ဝီကီလိခ် ဂယက် -Hackers launch cyber attacks after WikiLeaks’ funding cut

ဂ်စ္စူDecember 9, 20103min670

Operation PayBack က အမေရိကန် ခရက်ဒစ် ကဒ် ကုမ္ပဏီများ ကို စတင် တိုက်ခိုက်နေပြီဖြစ်ရာ
ထိုကဒ်များ ၏ ဝန်ဆာင်မှု များ ရပ်တန် ့ကုန်ပြီ ဖြစ်သည်။

ဝီကီလိခ် ၏ ငွေကြေးများ ကို လွှဲပြောင်းမပေး ဘဲထိန်းချုပ် ထားသည့် မာစတာ နှင့် ဗီဇာ ခရက်ဒစ် ကဒ်များ ကို DDoS တိုက်ခိုက်မှု အား ဂျူလီယန် အဆန်း အား ထောက်ခံသူများ က ယနေ ့မနက် လင်းအားကြီး အချိန် မှ စ၍ အကြိမ် တစ်သောင်း ကျော် တိုက်ခိုက် ခဲ့ရာ အမေရိကန် အွန်လိုင်း ငွေကြေးဝန်ဆောင်မှုသမိုင်း တစ်လျှောက် အဆိုးရွား ဆုံး အခြေအနေ နှင့် ကြုံတွေ နေ ရသည်။ ပုံတွင် တွေ ့ရသည် မှာ ငါ့ ပိုက်ဆံ ပြန်ပေး စစ်ဆင်ရေး ၏ လိုဂို ဖြစ်သည်။

လက်ရှိအာဏာရ ပါတီ က အဆင့်မြင့် ပညာရေး ကျောင်းလခများ တိုးမြှင့် ကောက်ခံ သဖြင့် ယနေ ့မနက် လင်းအားကြီး အချိန်မှ စ၍ အင်္ဂလန် နိုင်ငံတဝှမ်းရှိ တက္ကသိုလ် ကျောင်းများ ကဆန္ဒပြပွဲများ စတင်သည်။ ယခု ထို ဆန္ဒပြ ပွဲများ သည် ဝီကီလိခ် တည်ထောင်သူ ကို ပြန်လည် လွှတ်ပေးရန် အသွင်း ပြောင်းသွားပြီ ဖြစ်သည်။

ဂျူလီယန် အဆန်ငယ် ကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုသူများ လန်ဒန် တွင် ဆန္ဒပြနေစဉ်

ဂျူလီယန် အဆန်ငယ် ကို ထောက်ခံ ဆန္ဒပြပွဲ များ ကြောင့် ဥရောပ မြို ့များတွင် လုံခြုံရေး များတိုးမြှင့် ချထားရသည်။

ဆွီဒင် အစိုးရ ဝဘ်ဆိုတ်များ ၊လန်ဒန် တရားရေး ဌာန ဝဘ်ဆိုတ်များ အပြင် ဆာရာပါလင်း ၊ အမတ် ဂျိူးဆက်(ဖ) ဘီဒင် တို ့၏ ဝဘ်ဆုတ်များ လည်း တိုက်ခိုက်ခံရသည် ။ပုံတွင် တွေ ့ရသည် မှာ ဂျူလီယန် အဆန်း ကို တင်ဆောင် လာသည့် မော်တော်ကား အား သတင်းထောက်များ က ဓာတ်ပုံရိုက် ယူနေ ပုံဖြစ်သည်။

အမေရိကန် အစိုးရ ဝန်ထမ်းများ မူရင်း ဝီကီလိခ် ဖတ်လျှင် အလုပ်ထုတ်ခံရမည်ဖြစ်သည်။

ဝီကီလိခ် က၎င်းတို ့၏ ကြေးနန်း များ အား ပုံတွင် တွေ ့ရသည့် သတင်းစာများ သို ့အခမဲ့ ဖြန် ့ဝေပေးထားသည်။ Photo : BBC

Source:Freedom News Group

Hackers launch cyber attacks after WikiLeaks’ funding cut

Hackers claimed Wednesday to have attacked the websites of Mastercard and a Swiss bank in revenge for their decisions to choke off funding for whistleblowing website WikiLeak.

Bangkok Post

ဝီကီလိခ် (WikiLeaks) အင်တာနက် ဝက်ဘ်ဆိုက်ကို အားပေးထောက်ခံကြတဲ့ အင်တာနက် ထိုးဖောက်ဝင်ရောက်သူ Hackers တွေက အင်တာနက်စစ်ပွဲ ဆင်နွှဲဖို့ ကြေညာလိုက်ကြပါတယ်။

အချေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ ဝီကီလိခ် ဝက်ဘ်ဆိုက်အတွက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ပေးဖို့ ငြင်းဆန်ခဲ့ကြတာကို တုံ့ပြန်တဲ့ အနေနဲ့ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ Hackers တွေက နာမည်ကျော် Credit အကြွေးကတ် ကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တဲ့အထိ ထိုးနှက် တိုက်ခိုက်ခဲ့ကြတာပါ။

အကြွေးဆပ်တဲ့ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ တိုက်ခိုက်မှုရဲ့ နောက်တဆင့်အဖြစ်နဲ့ Visa အကြွေးကတ် ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ဖို့ လက်နက်တွေ အသင့်ပြင်ထားကြဆိုပြီး အမည်မသိ အဖွဲ့အဖြစ် အမည်ပေးထားတဲ့ ဒီအုပ်စုက Twitter အင်တာနက် ဝက်ဘ်ဆိုက်ပေါ်မှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။

အချက်အလက် တောင်းခံမှုတွေ စုပြုံဝင်ရောက်လာပြီး ဗုဒ္ဓဟူးနေ့ တနေ့လုံးနီးပါး လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တဲ့အထိ MasterCard အကြွေးကုမ္ပဏီကို တိုက်ခိုက်မှုဟာလည်း သူတို့လက်ချက် ဖြစ်တယ်လို့ ဒီအုပ်စုကပဲ ပြောဆိုခဲ့တာပါ။

အမေရိကန် သံတမန် ဆက်သွယ်မှု လျှို့ဝှက်မှတ်တမ်းတွေကို ဖွင့်ချခဲ့တဲ့အတွက် နိုင်ငံရေးအရ အပြင်းအထန် ဖိအားပေး ခံနေရစဉ် Visa နဲ့ Master Card ကုမ္ပဏီတွေက ဝီကီလိခ်ကို လှူဒါန်းနေတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတော့မှာ မဟုတ်တဲ့အကြောင်း ကြေညာခဲ့ကြပါတယ်။

ဝီကီလိခ်က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက် စာတစောင်ထဲမှာတော့ ဒီနှစ် ၂၀၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလထဲမှာတုန်းက MasterCard နဲ့ Visa အကြွေးကတ်ပြား ကုမ္ပဏီတွေရဲ့ ကိုယ်စားအဖြစ်နဲ့ ရုရှားနိုင်ငံက အသစ်ပြဋ္ဌာန်းဖို့ ရှိနေတဲ့ ဥပဒေက ဒီလုပ်ငန်းတွေကို မထိခိုက်စေရေး အမေရိကန် တာဝန်ရှိသူတွေက ကြားဝင်စေ့စပ်ခဲ့ဖူးကြောင်း ဖော်ပြခဲ့တာပါ။

Source:VOA-http://www.voanews.com/burmese/news/wikileaks-hackers-111564404.html