တချိန်က ဆောင်းရာသီ အပိုင်း ၂

ဆူးDecember 8, 20101min560

ထိုကြေညာကလေးက တော်တော် ဆွဲဆောင်မှု ရှိတာ အမှန်ဘဲ။ ကြေညာကတော့ အနုပညာ ကွန်ပြူတာ ဒီပလိုမာ သင်တန်း ဖြစ်ပါတယ်။ ၁ဝတန်းအောင်ပြီး ၁နှစ်တိတိ အိုင်တီမှာ အချိန်ကုန်ပေမဲ့ အကျိုးမဖြစ်ထွန်း မပေါက်ရောက်ခဲ့ပေမဲ့.. ဒီသင်တန်းလေး တက်မိရင်တော့ ဝါသနာနဲ့ တထပ်တည်းကျလို့ အောင်မြင်ဖြစ်ထွန်းနိုင်တယ် ထင်မိတယ်။
ပြီးတော့ ဒီပလိုမာ ဆိုတော့.. အဆင့်ကတော့ မနဲဘူး ပြောလို့ရတယ်လေ။ ဘာပဲ ပြောပြော ယောကျားယူရင်နဲ့ သေရင်တော့ ဘွဲ့တွေ ရှိတာ လူမြင်တာပေါ့။ ဒီလိုနဲ့ မိဘများကို ခွင့်တောင်းတယ် အိုင်တီက နောက်ထပ် Level 3 ရှိတာ ထက်မတက်ချင်တော့ဘူး သတင်းစာထဲမှာ ပါတဲ့ ဒီပလိုမာ သင်တန်းကို တက်ပြီး ဝါသနာ ပါတဲ့ ပန်းချီ ဆွဲတာနဲ့ နီးစပ်တယ် ဆိုတော့ တက်ချင်တယ်။ ခွင့်ပြုဖို့ တော်တော် ပြောယူရတယ်။ မိဘများကတော့ အလုပ် တခုကို လုပ်ခဲ့တာ အချိန် တခု ပေးဆပ်လိုက်ပြီး နောက်တခု မသက်ဆိုင်တဲ့ အရာကို သွားပြီး ခြေလှမ်းချင်နေတယ် သေချာ စဉ်းစားပါအုန်း။ ကတိတွေ အထပ်ထပ်ပေးပြီး ဒီပလိုမာ သင်တန်းကို တက်ခဲ့တယ်။ Level 1 , 2 , 3 ရှိနေတော့. အဲဒီ သင်တန်းကလည်း ၁နှစ်လောက် အချိန် ထပ်ပေးလိုက်ရတယ်။ သတင်းစာထဲက ကြေညာမှာ အောက်ဆုံး တကြောင်းက အရည်အချင်းကို လိုက်ပြီး အလုပ်အကိုင်အတွက် နေရာချထားပေးမည်။ ထိုစကားလုံးများ တော်တော် ဆွဲဆောင်မှု ရှိလှပါတယ်။
ထို အချိန် အခါ သင်တန်းကြေးက တော်တော် ဈေးကြီးပါတယ်။ သောင်းဂဏန်းလောက်သာ သင်တန်းကြေး ယူတဲ့ ခေတ်ကြီးထဲမှ သူက သိန်းဂဏန်းယူပြီး ဖွင့်တာဆိုတော့ ငွေကြေးကတော့ အရင်းအနှီး စိုက်ထုတ်ခြင်းက ပထမပေါ့.. အလုပ်ရတာ မရတာကတော့ ဒုတိယ။ ဒီလိုနဲ့ အချိန်ကာလ တခုကို ဖြတ်ကျော်ပြီး နောက်ဆုံး ဒီပလိုမာ မပေးခင်မှာ Project လုပ်ရပါတယ်။ စုပေါင်းညီညွတ်မှုနဲ့ လုပ်ခဲ့ရတဲ့ ပရောဂျက်ကလေးကတော့ အဆင့်မှီတယ် ပြောရမလားဘဲ.. ဆု ရခဲ့ပါသေးတယ်။