Dec52010 <<< mp3 အား Download လုပ်ရန်

ကြည့်ပြီးရင်…နားထောင်ပြီးရင်….
ဗီဒီယိုဖိုင်ကိုတင်ပေးတဲ့ visiono ကိုကျေးဇူးစကားလေးရေးပေးပါနော်။

Website ရဲ ့frontpage မှာ၂ပတ်လောက်ဆက်တိုက်တင်ထားပေးရင်ကောင်းမယ်။

16 comments

  • maungmoenyo

    December 14, 2010 at 1:01 am

    ဟုတ်ကဲ့ခင်ဗျား front page မှာ(၁)လလောက်တင်ထားပေးနိုင်ရင်ကောင်းပေါ့ဗျာ။

  • weiwei

    December 14, 2010 at 5:03 am

    You Tube က ကြည့်မရပါ … တခြားအသံဖိုင်နဲ့ တင်ပေးနိုင်လျင် ပိုကောင်းပါမည် …

  • kai

    December 15, 2010 at 8:46 am

    mp3 တွေပြောင်းပြီး မန္တလေးဂေဇက်မှာပဲတင်လိုက်ပါတယ်..။ ဒေါင်းလုပ် လုပ်ယူနိုင်ကြပါတယ်..။
    နားထောင်ကြည့်ပြီး မှတ်ချက်ရေးကြပေါ့နော…။
    ပေါ့ပေါ့ပါးပါး ပြောထားတာတွေပါ..။ ဦးဝင်းဖေပြောတဲ့အထဲ …မြို ့မငြိမ်းအကြောင်းလေးတွေတောင်ပါရဲ့..။

    • char too lan

      December 15, 2010 at 9:05 am

      လေးခိုင် ဘယ်နားသွားဒေါင်းရမလဲ ကျနော်မသိလို့ဗျ !!

  • kai

    December 15, 2010 at 9:08 am

    အပေါ်က ..စာထဲမှာပဲ.. <<< mp3 အား Download လုပ်ရန် ဆိုပြီး ပေးထားတယ်လေ..။ မမြင်ရဘူးလားမသိ..။ နားထောင်ပြီးလို့ ... အသံအခြေအနေ... အဆင်မပြေရင်လည်း ပြောနော..။

  • ဆူး

    December 15, 2010 at 9:35 am

    အူးခိုင်ရေ.. ဒေါင်းလုပ်လုပ်လို့ရတဲ့ လင့်ကို မရှိတာ.. ပြန်စစ်ပါအုန်း..

  • ဆူး

    December 15, 2010 at 9:39 am

    ချောတီး အူးခိုင်ရေ.. တွေ့ပြီ.. ဒါပေမဲ့.. အသံကလေး မင်… ဂ.. လာ ပါ ဆိုပြီး ရပ်သွားတာဘဲ.. ဆန့်ကင် ဆန့်ကင်နဲ့

  • kai

    December 15, 2010 at 9:43 am

    စစ်ပြီးပြီ..အကုန်ရှိနေတာပဲ..။
    ဥပမာ..
    ခက်မာ http://www.youtube.com/watch?v=3PWfWe4LgiM
    အဲဒီအောက်နားလေးမှာ .. လင်ါခ်တခုရှိတယ်.. ကလစ်လုပ်လိုက်ရင်.. တိုက်ရိုက်နားထောင်မလား..။
    ဒေါင်းမလားမေးတဲ့.. အောက်ကစာမျိုးပေါ်လာမယ်..။
    Myanmar writers speech event in Los Angeles [Download]
    အဲဒီလို မမြင်ရဘူးလား..။
    ဒေါင်းချင်ရင်.. [Download] ကို ရိုက်ကလစ်လုပ်ပြီး .Saveလိုက်ယုံပါ..။

  • char too lan

    December 15, 2010 at 10:27 am

    ကျေးဇူးကမာ္ဘပါ~~

  • meelay

    December 15, 2010 at 10:54 am

    အခုလိုတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်….:)

  • koyinmaung

    December 15, 2010 at 12:48 pm

    ကိုခိုင်ရေ အားလုံးဒေါင်းလို့ရသွားပြီကျေးဇူးအထူးအထူးတင်ပါတယ်…

  • weiwei

    December 15, 2010 at 1:00 pm

    အသံကြည်ပါတယ် … ကျေးဇူးတင်ပါတယ် …

  • blackchaw

    December 16, 2010 at 3:44 am

    ကျေးဇူးစကားလေးမဟုတ်ပါဘူးဗျာ။ ကျေးဇူးစကားကြီး ပြောပါရစေ။ ကျွန်တော်က ဆရာဝင်းဖေ ကိုသိတ်ကြိုက်ခဲ့တဲ့ ပရိသတ်တစ်ယောက်ပါ။ သူရေးခဲ့တဲ့ ဝတ်ထု တိုလေးတွေကို အခု ပြန်ဖတ်ချင်နေလို့ တစ်လက်စတည်း ကူညီနိုင်ရင်ကူညီကြပါဦး။ မျက်မှန်၊ ဦးနှောက်ထဲရောက်ပုရွဲဆိတ်၊ ချက်ကြီးအတွက်အရက် စသည်ဖြင့်ပေါ့။ ကျေးဇူးအကြီးကြီးတင်ဘို့ပြင်ဆင်ထားပါ့မယ်။

