တောင်အာဖရိကနိုင်ငံမှ အမျိုးသမီးတစ်ယောက်က anti- rape ကွန်ဒုံးကို တီထွင်လိုက်လေသည်။
တောင်အာဖရိကမှာ မုဒိမ်းမှုတွေက များလွန်းတော့ သူလည်း ကြံမိကြံရာ ကြံလိုက်တယ်နဲ့ တူပါတယ်။

Rapex

အဆိုပါ ကွန်ဒုံးကို Rape-aXe ဟုခေါ်လေသည်။ အမျိုးသမီးသုံး ကွန်ဒုံးတစ်ခုဖြစ်ပြီး အတွင်းဘက်၌ ဆူးချွန်များကို
ထည့်သွင်းပေးထားသည်။အဆိုပါ ကွန်ဒုံးကို အမျိုးသမီးမှ ဓမ္မတာလာစဉ် အသုံးပြုသည့် tampon ကဲ့သို့ပင် vagina အတွင်းသို့ ထည့်ပြီး
သုံးရမည်ဖြစ်သည်။ အကယ်၍ မုဒိမ်းကောင်က ကိုယ့်ကို ကျူးလွန်ဖို့ ကြံစည်ပါက သူ၏ လိင်တံသည် ဆူးချွန်များတွင် စိုက်မိပြီး နာကျင်စေမည်ဖြစ်သည်။ ထို့ကြောင့် လိင်တံကို ပြန်ချွတ်လိုက်ပါက လိင်တံနှင့်အတူ ပါသွားမည်ဖြစ်သည်။ ထိုအချိန်တွင် အမျိုးသမီးအတွက် ထွက်ပြေးဖို့ အခွင့်အရေးရမည် ဖြစ်သည်။ အဆိုပါ ကွန်ဒုန်းကို ဒီအတိုင်း ဖယ်၍မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မည်ဖြစ်သည်။ ထိုအခါ ဆေးရုံ ဆေးခန်းမှနေ၍ စောင့်ဖမ်းနိုင်မည် ဖြစ်သည်။ ထို့အပြင် အဆိုပါ ကွန်ဒုံးကြောင့်ဖြစ်သော ဒဏ်ရာကို သက်သေအဖြစ် တရာရုံးသို့ တင်သွင်းနိုင်မည် ဖြစ်သည်။

About intro

Lionel Intro has written 162 post in this Website..