အရက်ဖြတ်ဆေးကို နားမလည်ဘဲ သောက်ပြီး အရက်သောက်ပါက ၅ မိနစ်အတွင်း သေနိုင်

cobraDecember 9, 20101min1134

ပြင်ပဆေးဆိုင်များတွင် အရက်ဖြတ်ဆေးကို နားမလည်ဘဲ ဝယ်သောက်ပြီး အရက်သောက်ပါက ဆေးတွင်ပါဝင်သော ပါရယ်ဒီဟိုက် (Paraldehyde) ဓာတ်သည် အရက်နှင့်မတည့်သောကြောင့် ၅ မိနစ်အတွင်း သေနိုင်ကြောင်း ဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ဒေါက်တာဇေယျာမင်းက ပြောသည်။ ခန္ဓာကိုယ်အတွင်းသို့ ပါရယ် ဒီဟိုက်ဓာတ်များရှိနေချိန်တွင် အရက်နှင့်ထိတွေ့ပါက ရင်တုန်လာကာ အသက်ရှူကျပ်လာခြင်း၊ ခေါင်းများကွဲ ထွက်မတတ်ကိုက်ခြင်းနှင့် သွေးပေါင် အပြည့် ကျခြင်းတို့ြ့ဖစ်ကာ အချိန်အနည်းငယ်အတွင်း သေဆုံးမည်ဖြစ်ကြောင်း သိရသည်။ ”တချို့အိမ်ထောင်သည်တွေ ရှိတယ်။ ယောက်ျားမသိအောင် အရက်ဖြတ်ဆေးကို ဆေးဆိုင်မှာ မေးဝယ်ပြီးတော့ အစားအသောက်ထဲ ထည့်ကျွေးတယ်။ ယောက်ျားက မသိဘူး။ အရက်သောက်ချိန် ရောက်တော့ သွားသောက်တယ်။ အရက်နဲ့ဆေး တွေ့တော့ သေရော။ လမ်းဘေးမှာ သေသွားတာတွေရှိတယ်” ဟု အထက်ပါ ဆရာဝန်က ဆိုသည်။ အရက်ကိုစွဲလမ်းစွာသောက် သူများအနေဖြင့် အရက်ဖြတ်မည် ဆိုပါက ကျွမ်းကျင်သောဆရာဝန် များနှင့် ပြကာ ကုသသင့်ကြောင်း၊ ယင်းအရက်ဖြတ်ဆေးများမှာ အသည်းကောင်းမကောင်း စစ်ဆေးပြီး အသည်းကောင်းမှသာ အတိုင်း အဆဖြင့် ခံနိုင်ရည်ရှိမရှိ ဖြည်းဖြည်းချင်းတိုက်ရကြောင်း သိရသည်။ ယင်းဆေးများသည် အသည်းကို ထိခိုက်နိုင်သည့်အတွက် ကြာရှည်အရက်စွဲ သောက် သူများမှာ အသည်းတွင်ထိခိုက်မှုတစ်ခုခု ဖြစ် နေပြီး အရက်ဖြတ်ဆေးသောက်လိုက်သည့်အခါ အသည်းမှာ ပိုမို ပျက်စီးမည်ဖြစ်သည်။ ”ဆရာဝန်တွေက အရက်ဖြတ် ဖို့လာပြတဲ့ လူနာဟာ ဘယ်အဆင့်ရောက်ပြီဆိုတာ သိတယ်။ ဆေးတိုက်ပြီးတဲ့အခါ အရက်ကို သောက်ခိုင်းတယ်။ အသက်ရှူကျပ်၊ ရင်တုန်၊ ခေါင်းကိုက်၊ မူးမိုက်လက္ခ ဏာတွေဖြစ်လာတဲ့အခါ အရက်ကို သောက်ဦးမလားဆိုပြီး မေးတယ်။ လူနာက လက်မခံနိုင်တော့ဘူး ဆိုတဲ့အချိန်မှာ ဖြေဆေးကို ထိုးပေးတယ်။ လူနာကအရက်ကို ကြောက်လာတယ်။ အဲဒီလိုနည်းနဲ့ဖြတ်တာ။ အပြင်မှာဝယ်သောက်ရင် ဖြေဆေးဘာမှန်းမသိတာ။ အသက်ဆုံးရှုံးတာပေါ့” ဟု ဒေါက်တာ ဇေယျာမင်းက ဆိုသည်။ ပြင်ပဆေးဆိုင်မှ အရက်ဖြတ် ဆေးဝယ်သောက်ခြင်းသည် အသည်းကောင်းမကောင်းကို မသိနိုင်သည့်အပြင် ဆေးတိုက်ရမည့် အချိန်၊ ပမာဏတို့ကို မသိနိုင်သော ကြောင့် ယင်းကဲ့သို့ ဝယ်သောက် ခြင်းသည် အသက်ဆုံးရှုံးမှုသာ ဖြစ် နိုင်သောကြောင့် ဆရာဝန်နှင့်သာ ပြသ၍ အရက်ဖြတ်သင့်ကြောင်း ၎င်းက ထပ်လောင်းအကြံပြု သည်။

4 comments

  • ဆူး

    December 9, 2010 at 9:32 am

    တင်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်

  • unclegyi1974

    December 9, 2010 at 3:09 pm

    ကဲ အရက်ကြိုက်တဲ့ကိုကို များသေချာလေး
    ဖတ်ပြီး ကျေးဇူးတင်ထိုက်သူကိ်ု ကျေးဇူး
    တင်ကြောင်းလေးတော့ပြောကြနော်

  • etone

    December 10, 2010 at 4:07 am

    အရက်ဖြတ်တဲ့လူတွေတွေ့ဖူးတယ် … မနာမကျင်ပဲဖြတ်လို့ရတဲ့နည်းလည်း ရှိတယ်။ ဆေးတော့ တစ်ပတ်လောက်သောက်ရတယ် .. အရမ်းအသည်းသန်ဖြစ်နေတဲ့လူကျတော့လည်း ဆေးကိုလိုအပ်သည်အထိသောက်ရတယ် ..။ အထူးသဖြင့် ဆိုက်ကားသမားတွေနဲ့ အလုပ်ကြမ်းသမားတွေ အရက်သောက်တာများတယ် အရက်ပြင်း၊ ပေါစားအရက်တွေကို ပင်ပန်းဒဏ်ခံရတာ သက်သာအောင် သောက်ရင်းက စွဲသွားပြီး အရက်ရဲ့ကျေးကျွန်တွေဖြစ်ကုန်တာ ။ အရက်ဖြတ်မယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ဆေးရုံတွေမှာသာဖြတ်သင့်ကြောင်း အကြံပြုချင်ပါတယ် ။ ကွမ်းယာဆိုင်တို့ ဆေးဆိုင်တို့ဆိုတာ ဆေးရောင်းသာရောင်းလိုက်တာပါ … သေချာ ရှင်းပြ ပြောပြပေးမှာမဟုတ်ပဲ တစ်ခုခု တိမ်းစောင်းသွားလို့ ပြန်သွားပြောရင်တောင် ကိုယ်ကပြန်အဆဲခံရမဲ့ အခြေနေမျိုးမို့ပါ ။

  • char too lan

    December 10, 2010 at 7:18 am

    သိထားသင့်တဲ့အချက်ပါပဲ ကျေးဇူးတင်ပါတယ်ဗျာ

Leave a Reply