  • kai

    December 16, 2010 at 9:38 am

    နားထောင်ပြီးရင် ..ဝေဖန်ကြပါဦးနော…။
    ဆရာကြီး။ဆရာမတွေဆီ ဝေဖန်စာကောင်းကောင်းလေးတွေ (ဆိုရင်)ပြန်ပို ့ပေးပါ့မယ်..။
    အနည်းဆုံးတော့ ဦးဝင်းဖေရဲ့ မြို ့မငြိမ်းကို မန္တလေးသားတွေအမြင်သိချင်သား…။ 🙂

  • weiwei

    December 16, 2010 at 9:56 am

    နဲနဲဝေဖန်ရမယ်ဆိုရင်တော့ …
    မခက်မာရဲ့ အဖွားမေတ္တာကိုနားထောင်ပြီး ကျွန်မနဲ့ခံစားချက်အနည်းငယ်ဆင်လို့ မျက်ရည်ဝဲမိပါတယ် … သူ့စေတနာ တစွန်းတစကို သိလိုက်ရလို့လဲ အထင်ကြီးလေးစားမိပါတယ် … ဟာသမပြောတတ်ပေမယ့် စကားပြောကောင်းသူတစ်ယောက်ဖြစ်ပါတယ် …

    ဆရာမောင်စွမ်းရည်ပြောတဲ့ လူထုဦးလှအကြောင်းကလဲ ဗဟုသုတရော အတုယူစရာတွေရော အပြင် ရသတစ်ခုကိုပါ ခံစားရပါတယ်။ ကျွန်မက ငယ်စဉ်ကထဲက စာဖတ်တာအရမ်းဝါသနာပါလို့ သမိုင်းတွေ ဝတ္ထုတွေကိုရင်းနှီးခဲ့ဖူးတော့ အခုနားထောင်လိုက်ရတဲ့အခါမှာ အတော်အားရကျေနပ်ဖြစ်မိပါတယ်။ အမျိုးသားနေ့ဆိုတာကလဲ ကျွန်မအလယ်တန်းကထဲက စာစီစာကုံးပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ရလို့ ရင်းနှီးပြီးသားဖြစ်ပေမယ့် အဆက်ပြတ်နေခဲ့တာကြာပြီး အခုလို ပြန်ကြားလိုက်ရချိန်မှာ ကလေးဘဝကိုရော အမျိုးသားနေ့ကိုရော အမျိုးသားရေးစိတ်ဓါတ်ပါ ပြန်လည်နိုးကြားလို့ ဆရာ့ကို ကျေးဇူးတင်ပါတယ် …

    ဆရာမ မေငြိမ်းပြောတာကတော့ နားထောင်လို့ကောင်းပေမယ့် နားထောင်ရတာ မောလိုက်တာလို့ပဲ ပြောချင်ပါတယ်။ ပြောချင်တဲ့စေတနာတွေများလွန်းလို့ စကားပြောလောကြီးနေတာလို့ နားလည်မိပါတယ်။ ဆရာမရဲ့ မြန်မာစာနဲ့ပတ်သတ်တဲ့ခံယူချက်နဲ့ အနုပညာကို ခံစားနားလည်မိပါတယ်။ အနုပညာရဲ့ အရေးပါပုံကို အခုထိ ပညာရေးမှာ ထည့်သွင်းပြဌာန်းတာမရှိတာကလဲ စဉ်းစားစရာပါပဲ။ လူငယ်တွေကို အလေးပေးတဲ့ ဆရာမရဲ့စိတ်ဓါတ်ကို လေးစားပါတယ်။ ဆရာမပြောသလို မိဘတွေများများရှိရင် ကောင်းမှာပဲလို့ ဆန္ဒဖြစ်မိပါတယ် …

    ဆရာဦးဝင်းဖေကတော့ အထူးပြောစရာကိုမရှိပါဘူး … ဘီဘီစီက ဝင်းဖေလွယ်အိတ်ကို နားထောင်နေကျမို့လို့ လေယူလေသိမ်းနဲ့ သဘောတရားကို နားလည်ပြီးသားဖြစ်နေပါတယ် … ဆရာကြီးက ငွေကို စာစီစာကုံးရေးတဲ့အကြောင်းပြောပြတာ ရီစရာလဲကောင်းသလို ဆရာကြီးရဲ့ အတွေးကိုလဲ ချီးကျူးမိပါတယ် … မျက်ခမ်းစပ်ရောဂါကိုတောင် သီချင်းလုပ်ဆိုတဲ့ ဆရာမြို့မငြိမ်းတို့ခောတ်က အနုပညာကိုတော့ လေးစားလို့ မဆုံးပါဘူး … ဆရာဦးဝင်းဖေရဲ့ အပြောကောင်းမှုကြောင့် စိတ်ညစ်နေချိန်မှာ ရယ်လိုက်ရလို့ ဆရာ့ကို အထူးကျေးဇူးတင်မိပါတယ် ….

    အခုလို MP3 ဖိုင်တွေ တင်ပေးတဲ့ မန္တလေးဂေဇက်ကို အထူးကျေးဇူးတင်ပါကြောင်း …..

Leave a Reply